မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲစစ်ဆးအတည်ပြုမှုအား ဖေဖော်ဝါရီ ၁၉ ရက်နောက်ပိုင်းတွင် စတင်နိုင်မည်

မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲစစ်ဆးအတည်ပြုမှုအား ဖေဖော်ဝါရီ ၁၉ ရက်နောက်ပိုင်းတွင် စတင်နိုင်မည်

မြန်မာနိုင်ငံတွင်ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆးအတည်ပြုမှုအား ဖေဖော်ဝါရီ ၁၉ ရက်နောက်ပိုင်းတွင် စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကမှပြောပါတယ်။ ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်တွင် ဒလမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးမှ၂၀၁၉Novel Coroavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နှင်းရန် အတွက် ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက် နည်းပါးစေရန် နိုင်ငံတော် အစိုးရမှ မည်ကဲ့သို့ စီမံဆောင်ရွက် ပေးထား သည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးမြန်းမှုနှင့် ပတ်သက်၍ပြန်လည်ဖြေကြားရာတွင် ယခုလို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“ဖေဖော်ဝါရီ ၁၉၊ ၂၀ ၊ ၂၁ မှာ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါ ဟုတ် မဟုတ်ဆိုတာ စမ်းလို့ ရပါပြီ။ ဒီဟာ ကလည်း နောက်မကျပါဘူး။ ကျွန်တော်တို့ အမျိုးသား ဓာတ်ခွဲခန်းမှာ ရှိတဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က အစ ညွှန်ကြားရေးမှူးတွေက ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဒီစင်တာတွေနဲ့ အမြဲ ဆက်သွယ် ထိတွေ့နေပြီး နောက်ဆုံး အခြေအနတွေနဲ့ up date ဖြစ်အောင် နောက်မကျအောင် အမြဲ လုပ်ပါတယ်။ လက်ရှိမှာတော့ တစ်ကမ္ဘာလုံးမှာ လုပ်နိုင်တဲ့ နေရာ ၁၅ နေရာပဲရှိပါတယ်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ တောင်အာဖရိက၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဆင်နီ ဂယ်၊ ပဲရစ်၊ ယူကေ၊ ရုရှား၊ ယူအက်စ်အေ၊ သြ စတြေးလျ .. ဒီနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မကြာ ခင် လုပ်နိုင်ပါပြီ၊ စလုပ်တဲ့အခါမှာ နမူနာကို အဲဒီ ၁၅ နိုင်ငံထဲက တစ်နိုင်ငံကို ပေးရပါမယ်။ကျွန်တော်တို့ဟာ မှန် လား မှားလား ဆိုတာ Checking လုပ်တဲ့သဘောပါ၊ ဒါကလည်း စလုပ်တဲ့ နိုင်ငံတွေအတွက် ထုံးစံပါ၊ cross checking လုပ်တာပါ ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ပြောကြားခဲ့ပါတယ်။

ယင်းအပြင်ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ “အသေအပျောက်နည်းဖို့ကတော့ကျနော်တို့မှာ အခုချိန်အထိ အတိအကျ ကုထုံးမရှိသေးပါဘူး။ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာ တွေကို ဘဲကြည့်ပြီးတော့သက်သာ အောင်ရတဲ့အဆင့်ဘဲ ရှိပါသေးတယ်။ ကမ္ဘာမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသုတေသနတွေအများကြီးလုပ်တဲ့အခါမှာHIV aids ကိုကုသတဲ့ဆေးဟာ ထိရောက် တယ်လို့ တွေ့နေပါပြီ။ သို့သော်ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု ချက်တော့မရသေးပါဘူး၊ ရမယ်ဆိုယင် ဒီဆေးသုံးမျိုးကို ဆောင်ထားပြီး ပါပြီ။

ဒီမှာကတော့ကျနော်တို့ရဲ့စပါယ်ရှယ်လစ်ကဒါကိုကုဖို့ကျနော်တို့မှာ အရည်အချင်းအပြည့်အဝရှိပါတယ်။ဘယ်နိုင်ငံမှလည်းပို့စရာမလိုပါဘူး၊ပြည်တွင်းမှာအပြည့်လုပ်နိုင်တာရှိပါတယ်”ဟုလည်းပြောကြားခဲ့ပါတယ်။ ယင်းရောဂါကာကွယ်နိုင်ရေး အတွက် နိုင်ငံတော် အစိုးရမှ ဝန်ကြီးဌာနသို့ အရေးပေါ် ရန်ပုံငွေ သိန်း(၃၀၀၀) ပံ့ပိုးထားကြောင်း၊ ပြည်သူများကလည်း ပံ့ပိုးပါကြောင်း ဒီအခြေအနေမှာ မိမိတို့ နိုင်ငံတွင် ရောဂါဖြစ်ပွားသူမတွေ့ ရသေးသော်လည်း စိုးရိမ်ရပါကြောင်း အချိန်မရွေး ဗြုံးကနဲ အများကြီး ပေါ်လာနိုင်တာကို မိမိတို့က သိနေရမှာဖြစ်ပါ ကြောင်း၊ ရောဂါ ဖြစ်လာပါက ချက်ချင်း ကုသနိုင်ဖို့ လိုကြောင်း၊ ကြောက်ရွံ့ပြီး ဟို သည် ရှောင်ပြေးခြင်းမျိုး မလုပ်ကြ ဖို့ ပြောလိုပါကြောင်း၊  ပြည်သူများအား ကျန်းမာရေး အသိပညာပေးမှုက အရေး ကြီး သဖြင့် ထိုအချက်ကိုလည်း အဓိကထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းနှင့် ပြည်နယ် များ ရှိ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနများနှင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက် များမှာ အားရကျေနပ်ဖွယ်ရာ တွေ့ရကြောင်း၊ ယခုအတိုင်း ဆက်ပြီး စနစ်တကျ ပူးပေါင်း ဆေင်ရွက် သွားပါက အခြေအနေ ကောင်းမည်ဟု ထင်မြင်ပါ ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်

(  Zawgyi  )

 ျမန္မာႏိုင္ငံတြင္ကို႐ိုနာ ဗိုင္းရပ္စ္ စစ္ဆးအတည္ျပဳမႈအား ေဖေဖာ္ဝါရီ ၁၉ ရက္ေနာက္ပိုင္းတြင္ စတင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးကမွေျပာပါတယ္။ ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဆ႒မေန႔ အစီအစဥ္တြင္ ဒလမဲဆႏၵနယ္ ကိုယ္စားလွယ္ ေဒါက္တာ စိန္ျမေအးမွ၂၀၁၉Novel Coroavirus ေၾကာင့္ ျဖစ္ပြားေသာ အဆုတ္ေရာင္ေရာဂါ ကာကြယ္ႏွိမ္ႏွင္းရန္ အတြက္ ကူးစက္ျပန႔္ပြားမႈ မရွိေစရန္ႏွင့္ ျဖစ္ပြားလာပါက အထိအခိုက္ အေသအေပ်ာက္ နည္းပါးေစရန္ ႏိုင္ငံေတာ္ အစိုးရမွ မည္ကဲ့သို႔ စီမံေဆာင္႐ြက္ ေပးထား သည္ကိုသိရွိလိုျခင္းႏွင့္ စပ္လ်ဥ္းသည့္ ေမးျမန္းမႈႏွင့္ ပတ္သက္၍ျပန္လည္ေျဖၾကားရာတြင္ ယခုလို ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“ေဖေဖာ္ဝါရီ ၁၉၊ ၂၀ ၊ ၂၁ မွာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီေရာဂါ ဟုတ္ မဟုတ္ဆိုတာ စမ္းလို႔ ရပါၿပီ။ ဒီဟာ ကလည္း ေနာက္မက်ပါဘူး။ ကြၽန္ေတာ္တို႔ အမ်ိဳးသား ဓာတ္ခြဲခန္းမွာ ရွိတဲ့ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ က အစ ၫႊန္ၾကားေရးမႉးေတြက ကမာၻအရပ္ရပ္မွာ ရွိတဲ့ ဒီစင္တာေတြနဲ႔ အၿမဲ ဆက္သြယ္ ထိေတြ႕ေနၿပီး ေနာက္ဆုံး အေျခအနေတြနဲ႔ up date ျဖစ္ေအာင္ ေနာက္မက်ေအာင္ အၿမဲ လုပ္ပါတယ္။ လက္ရွိမွာေတာ့ တစ္ကမာၻလုံးမွာ လုပ္ႏိုင္တဲ့ ေနရာ ၁၅ ေနရာပဲရွိပါတယ္၊ တ႐ုတ္၊ ဂ်ပန္၊ ဂ်ာမနီ၊ ေတာင္အာဖရိက၊ ထိုင္း၊ အိႏၵိယ၊ စင္ကာပူ၊ ဆင္နီ ဂယ္၊ ပဲရစ္၊ ယူေက၊ ႐ုရွား၊ ယူအက္စ္ေအ၊ ၾသ စေၾတးလ် .. ဒီႏိုင္ငံေတြပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မၾကာ ခင္ လုပ္ႏိုင္ပါၿပီ၊ စလုပ္တဲ့အခါမွာ နမူနာကို အဲဒီ ၁၅ ႏိုင္ငံထဲက တစ္ႏိုင္ငံကို ေပးရပါမယ္။ကြၽန္ေတာ္တို႔ဟာ မွန္ လား မွားလား ဆိုတာ Checking လုပ္တဲ့သေဘာပါ၊ ဒါကလည္း စလုပ္တဲ့ ႏိုင္ငံေတြအတြက္ ထုံးစံပါ၊ cross checking လုပ္တာပါ ”ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးမွ ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးမွ “အေသအေပ်ာက္နည္းဖို႔ကေတာ့က်ေနာ္တို႔မွာ အခုခ်ိန္အထိ အတိအက် ကုထုံးမရွိေသးပါဘူး။ျဖစ္ေပၚလာတဲ့ ေရာဂါလကၡဏာ ေတြကို ဘဲၾကည့္ၿပီးေတာ့သက္သာ ေအာင္ရတဲ့အဆင့္ဘဲ ရွိပါေသးတယ္။ ကမာၻမွာေတာ့ဒီကိစၥနဲ႔ပတ္သက္ၿပီးသုေတသနေတြအမ်ားႀကီးလုပ္တဲ့အခါမွာHIV aids ကိုကုသတဲ့ေဆးဟာ ထိေရာက္ တယ္လို႔ ေတြ႕ေနပါၿပီ။ သို႔ေသာ္ကမာၻ႔က်န္းမာေရးအဖြဲ႕က အတည္ျပဳ ခ်က္ေတာ့မရေသးပါဘူး၊ ရမယ္ဆိုယင္ ဒီေဆးသုံးမ်ိဳးကို ေဆာင္ထားၿပီး ပါၿပီ။

 ဒီမွာကေတာ့က်ေနာ္တို႔ရဲ႕စပါယ္ရွယ္လစ္ကဒါကိုကုဖို႔က်ေနာ္တို႔မွာ အရည္အခ်င္းအျပည့္အဝရွိပါတယ္။ဘယ္ႏိုင္ငံမွလည္းပို႔စရာမလိုပါဘူး၊ျပည္တြင္းမွာအျပည့္လုပ္ႏိုင္တာရွိပါတယ္”ဟုလည္းေျပာၾကားခဲ့ပါတယ္။ ယင္းေရာဂါကာကြယ္ႏိုင္ေရး အတြက္ ႏိုင္ငံေတာ္ အစိုးရမွ ဝန္ႀကီးဌာနသို႔ အေရးေပၚ ရန္ပုံေငြ သိန္း(၃၀၀၀) ပံ့ပိုးထားေၾကာင္း၊ ျပည္သူမ်ားကလည္း ပံ့ပိုးပါေၾကာင္း ဒီအေျခအေနမွာ မိမိတို႔ ႏိုင္ငံတြင္ ေရာဂါျဖစ္ပြားသူမေတြ႕ ရေသးေသာ္လည္း စိုးရိမ္ရပါေၾကာင္း အခ်ိန္မေ႐ြး ၿဗဳံးကနဲ အမ်ားႀကီး ေပၚလာႏိုင္တာကို မိမိတို႔က သိေနရမွာျဖစ္ပါ ေၾကာင္း၊ ေရာဂါ ျဖစ္လာပါက ခ်က္ခ်င္း ကုသႏိုင္ဖို႔ လိုေၾကာင္း၊ ေၾကာက္႐ြံ႕ၿပီး ဟို သည္ ေရွာင္ေျပးျခင္းမ်ိဳး မလုပ္ၾက ဖို႔ ေျပာလိုပါေၾကာင္း၊  ျပည္သူမ်ားအား က်န္းမာေရး အသိပညာေပးမႈက အေရး ႀကီး သျဖင့္ ထိုအခ်က္ကိုလည္း အဓိကထား ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ တိုင္းႏွင့္ ျပည္နယ္ မ်ား ရွိ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမ်ားႏွင့္ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕မ်ား၏ လုပ္ေဆာင္ခ်က္ မ်ားမွာ အားရေက်နပ္ဖြယ္ရာ ေတြ႕ရေၾကာင္း၊ ယခုအတိုင္း ဆက္ၿပီး စနစ္တက် ပူးေပါင္း ေဆင္႐ြက္ သြားပါက အေျခအေန ေကာင္းမည္ဟု ထင္ျမင္ပါ ေၾကာင္း လည္း ျပည္ေထာင္စု ဝန္ႀကီးေဒါက္တာျမင့္ေထြးမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁ ရက္