မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသစ်ဖွဲ့စည်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသစ်ဖွဲ့စည်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်တယ်လို့ အစိုးရက ဇန်နဝါရီ ၁၄ ရက်နေ့မှာ သမ္မတဦဝင်းမြင့် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အစိုးရထုတ်ပြန်ကြေညာတဲ့ လူ့အခွင့်အရေးကော်မရှင် အသစ်မှာ ဝန်ထမ်းဟောင်းတွေအများစုပါဝင်နေပြီး လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အရပ်ဖက် လူမှု့အဖွဲ့အစည်းက လူတွေ မပါဝင်တာကို တွေ့ရပါတယ်။

အစိုးရရွေးချယ်တဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်သစ်တွေအပေါ်မှာ ဝေဖန်မှုတွေ ရှိနေပြီး ပွင့်လင်းမြင်သာတဲ့ ရွေးချယ်မှုမျိုးမဟုတ်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“လူ့အခွင့်အရေးနောက်ခံရှိတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဖက်ကသူ တဦးမှ မပါဝင်ပါဘူး။  အလွှာစုံမှုကို ဝန်ကြီးဌာန ပေါင်းစုံမှုနဲ့များ တိုင်းတာသလားတာ့မသိဘူး။ စက်မှုဝန်ကြီးဌာနလို စသုံးလုံးလို ကာချုပ်ရုံးလို ဌာနပေါင်းစုံတော့ ပါတာတွေ့ရပါတယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

အာဆီယံအစိုးရအချင်းချင်းကြား ပူးပေါင်းဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးလှမြင့်ကို အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ဥက္ကဌအဖြစ် တာဝန်ပေးထားပြီး ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံက အငြိမ်းစား အမြဲတမ်းအတွင်းဝန်တွေ ညွှန်ကြားရေးမှူးချုပ်တွေ ပါဝင်နေခဲ့တာပါ။
အရင် လူ့အခွင့်အရေးကော်မရှင်က လူဟောင်းတွေကို တစ်ဦးမှ ပြန်လည်ပါဝင်လာခဲ့ခြင်းမရှိဘဲ ကော်မရှင်အဖွဲ့ဝင် အသစ်တွေနဲ့ အစိုးရက ပြန်လည်ဖွဲ့စည်းခဲ့တာပါ။

“လူသာပြောင်းခဲ့ပေမဲ့ အကျင့်မပြောင်းရင် အလကားပါဘဲ။ အကျင့်မပြောင်းတဲ့သူရှိနေသမျှ ပေါ်လစီတွေ ဥပဒေတွေ ပြောင်းဖို့လဲ လွယ်မှာမဟုတ်ပါဘူး” လို့ ဦးအောင်မျိုးမင်းက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရက ဦးဆောင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တိုင်ကြားနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် အရင် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ လွတ်လပ်မှု မရှိဘူးလို့ အများပြည်သူအကြား ဝေဖန်ပြောဆိုမှုတွေလည်း ကြုံခဲ့ရပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဇန်နဝါရီ - ၁၅
ဓါတ်ပုံ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
( Zawgyi )
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို အသစ္ဖြဲ႕စည္းလိုက္တယ္လို႔ အစိုးရက ဇန္နဝါရီ ၁၄ ရက္ေန႔မွာ သမၼတဦဝင္းျမင့္ လက္မွတ္ေရးထိုးၿပီး ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အစိုးရထုတ္ျပန္ေၾကညာတဲ့ လူ႔အခြင့္အေရးေကာ္မရွင္ အသစ္မွာ ဝန္ထမ္းေဟာင္းေတြအမ်ားစုပါဝင္ေနၿပီး လူ႔အခြင့္အေရး လႈပ္ရွားေနတဲ့ အရပ္ဖက္ လူမႈ႕အဖြဲ႕အစည္းက လူေတြ မပါဝင္တာကို ေတြ႕ရပါတယ္။

အစိုးရေ႐ြးခ်ယ္တဲ့ လူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ဝင္သစ္ေတြအေပၚမွာ ေဝဖန္မႈေတြ ရွိေနၿပီး ပြင့္လင္းျမင္သာတဲ့ ေ႐ြးခ်ယ္မႈမ်ိဳးမဟုတ္ဘူးလို႔ လူ႔အခြင့္အေရးလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ ညီမွ်ျခင္းျမန္မာက အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ဆိုပါတယ္။

“လူ႔အခြင့္အေရးေနာက္ခံရွိတဲ့ အရပ္ဖက္လူ႔အဖြဲ႕အစည္းဖက္ကသူ တဦးမွ မပါဝင္ပါဘူး။  အလႊာစုံမႈကို ဝန္ႀကီးဌာန ေပါင္းစုံမႈနဲ႔မ်ား တိုင္းတာသလားတာ့မသိဘူး။ စက္မႈဝန္ႀကီးဌာနလို စသုံးလုံးလို ကာခ်ဳပ္႐ုံးလို ဌာနေပါင္းစုံေတာ့ ပါတာေတြ႕ရပါတယ္” လို႔ ဦးေအာင္မ်ိဳးမင္းက ဆိုပါတယ္။

အာဆီယံအစိုးရအခ်င္းခ်င္းၾကား ပူးေပါင္းဖြဲ႕စည္းထားတဲ့ လူ႔အခြင့္အေရးေကာ္မရွင္မွာ ျမန္မာအစိုးရကိုယ္စားလွယ္အျဖစ္ ထမ္းေဆာင္ခဲ့တဲ့ ဦးလွျမင့္ကို အသစ္ဖြဲ႕စည္းလိုက္တဲ့ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွာ ဥကၠဌအျဖစ္ တာဝန္ေပးထားၿပီး ဌာနဆိုင္ရာ ဝန္ထမ္းေပါင္းစုံက အၿငိမ္းစား အၿမဲတမ္းအတြင္းဝန္ေတြ ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြ ပါဝင္ေနခဲ့တာပါ။
အရင္ လူ႔အခြင့္အေရးေကာ္မရွင္က လူေဟာင္းေတြကို တစ္ဦးမွ ျပန္လည္ပါဝင္လာခဲ့ျခင္းမရွိဘဲ ေကာ္မရွင္အဖြဲ႕ဝင္ အသစ္ေတြနဲ႔ အစိုးရက ျပန္လည္ဖြဲ႕စည္းခဲ့တာပါ။

“လူသာေျပာင္းခဲ့ေပမဲ့ အက်င့္မေျပာင္းရင္ အလကားပါဘဲ။ အက်င့္မေျပာင္းတဲ့သူရွိေနသမွ် ေပၚလစီေတြ ဥပေဒေတြ ေျပာင္းဖို႔လဲ လြယ္မွာမဟုတ္ပါဘူး” လို႔ ဦးေအာင္မ်ိဳးမင္းက သုံးသပ္ထားပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို အစိုးရက ဦးေဆာင္ဖြဲ႕စည္းေပးခဲ့တာျဖစ္ၿပီး ႏိုင္ငံအတြင္းရွိ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြကို တိုင္ၾကားႏိုင္တဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အရင္ ေကာ္မရွင္ရဲ႕ လုပ္ေဆာင္မႈေတြဟာ လြတ္လပ္မႈ မရွိဘူးလို႔ အမ်ားျပည္သူအၾကား ေဝဖန္ေျပာဆိုမႈေတြလည္း ႀကဳံခဲ့ရပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဇန္နဝါရီ - ၁၅
ဓါတ္ပုံ - ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္