မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂကပေးအပ်ထားသည့် GSP ပြန်လည်မရုပ်သိမ်းဖို့သက်ဆိုင်ရာ အလုပ်ရှင် အဖွဲ့အစည်းနှင့် အလုပ်သမား အဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးတောင်းဆိုမည်

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂကပေးအပ်ထားသည့် GSP ပြန်လည်မရုပ် သိမ်းဖို့သက်ဆိုင်ရာ အလုပ်ရှင် အဖွဲ့အစည်းနှင့် အလုပ်သမား အဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးတောင်းဆိုမည်

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂကပေးအပ်ထားသည့် GSP ပြန်လည်မရုပ်သိမ်းဖို့ သက်ဆိုင်ရာအလုပ်ရှင်အဖွဲ့အစည်းများ နှင့် အလုပ်သမားအဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးတောင်းဆိုသွားမှာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။အဆိုပါပြောကြားမှုကို ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ (UMFCCI) နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)တို့ ပူးပေါင်းပြုလုပ်တဲ့ “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ဝိုင်းဝန်းဆွေးနွေးပွဲမှာ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ကျင်းပရတဲ့အခမ်းအနား ရည်ရွယ်ချက် ကတော့ ဆွေးနွေးပွဲကို တက်ရောက်ပါဝင်သူတွေက GSP ပြန်လည် မရုပ်သိမ်းရေးကို ဝိုင်းဝန်ပြီး ထောက်ခံ သွားဖို့ပါ။ နောက်တစ်ချက်ကတော့ ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်တော်တို့ အသင်းချုပ် UMFCCI နဲ့ CTUM တို့ရဲ့ ပူးတွဲဆုံးဖြတ်ချက်တစ်ခုပေါ်ထွက်လာရန်အတွက် နောက်ဆက်တွဲလုပ်ငန်းစဉ်အဖြစ် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်း များမှ GSP ပြန်လည်မရုပ်သိမ်းနိုင်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုခြင်းများ ပြုလုပ်သွားရန် ရည်ရွယ်ချက်တွေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်” လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောကြားခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ဝိုင်းဝန်းဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က GSP ပြန်လည် ရုပ်သိမ်းပါက ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA)၊မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ် သူများအသင်း(MIA)၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်(MFF)တို့မှ တာဝန်ရှိသူများကလည်း “GSP ဘာကြောင့်မရှိမဖြစ်လိုအပ်သနည်း” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြတာပါ။

ဥရောပသမဂ္ဂသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကို GSP အခွင့်အရေးပြန်လည်ပေးအပ်ခဲ့ပြီး ဥရောပသမဂ္ဂ၏ဈေးကွက်အတွင်းသို့ တင်ပို့လာသည့် မြန်မာထုတ်ကုန်များ၊ အထူးသဖြင့် အထည်ချုပ်နှင့် စားသုံးကုန်များကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
သို့ရာတွင် မကြာသေးမီက အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးအပ်ထားသော GSP ကို ရုပ်သိမ်းရေးအတွက် ပြန်လည်သုံးသပ်နိုင်ရန်လာရောက်လေ့လာခဲ့ပါတယ်။အဆိုပါခရီးစဉ်၏ သတင်းထုတ်ပြန်ချက်အရ GSP ကိုထားရှိရေး(သို့) ရုပ်သိမ်းရေး အတွက်ဆုံးဖြတ်ရန်ရှိနေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် GSP ရုပ်သိမ်းခြင်းခံရပါက လက်ရှိဖြစ်ပေါ်တိုးတက်လျှက်ရှိသော လုပ်အားအခြေပြုစီးပွားရေး လုပ်ငန်းများ တဟုတ်မချင်းရပ်ဆိုင်းသွားနိုင်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုသာတုံ့ဆိုင်းသွားစေနိုင်သည်အထိမြန်မာလူမှုစီးပွားဘဝတစ်ခုလုံးကြီးမားသော ဆုံးရှုံးမှုများ၊မတည်ငြိမ်မှုများကြုံတွေ့လာနိုင်ရသလိုဥရောပသမဂ္ဂမှမရည်ရွယ်ထားသောစားဝတ်နေရေး၊ အလုပ်အကိုင်ရရှိ ရေးပြဿနာများ၊ဆက်တိုက်ဖြစ်ပွားလျှက်လူမှုရေးပေါက်ကွဲမှုတရပ်ဖြစ်လာနိုင်ရာ ယင်းသည်မြန်မာနိုင်ငံလက်ရှိ ရင်ဆိုင်နေရသော လူ့အခွင့်အရေးပြဿနာများထက်ဆိုးကျိုးရလဒ်ကိုဖြစ်ပေါ်နိုင်မယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ရဲ့ ထုတ်ပြန်ကြေညာခဲ့မှာဖော်ပြထားပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်တာဝန်ရှိများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမောင်မောင်နှင့်တာဝန်ရှိသူများ၊နိုင်ငံတကာ သံတမန်များ၊ အန်ဂျီအိုအဖွဲ့အစည်းများ တက်ရောက် ခဲ့ပါတယ်။

ပြေသိမ်း 

(  Zawgyi  )

ျမန္မာႏိုင္ငံအေပၚ ဥေရာပသမဂၢကေပးအပ္ထားသည့္ GSP ျပန္လည္မ႐ုပ္သိမ္းဖို႔ သက္ဆိုင္ရာအလုပ္ရွင္အဖြဲ႕အစည္းမ်ား ႏွင့္ အလုပ္သမားအဖြဲ႕အစည္းမ်ားမွ လက္မွတ္ေရးထိုးေတာင္းဆိုသြားမွာျဖစ္တယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာပါတယ္။အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဒီဇင္ဘာ ၁၇ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံးမွာ (UMFCCI) ႏွင့္ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(CTUM)တို႔ ပူးေပါင္းျပဳလုပ္တဲ့ “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ဝိုင္းဝန္းေဆြးေႏြးပြဲမွာ ၎က အထက္ပါအတိုင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီေန႔က်င္းပရတဲ့အခမ္းအနား ရည္႐ြယ္ခ်က္ ကေတာ့ ေဆြးေႏြးပြဲကို တက္ေရာက္ပါဝင္သူေတြက GSP ျပန္လည္ မ႐ုပ္သိမ္းေရးကို ဝိုင္းဝန္ၿပီး ေထာက္ခံ သြားဖို႔ပါ။ ေနာက္တစ္ခ်က္ကေတာ့ ေဆြးေႏြးၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ အသင္းခ်ဳပ္ UMFCCI နဲ႔ CTUM တို႔ရဲ႕ ပူးတြဲဆုံးျဖတ္ခ်က္တစ္ခုေပၚထြက္လာရန္အတြက္ ေနာက္ဆက္တြဲလုပ္ငန္းစဥ္အျဖစ္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ အလုပ္သမားအဖြဲ႕အစည္း မ်ားမွ GSP ျပန္လည္မ႐ုပ္သိမ္းႏိုင္ေရးအတြက္ လက္မွတ္ေရးထိုး ေတာင္းဆိုျခင္းမ်ား ျပဳလုပ္သြားရန္ ရည္႐ြယ္ခ်က္ေတြနဲ႔ က်င္းပရျခင္းျဖစ္ပါတယ္” လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္း ကေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ ဝိုင္းဝန္းေဆြးေႏြးပြဲမွာေတာ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေမာင္ေမာင္က GSP ျပန္လည္ ႐ုပ္သိမ္းပါက ျဖစ္ေပၚလာႏိုင္သည့္အေျခအေနမ်ားကိုရွင္းလင္းေဆြးေႏြးခဲ့ၿပီး ျမန္မာ ႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း (MGMA)၊ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္လုပ္ သူမ်ားအသင္း(MIA)၊ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ (MTF)၊ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္(MFF)တို႔မွ တာဝန္ရွိသူမ်ားကလည္း “GSP ဘာေၾကာင့္မရွိမျဖစ္လိုအပ္သနည္း” ေခါင္းစဥ္ျဖင့္ အသီးသီးေဆြးေႏြးခဲ့ၾကတာပါ။

ဥေရာပသမဂၢသည္ ၂၀၁၃ ခုႏွစ္တြင္ ျမန္မာႏိုင္ငံကို GSP အခြင့္အေရးျပန္လည္ေပးအပ္ခဲ့ၿပီး ဥေရာပသမဂၢ၏ေဈးကြက္အတြင္းသို႔ တင္ပို႔လာသည့္ ျမန္မာထုတ္ကုန္မ်ား၊ အထူးသျဖင့္ အထည္ခ်ဳပ္ႏွင့္ စားသုံးကုန္မ်ားကို ကုန္သြယ္ခြန္ကင္းလြတ္ခြင့္ေပးအပ္ခဲ့တာျဖစ္ပါတယ္။
သို႔ရာတြင္ မၾကာေသးမီက အီးယူ ကုန္သြယ္မႈအခြင့္အေရး စိစစ္ေလ့လာေရးအဖြဲ႕သည္ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေပးအပ္ထားေသာ GSP ကို ႐ုပ္သိမ္းေရးအတြက္ ျပန္လည္သုံးသပ္ႏိုင္ရန္လာေရာက္ေလ့လာခဲ့ပါတယ္။အဆိုပါခရီးစဥ္၏ သတင္းထုတ္ျပန္ခ်က္အရ GSP ကိုထားရွိေရး(သို႔) ႐ုပ္သိမ္းေရး အတြက္ဆုံးျဖတ္ရန္ရွိေနေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံအေနျဖင့္ GSP ႐ုပ္သိမ္းျခင္းခံရပါက လက္ရွိျဖစ္ေပၚတိုးတက္လွ်က္ရွိေသာ လုပ္အားအေျချပဳစီးပြားေရး လုပ္ငန္းမ်ား တဟုတ္မခ်င္းရပ္ဆိုင္းသြားႏိုင္သကဲ့သို႔ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈကိုသာတုံ႔ဆိုင္းသြားေစႏိုင္သည္အထိျမန္မာလူမႈစီးပြားဘဝတစ္ခုလုံးႀကီးမားေသာ ဆုံးရႈံးမႈမ်ား၊မတည္ၿငိမ္မႈမ်ားႀကဳံေတြ႕လာႏိုင္ရသလိုဥေရာပသမဂၢမွမရည္႐ြယ္ထားေသာစားဝတ္ေနေရး၊ အလုပ္အကိုင္ရရွိ ေရးျပႆနာမ်ား၊ဆက္တိုက္ျဖစ္ပြားလွ်က္လူမႈေရးေပါက္ကြဲမႈတရပ္ျဖစ္လာႏိုင္ရာ ယင္းသည္ျမန္မာႏိုင္ငံလက္ရွိ ရင္ဆိုင္ေနရေသာ လူ႔အခြင့္အေရးျပႆနာမ်ားထက္ဆိုးက်ိဳးရလဒ္ကိုျဖစ္ေပၚႏိုင္မယ္လို႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM)ရဲ႕ ထုတ္ျပန္ေၾကညာခဲ့မွာေဖာ္ျပထားပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ ေဆြးေႏြးပြဲကိုေတာ့ ကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းႏွင့္တာဝန္ရွိမ်ား၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ဥကၠ႒ဦးေမာင္ေမာင္ႏွင့္တာဝန္ရွိသူမ်ား၊ႏိုင္ငံတကာ သံတမန္မ်ား၊ အန္ဂ်ီအိုအဖြဲ႕အစည္းမ်ား တက္ေရာက္ ခဲ့ပါတယ္။

ေျပသိမ္း