မြန်မာနိုင်ငံတွင် မှတ်တမ်း လုံးဝမရှိသေးသည့် ငှက်မျိုးစိတ်အား မိန်းမလှကျွန်းအနီးတွင် တွေ့ရှိ

မြန်မာနိုင်ငံတွင် မှတ်တမ်း လုံးဝမရှိသေးသည့် ငှက်မျိုးစိတ်အား မိန်းမလှကျွန်းအနီးတွင် တွေ့ရှိ

မြန်မာနိုင်ငံတွင် မှတ်တမ်း လုံးဝမရှိသေးသည့် ငှက်မျိုးစိတ်တစ်မျိုးအား မိန်းမလှကျွန်းအနီးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့  သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS Myanmar မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က  မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) နှင့် မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်းတို့မှ ငှက်ပညာရှင်များသည် ယင်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်များနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့ရာမှ Milky Stork (Mycteria cinerea) ငှက်မျိုးစိတ် ၁၁ ကောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ခရီးစဉ်မှာမှ တွေ့ရှိရတာဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် မှတ်တမ်းအသစ် ဖြစ်ပါတယ်။တွေ့ခဲ့တာကတော့ (၈) ကောင် တစ်အုပ်စု၊ ၂ ကောင်ရယ်၊ တစ်ကောင်ရယ်၊ စုစုပေါင်း ၁၁ ကောင် တွေ့ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မှန်းတာကတော့ ၁၁ ကောင်ထက် ပိုများပါတယ်။တစ်ကမ္ဘာလုံးမှာဆိုရင်တော့ မျိုးသုဉ်းဖို့ အလားအလာရှိနေတဲ့ မျိုးသုဉ်းလုနီးပါး မျိုးစိတ်ဖြစ်ပါတယ်။ဒီတော့ ဒီငှက်မျိုးစိတ်တွေ ကျက်စားနိုင်တဲ့ ဒေသတွေမှာ သုတေသနတွေ လုပ်ပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုပါတယ်” လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ ငှက်ပညာရှင် ဦးသက်ဇော်နိုင် က ပြောပါတယ်။

အဆိုပါ Milky Stork (Mycteria cinerea) သည် ကမ္ဘာပေါ်တွင် အကောင်ရေ ၁၅၀၀ ခန့်သာ ကျန်ရှိတော့သည့် မျိုးသုဉ်းရန် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ျမန္မာႏိုင္ငံတြင္ မွတ္တမ္း လုံးဝမရွိေသးသည့္ ငွက္မ်ိဳးစိတ္တစ္မ်ိဳးအား မိန္းမလွကြၽန္းအနီးတြင္ ဒီဇင္ဘာလ ၁၅ ရက္ေန႔က ေတြ႕ရွိ မွတ္တမ္းတင္ႏိုင္ခဲ့တယ္လို႔  သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (ျမန္မာႏိုင္ငံ အစီအစဥ္) WCS Myanmar မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔က  မိန္းမလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ ဝန္ထမ္းမ်ား၊ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (ျမန္မာႏိုင္ငံ အစီအစဥ္) ႏွင့္ ျမန္မာ့ငွက္ႏွင့္ သဘာဝထိန္းသိမ္းေရးအသင္းတို႔မွ ငွက္ပညာရွင္မ်ားသည္ ယင္းေဘးမဲ့ေတာတြင္ ငွက္မ်ိဳးစိတ္မ်ားႏွင့္ ပတ္သက္၍ သြားေရာက္ေလ့လာခဲ့ရာမွ Milky Stork (Mycteria cinerea) ငွက္မ်ိဳးစိတ္ ၁၁ ေကာင္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

“အခု ခရီးစဥ္မွာမွ ေတြ႕ရွိရတာဆိုေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ မွတ္တမ္းအသစ္ ျဖစ္ပါတယ္။ေတြ႕ခဲ့တာကေတာ့ (၈) ေကာင္ တစ္အုပ္စု၊ ၂ ေကာင္ရယ္၊ တစ္ေကာင္ရယ္၊ စုစုေပါင္း ၁၁ ေကာင္ ေတြ႕ရွိပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ မွန္းတာကေတာ့ ၁၁ ေကာင္ထက္ ပိုမ်ားပါတယ္။တစ္ကမာၻလုံးမွာဆိုရင္ေတာ့ မ်ိဳးသုဥ္းဖို႔ အလားအလာရွိေနတဲ့ မ်ိဳးသုဥ္းလုနီးပါး မ်ိဳးစိတ္ျဖစ္ပါတယ္။ဒီေတာ့ ဒီငွက္မ်ိဳးစိတ္ေတြ က်က္စားႏိုင္တဲ့ ေဒသေတြမွာ သုေတသနေတြ လုပ္ၿပီးေတာ့ ထိန္းသိမ္းေရးလုပ္ငန္းေတြ ဆက္လုပ္ဖို႔ လိုပါတယ္” လို႔ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (ျမန္မာႏိုင္ငံ အစီအစဥ္) မွ ငွက္ပညာရွင္ ဦးသက္ေဇာ္ႏိုင္ က ေျပာပါတယ္။

အဆိုပါ Milky Stork (Mycteria cinerea) သည္ ကမာၻေပၚတြင္ အေကာင္ေရ ၁၅၀၀ ခန႔္သာ က်န္ရွိေတာ့သည့္ မ်ိဳးသုဥ္းရန္ အႏၲရာယ္ရွိေနတဲ့ မ်ိဳးစိတ္တစ္မ်ိဳး ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈