မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေဖို့ Out Door Adventure အကယ်ဒမီကျောင်းကို မြန်မာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေဟု ဆို

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေဖို့ Out Door Adventure အကယ်ဒမီကျောင်းကို မြန်မာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေဟု ဆို

ရေမြေတောတောင် သဘာဝအခြေခံသည့် အားကစားနည်းများ ထွန်းကားလာစေဖို့နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေဖို့ကို ရည်ရွယ်၍ Out Door Adventure အကယ်ဒမီကျောင်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ Out Door Adventure Myanmar အဖွဲ့ခေါင်းဆောင် ကိုဝင်းကိုကို က ပြောပါတယ်။

“သဘာဝရေမြေ တောတောင်ကို အခြေခံပြီး စွန့်စားလုပ်ရတဲ့ အားကစားနည်းတွေ ကျနော်တို့နိုင်ငံမှာ ဖွံ့ဖြိုးလာအောင်လုပ်မယ်။မျိုးဆက်သစ် လူငယ်အားကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် အကယ်ဒမီကျောင်းလေးတစ်ခု ဖွင့်မယ်၊ သင်တန်းတွေပေးဖို့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။ဒီအကယ်ဒမီကျောင်းဟာ ဖြစ်ထွန်းလာရင် အရှေ့တောင်အာရှမှာ ပထမဦးဆုံး Out Door Adventure ကျောင်း ဖြစ်ပါမယ်။ပြောရရင် အရှေ့တောင်အာရှမှာ ဟိမoန္တာကနေ ပင်လယ်အထိကို ပိုင်တာက ကျနော်တို့တစ်နိုင်ငံဘဲ ရှိပါတယ်။ကျနော်တို့နိုင်ငံမှာ ရေခဲတောင်တွေလည်း ရှိတယ်၊ ဒါကြောင့် Out Door Adventure အားကစားနည်းနဲ့ ပတ်သက်တဲ့ ကဏ္ဍအစုံအလင်ကို  ကျနော်တို့နိုင်ငံမှာ အကုန်လုပ်လို့ရပါတယ်။ဒီအကယ်ဒမီကျောင်းကြီးကိုလည်း ကျနော်တို့ သူငယ်ချင်းတွေအားလုံး စုစည်းပြီးတော့ လုပ်မှာဖြစ်ပါတယ်။နောက်တစ်ခုက Out Door Adventure အားကစားသမားသစ်တွေ ပေါ်ထွန်းလာဖို့ ဆယ့်သုံး၊ ဆယ့်လေး အရွယ်ကစလို့ပေါ့လေ ထရိန်နင်တွေပေးမယ်၊ စိတ်ဓါတ်ပိုင်းရော ကိုယ်ကာယပိုင်းရော ကျွမ်းကျင်တဲ့ နည်းစနစ်တွေလုပ်မယ်၊ ဒါကို ကျနော်တို့ အခြေခံပညာကျောင်းတွေကနေ စမယ် ကျန်းမာရေးနှင့် အားကစားရေး ဝန်ကြီးဌာနက စမယ်၊ ပူးပေါင်းဖို့ လုပ်ပါမယ်။အခြားသော ဝန်ကြီးဌာနတွေနဲ့လည်း ကျနော်တို့ ပူးပေါင်းချိတ်ဆက်ပြီးတော့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အားလုံးကပူးပေါင်းပြီး ဒီကဏ္ဍကို မြှင့်တင်ဖို့လိုပါတယ်။နောင်မျိုးဆက်သစ်တစ်ခုမှာ Out Door Adventure လူမျိုးဆက်သစ် အားကစားသမားတွေ ပေါ်ထွက်လာဖို့ သဘာဝရေမြေ တောတောင်တွေကို ကျွမ်းကျင်တဲ့ မျိုးဆက်သစ်တစ်ခု ဖြစ်ထွန်းလာဖို့ ကျနော်တို့ ရည်ရွယ်ပါတယ်။ဒီလိုမျိုးဆက်သစ်တွေ ဖြစ်ထွန်းလာရင် တိုင်းပြည်အတွက် အဖိုးအဖြတ်နိုင်တဲ့ ရတနာပါ။ကျနော်တို့အနေနဲ့ ဒါကို အဓိကထားပြီးလုပ်မယ်၊ ဒီလိုလူငယ်တွေ ပေါ်ထွက်လာဖို့ ကြိုးစားမယ်၊ ဒီလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ လူငယ်တွေ ပေါ်ထွက်လာမယ်၊ ဒီအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ရေမြေတောတောင် သဘာဝကို သူ့ဘာသူ့ အလိုလိုထိန်းသိမ်းပြီးသားလည်း ဖြစ်ပါတယ်။” လို့ ကိုဝင်းကိုကို က ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံတွင် သဘာဝကို အခြေခံတဲ့ စွန့်စားခရီးသွား အားကစားနည်းများ ဖွံ့ဖြိုးလာစေဖို့နှင့် Out Door Adventure ဇုန်များကို ဖော်ထုတ်ဖို့အတွက် မြန်မာပြည် မြောက်ဖျားအစွန်ဆုံး တဟွမ်ဒမ်ရွာမှ တောင်ဖက်အစွန်ဆုံး ကော့သောင်းမြို့အထိ ရက် ၉၀ ကြာ စက်ဘီးစီးခရီးစဉ်ကိုလည်း ယခုဒီဇင်ဘာလအတွင်းမှာ Out Door Adventure Myanmar အဖွဲ့မှ ကိုဝင်းကိုကို နှင့် အားကစားသမားနှစ်ဦးက ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
Photo Credit  - Win Ko Ko (Fb)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

ေရေျမေတာေတာင္ သဘာဝအေျခခံသည့္ အားကစားနည္းမ်ား ထြန္းကားလာေစဖို႔ႏွင့္ မ်ိဳးဆက္သစ္ လူငယ္အားကစားသမားမ်ား ေပၚထြက္လာေစဖို႔ကို ရည္႐ြယ္၍ Out Door Adventure အကယ္ဒမီေက်ာင္းကို ျမန္မာႏိုင္ငံတြင္ ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ Out Door Adventure Myanmar အဖြဲ႕ေခါင္းေဆာင္ ကိုဝင္းကိုကို က ေျပာပါတယ္။

“သဘာဝေရေျမ ေတာေတာင္ကို အေျခခံၿပီး စြန႔္စားလုပ္ရတဲ့ အားကစားနည္းေတြ က်ေနာ္တို႔ႏိုင္ငံမွာ ဖြံ႕ၿဖိဳးလာေအာင္လုပ္မယ္။မ်ိဳးဆက္သစ္ လူငယ္အားကစားသမားေတြ ေပၚထြက္လာဖို႔အတြက္ အကယ္ဒမီေက်ာင္းေလးတစ္ခု ဖြင့္မယ္၊ သင္တန္းေတြေပးဖို႔ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမယ္။ဒီအကယ္ဒမီေက်ာင္းဟာ ျဖစ္ထြန္းလာရင္ အေရွ႕ေတာင္အာရွမွာ ပထမဦးဆုံး Out Door Adventure ေက်ာင္း ျဖစ္ပါမယ္။ေျပာရရင္ အေရွ႕ေတာင္အာရွမွာ ဟိမoႏၲာကေန ပင္လယ္အထိကို ပိုင္တာက က်ေနာ္တို႔တစ္ႏိုင္ငံဘဲ ရွိပါတယ္။က်ေနာ္တို႔ႏိုင္ငံမွာ ေရခဲေတာင္ေတြလည္း ရွိတယ္၊ ဒါေၾကာင့္ Out Door Adventure အားကစားနည္းနဲ႔ ပတ္သက္တဲ့ က႑အစုံအလင္ကို  က်ေနာ္တို႔ႏိုင္ငံမွာ အကုန္လုပ္လို႔ရပါတယ္။ဒီအကယ္ဒမီေက်ာင္းႀကီးကိုလည္း က်ေနာ္တို႔ သူငယ္ခ်င္းေတြအားလုံး စုစည္းၿပီးေတာ့ လုပ္မွာျဖစ္ပါတယ္။ေနာက္တစ္ခုက Out Door Adventure အားကစားသမားသစ္ေတြ ေပၚထြန္းလာဖို႔ ဆယ့္သုံး၊ ဆယ့္ေလး အ႐ြယ္ကစလို႔ေပါ့ေလ ထရိန္နင္ေတြေပးမယ္၊ စိတ္ဓါတ္ပိုင္းေရာ ကိုယ္ကာယပိုင္းေရာ ကြၽမ္းက်င္တဲ့ နည္းစနစ္ေတြလုပ္မယ္၊ ဒါကို က်ေနာ္တို႔ အေျခခံပညာေက်ာင္းေတြကေန စမယ္ က်န္းမာေရးႏွင့္ အားကစားေရး ဝန္ႀကီးဌာနက စမယ္၊ ပူးေပါင္းဖို႔ လုပ္ပါမယ္။အျခားေသာ ဝန္ႀကီးဌာနေတြနဲ႔လည္း က်ေနာ္တို႔ ပူးေပါင္းခ်ိတ္ဆက္ၿပီးေတာ့လည္း လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္၊ အားလုံးကပူးေပါင္းၿပီး ဒီက႑ကို ျမႇင့္တင္ဖို႔လိုပါတယ္။ေနာင္မ်ိဳးဆက္သစ္တစ္ခုမွာ Out Door Adventure လူမ်ိဳးဆက္သစ္ အားကစားသမားေတြ ေပၚထြက္လာဖို႔ သဘာဝေရေျမ ေတာေတာင္ေတြကို ကြၽမ္းက်င္တဲ့ မ်ိဳးဆက္သစ္တစ္ခု ျဖစ္ထြန္းလာဖို႔ က်ေနာ္တို႔ ရည္႐ြယ္ပါတယ္။ဒီလိုမ်ိဳးဆက္သစ္ေတြ ျဖစ္ထြန္းလာရင္ တိုင္းျပည္အတြက္ အဖိုးအျဖတ္ႏိုင္တဲ့ ရတနာပါ။က်ေနာ္တို႔အေနနဲ႔ ဒါကို အဓိကထားၿပီးလုပ္မယ္၊ ဒီလိုလူငယ္ေတြ ေပၚထြက္လာဖို႔ ႀကိဳးစားမယ္၊ ဒီလို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းတဲ့ လူငယ္ေတြ ေပၚထြက္လာမယ္၊ ဒီအားကစားနည္း ဖြံ႕ၿဖိဳးတိုးတက္လာမယ္ဆိုရင္ ေရေျမေတာေတာင္ သဘာဝကို သူ႔ဘာသူ႔ အလိုလိုထိန္းသိမ္းၿပီးသားလည္း ျဖစ္ပါတယ္။” လို႔ ကိုဝင္းကိုကို က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္ သဘာဝကို အေျခခံတဲ့ စြန႔္စားခရီးသြား အားကစားနည္းမ်ား ဖြံ႕ၿဖိဳးလာေစဖို႔ႏွင့္ Out Door Adventure ဇုန္မ်ားကို ေဖာ္ထုတ္ဖို႔အတြက္ ျမန္မာျပည္ ေျမာက္ဖ်ားအစြန္ဆုံး တဟြမ္ဒမ္႐ြာမွ ေတာင္ဖက္အစြန္ဆုံး ေကာ့ေသာင္းၿမိဳ႕အထိ ရက္ ၉၀ ၾကာ စက္ဘီးစီးခရီးစဥ္ကိုလည္း ယခုဒီဇင္ဘာလအတြင္းမွာ Out Door Adventure Myanmar အဖြဲ႕မွ ကိုဝင္းကိုကို ႏွင့္ အားကစားသမားႏွစ္ဦးက ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
Photo Credit  - Win Ko Ko (Fb)
ရန္ကုန္၊ ဒီဇင္ဘာ - ၂၁