မြန်မာနိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေမည့် လက်နက်ဥပဒေ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ အသစ်ပြန်လည်ရေးဆွဲ။

မြန်မာနိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေမည့် လက်နက်ဥပဒေ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ အသစ်ပြန်လည် ရေးဆွဲ။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှု ရှိစေရန် အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျှက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူမှ ပြောကြားခဲ့ပါတယ်။ယနေ့ ပြုလုပ်သည့် ဒုတိယအကြိမ်၊ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် မိုင်းရှုး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးမှ ရှမ်းပြည်နယ် တွင် လက်နက် နှင့် သက်ဆိုင်သော ဥပဒေများ အား မည်သို့  ကျင့်သုံးလျှက် ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော် တစ်ဝှမ်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေ တစ်ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အသစ်ရေးဆွဲ ပြဌာန်းသွားရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းခြင်းအပေါ်  ပြန်လည်ဖြေကြား  ရာမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးလျှက်ရှိနေတဲ့လက်နက်နဲ့သက်ဆိုင်တဲ့ ဥပဒေများအား လက်ရှိ အခြေအနေများနှင့် ကိုက်ညီမှု ရှိသော် လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေအသစ်ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျှက်ရှိပါတယ်”ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူမှပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျှက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများ၊ စည်းမျဉ်း ဥပဒေများ နှင့်အမိန့်များမှာ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ၁၈၉၅ ခုနှစ်၊ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများ ဆိုင်ရာဥပဒေ၊ ၁၉၂၄ခုနှစ်၊ ရှမ်ပြည်နယ် လက်နက် အမိန့်၊၁၉၄၈ ခုနှစ်၊ ချင်းပြည်နယ်လက်နက် ဆိုင်ရာပြဌာန်းချက်များ၊၁၉၄၉ ခုနှစ်လက်နက် အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေနှင့်နှင့် ၁၉၅၁ ခုနှစ်လက်နက်ယာယီပြင်ဆင်ချက်ဖြစ်ကြောင်း “ ဒုတိယဝန်ကြီးမှထည့်သွင်းပြောကြားခဲ့ပါတယ်။

ယင်းအပြင်ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူမှရှမ်းပြည်နယ်တစ်ဝှမ်းလုံး အစိုးရပိုင် (သို့မဟုတ်) ဥပဒေအရ ကိုင်ဆောင်ခွင့် ရှိသူ ပိုင်လက်နက်ခဲယမ်းများ ခိုးယူလျှင် (သို့မဟုတ်) ခိုးယူရန် ကြံစည်လျှင်၊ သို့မဟုတ် ရောင်းချလျှင် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရလည်းကောင်း၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ရန် အကြံအစည်ဖြင့် သေနတ်ကျည်များ၊ ပေါက်ကွဲ စေတက်သောပစ္စည်းများ ကျည်များ လက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက်အက်ဥပဒေအရလည်း ကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယင်းသို့မေးမြန်းဖြေကြားချက်များနှင့်ပတ်သက်၍လွှတ်တော်အစည်းအဝေးအပြီးသတင်းမီဒီယာသမား များနှင့်တွေ့ဆုံရာ “ကျနော်တို့ ရှမ်းပြည်နယ်မှာ ကျင့်သုံးနေတဲ့ လက်နက်နဲ့ဆိုင်တဲ့ ဥပဒေတွေက ကိုလိုနီခတ်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကိုး။ ကိုလိုနီအစိုရရဲ့ နိုင်ငံရေးရည်ရွယ်ချက်အရ ပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ အဲ့ဒီတော့ လက်နက်နဲ့ ပက်သက်တဲ့ ဥပဒေတွေကို ခတ်နဲ့ လျှော်ညီအောင် ပြုပြင်ဖို့လိုပါတယ်။ ခုခတ်ကာ လမှာ ဒီလို ဥပဒေတွေနဲ့ ဖိနှိပ်တာတွေ မရှိသင့်တော့ဘူး။ ပြည်ထဲရေးကလည်း ရေးဆွဲမယ်လို့ ဖြေကြားတယ်။ သူတို့ဆွဲလာတဲ့ ဥပဒေအပေါ်မူတည်ပြီး ပြည့်စုံလုံလောက်မှုရှိ၊ မရှိဆန်းစစ်ရမှာပေါ့ ”ဟု မိုင်းရှုး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအေးမှဦးစိုင်းထွန်းအေးမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၅

(  Zawgyi  )

 ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ တစ္ေျပးညီ အာဏာသက္ေရာက္မႈ ရွိေစရန္ အတြက္ လက္နက္ဥပေဒအသစ္ ကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေရးဆြဲလွ်က္ ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူမွ ေျပာၾကားခဲ့ပါတယ္။ယေန႔ ျပဳလုပ္သည့္ ဒုတိယအႀကိမ္၊ျပည္သူ႔လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး စတုတၳေန႔ အစီအစဥ္တြင္ မိုင္းရႈး မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအးမွ ရွမ္းျပည္နယ္ တြင္ လက္နက္ ႏွင့္ သက္ဆိုင္ေသာ ဥပေဒမ်ား အား မည္သို႔  က်င့္သုံးလွ်က္ ရွိသည္ကို ရွင္းလင္းစြာ ေျဖၾကားေပးရန္ႏွင့္ ႏိုင္ငံေတာ္ တစ္ဝွမ္းလုံး တစ္ေျပးညီ အာဏာသက္ေရာက္ေစမည့္ လက္နက္ႏွင့္ သက္ဆိုင္ေသာ ဥပေဒ တစ္ရပ္ကို သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားက အသစ္ေရးဆြဲ ျပဌာန္းသြားရန္ အစီအစဥ္ရွိ၊မရွိ ေမးျမန္းျခင္းအေပၚ  ျပန္လည္ေျဖၾကား  ရာမွာ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ျမန္မာႏိုင္ငံမွာလက္ရွိက်င့္သုံးလွ်က္ရွိေနတဲ့လက္နက္နဲ႔သက္ဆိုင္တဲ့ ဥပေဒမ်ားအား လက္ရွိ အေျခအေနမ်ားႏွင့္ ကိုက္ညီမႈ ရွိေသာ္ လည္း ရွမ္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ တစ္ေျပးညီ အာဏာသက္ေရာက္မႈရွိေစရန္ လက္နက္ဥပေဒအသစ္ကို ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က ေရးဆြဲလွ်က္ရွိပါတယ္”ဟု ျပည္ထဲေရးဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူမွေျပာၾကားခဲ့ပါတယ္။

“ ျမန္မာႏိုင္ငံတြင္ လက္ရွိက်င့္သုံးလွ်က္ရွိသည့္ လက္နက္ႏွင့္ သက္ဆိုင္ေသာ ဥပေဒမ်ား၊ စည္းမ်ဥ္း ဥပေဒမ်ား ႏွင့္အမိန႔္မ်ားမွာ၁၈၇၈ ခုႏွစ္ လက္နက္မ်ားအက္ဥပေဒ၊ ၁၈၉၅ ခုႏွစ္၊ကခ်င္ေတာင္တန္းေဒသ မ်ိဳး႐ိုးတူစုမ်ား ဆိုင္ရာဥပေဒ၊ ၁၉၂၄ခုႏွစ္၊ ရွမ္ျပည္နယ္ လက္နက္ အမိန႔္၊၁၉၄၈ ခုႏွစ္၊ ခ်င္းျပည္နယ္လက္နက္ ဆိုင္ရာျပဌာန္းခ်က္မ်ား၊၁၉၄၉ ခုႏွစ္လက္နက္ အေရးေပၚ ျပစ္ဒဏ္စီရင္မႈ ယာယီအက္ဥပေဒႏွင့္ႏွင့္ ၁၉၅၁ ခုႏွစ္လက္နက္ယာယီျပင္ဆင္ခ်က္ျဖစ္ေၾကာင္း “ ဒုတိယဝန္ႀကီးမွထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ေအာင္သူမွရွမ္းျပည္နယ္တစ္ဝွမ္းလုံး အစိုးရပိုင္ (သို႔မဟုတ္) ဥပေဒအရ ကိုင္ေဆာင္ခြင့္ ရွိသူ ပိုင္လက္နက္ခဲယမ္းမ်ား ခိုးယူလွ်င္ (သို႔မဟုတ္) ခိုးယူရန္ ႀကံစည္လွ်င္၊ သို႔မဟုတ္ ေရာင္းခ်လွ်င္ ၁၉၄၉ ခုႏွစ္ လက္နက္အေရးေပၚ ျပစ္ဒဏ္စီရင္မႈ ယာယီအက္ဥပေဒအရလည္းေကာင္း၊ ႏိုင္ငံေတာ္ ပုန္ကန္မႈ က်ဴးလြန္ရန္ အႀကံအစည္ျဖင့္ ေသနတ္က်ည္မ်ား၊ ေပါက္ကြဲ ေစတက္ေသာပစၥည္းမ်ား က်ည္မ်ား လက္ဝယ္ထားရွိလွ်င္ ၁၉၅၁ ခုႏွစ္ လက္နက္ယာယီျပင္ဆင္ခ်က္အက္ဥပေဒအရလည္း ေကာင္း အမႈဖြင့္ အေရးယူေဆာင္႐ြက္လွ်က္ ရွိေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယင္းသို႔ေမးျမန္းေျဖၾကားခ်က္မ်ားႏွင့္ပတ္သက္၍လႊတ္ေတာ္အစည္းအေဝးအၿပီးသတင္းမီဒီယာသမား မ်ားႏွင့္ေတြ႕ဆုံရာ “က်ေနာ္တို႔ ရွမ္းျပည္နယ္မွာ က်င့္သုံးေနတဲ့ လက္နက္နဲ႔ဆိုင္တဲ့ ဥပေဒေတြက ကိုလိုနီခတ္မွာ ျပဌာန္းထားတဲ့ ဥပေဒေတြကိုး။ ကိုလိုနီအစိုရရဲ႕ ႏိုင္ငံေရးရည္႐ြယ္ခ်က္အရ ျပဌာန္းထားတဲ့ ဥပေဒေတြျဖစ္တယ္။ အဲ့ဒီေတာ့ လက္နက္နဲ႔ ပက္သက္တဲ့ ဥပေဒေတြကို ခတ္နဲ႔ ေလွ်ာ္ညီေအာင္ ျပဳျပင္ဖို႔လိုပါတယ္။ ခုခတ္ကာ လမွာ ဒီလို ဥပေဒေတြနဲ႔ ဖိႏွိပ္တာေတြ မရွိသင့္ေတာ့ဘူး။ ျပည္ထဲေရးကလည္း ေရးဆြဲမယ္လို႔ ေျဖၾကားတယ္။ သူတို႔ဆြဲလာတဲ့ ဥပေဒအေပၚမူတည္ၿပီး ျပည့္စုံလုံေလာက္မႈရွိ၊ မရွိဆန္းစစ္ရမွာေပါ့ ”ဟု မိုင္းရႈး မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးစိုင္းထြန္းေအးမွဦးစိုင္းထြန္းေအးမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ ၅