မြန်မာနှင့် ကိုရီးယား ဂရပ်ဖစ်ဒီဇိုင်းပညာရှင်များ၏ ဒီဇိုင်းကိုးဆယ်ကျော် ဒုတိယအကြိမ်မြောက် မန္တလေး ဂရပ်ဖစ်ဒီဇိုင်းပြပွဲတွင် ပြသထား

မြန်မာနှင့် ကိုရီးယား ဂရပ်ဖစ်ဒီဇိုင်းပညာရှင်များ၏ ဒီဇိုင်းကိုးဆယ်ကျော်  ဒုတိယအကြိမ်မြောက် မန္တလေး ဂရပ်ဖစ်ဒီဇိုင်းပြပွဲတွင် ပြသထား

မန္တလေးမြို့မှာ ဒုတိယအကြိမ်မြောက် ဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနဲ့ ၃၁ လမ်း‌ထောင့်က ဓမ္မသာလာခန်းမမှာ ကျင်းပနေတာပဲဖြစ်ပြီး ကိုရီးယားနဲ့ မြန်မာ ဂရပ်ဖစ်ဒီဇိုင်းပညာရှင်တွေ ဖန်တီးထားတဲ့ ဂရပ်ဖစ်ဒီဇိုင်း ၉၀ ကျော် ခင်းကျင်းပြသထားတာဖြစ်တယ်လို့ သိရပါတယ်။

"ဂရပ်ဖစ်ဒီဇိုင်းလို့ ဆိုလိုက်တာနဲ့ တော်တော်များများက Commercial လို့ပဲ သိကြတာပါ တကယ်တော့ ဂရပ်ဖစ်ဒီဇိုင်းမှာလည်း အနုပညာခံစားမှုရသတွေ ရှိနေပါတယ် ဒီပွဲက ဒါကို Awareness ပေးချင်တာလည်း ပါပါတယ်" လို့ ပြပွဲကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်တစ်ချို့နဲ့ ပတ်သက်ပြီး မြန်မာဂရပ်ဖစ်ဒီဇိုင်းပညာရှင်အသင်း အတွင်းရေးမှူး ဦးမျိုးညီညီထွန်း က ပြောပါတယ်။

မြန်မာဂရပ်ဖစ်ဒီဇိုင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နဲ့အညီ လျင်မြန်စွာတိုးတက်နေတဲ့ ဒီဇိုင်းနည်းပညာ ဗဟုသုတတွေကို ရှေ့လူနောက်လူချိတ်ဆက်ကာ ပညာလက်ဆင့်ကမ်းနိုင်ရေး၊ လူငယ်ဂရပ်ဖစ်ဒီဇိုင်နာတွေ နိုင်ငံတကာနဲ့ ချိတ်ဆက်ရင်ဘောင်တန်းနိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ မန္တလေးမြို့မှာ ဒုတိယအကြိမ်မြောက်အဖြစ်နဲ့ ကျင်းပပြုလုပ်တာပဲဖြစ်ပြီး Design-Talk about Communication (ဒီဇိုင်းကပြောသော လူမှုဘဝဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပပြုလုပ်တာလို့ သိရပါတယ်။

"နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ချိတ်ဆက်ပြီးလုပ်နေတာပါ ကိုရီးယားနဲ့ချိတ်ဆက်ပြီးပါပြီ ဒီပွဲမှာဆိုရင် ကိုးရီးယားက ဂရပ်ဖစ်ပညာရှင်တွေရဲ့ ကားတွေလည်း ပါဝင်ပြသထားပါတယ်၊ ကိုရီးယားဂရပ်ဖစ်ဒီဇိုင်းပညာရှင်တွေက ၂၉ ကားနဲ့ မြန်မာဂရပ်ဖစ်ဒီဇိုင်းပညာရှင်တွေက ၆၄ ကား စုစုပေါင်း ၉၃ ကား ပြသထားတာပါ" လို့လည်း ၎င်းက ဆိုပါတယ်။

ဒီပြပွဲကို ဂရပ်ဖစ်ဒီဇိုင်းပညာရပ်အပေါ် အများသူငါ စိတ်ဝင်စားမှုရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာလို့လည်း သိရပြီး ပြပွဲမှာ ဂရပ်ဖစ်ဒီဇိုင်းပညာရပ်ဆိုင်ရာ ပို့ချမှုအစီအစဥ်တွေလည်း ပါတာကြောင့် ဘယ်သူမဆို ဝင်ရောက်ကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲကို ရန်ကုန်မြို့မှာ ၃ ကြိမ် ကျင်းပပြုလုပ်ခဲ့ဖူးပြီး မန္တလေးမြို့မှာတော့ ဒါ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

KT
မန္တလေး၊ ဇန်နဝါရီ - ၁၈

( Zawgyi )

မႏၲေလးၿမိဳ႕မွာ ဒုတိယအႀကိမ္ေျမာက္ ဂရပ္ဖစ္ဒီဇိုင္းျပပြဲကို ဇန္နဝါရီလ ၁၇ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ က်င္းပျပဳလုပ္ေနပါတယ္။

မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၄ လမ္းနဲ႔ ၃၁ လမ္း‌ေထာင့္က ဓမၼသာလာခန္းမမွာ က်င္းပေနတာပဲျဖစ္ၿပီး ကိုရီးယားနဲ႔ ျမန္မာ ဂရပ္ဖစ္ဒီဇိုင္းပညာရွင္ေတြ ဖန္တီးထားတဲ့ ဂရပ္ဖစ္ဒီဇိုင္း ၉၀ ေက်ာ္ ခင္းက်င္းျပသထားတာျဖစ္တယ္လို႔ သိရပါတယ္။

"ဂရပ္ဖစ္ဒီဇိုင္းလို႔ ဆိုလိုက္တာနဲ႔ ေတာ္ေတာ္မ်ားမ်ားက Commercial လို႔ပဲ သိၾကတာပါ တကယ္ေတာ့ ဂရပ္ဖစ္ဒီဇိုင္းမွာလည္း အႏုပညာခံစားမႈရသေတြ ရွိေနပါတယ္ ဒီပြဲက ဒါကို Awareness ေပးခ်င္တာလည္း ပါပါတယ္" လို႔ ျပပြဲက်င္းပျပဳလုပ္ရတဲ့ ရည္႐ြယ္ခ်က္တစ္ခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ျမန္မာဂရပ္ဖစ္ဒီဇိုင္းပညာရွင္အသင္း အတြင္းေရးမႉး ဦးမ်ိဳးညီညီထြန္း က ေျပာပါတယ္။

ျမန္မာဂရပ္ဖစ္ဒီဇိုင္းေလာက ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေခတ္နဲ႔အညီ လ်င္ျမန္စြာတိုးတက္ေနတဲ့ ဒီဇိုင္းနည္းပညာ ဗဟုသုတေတြကို ေရွ႕လူေနာက္လူခ်ိတ္ဆက္ကာ ပညာလက္ဆင့္ကမ္းႏိုင္ေရး၊ လူငယ္ဂရပ္ဖစ္ဒီဇိုင္နာေတြ ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ရင္ေဘာင္တန္းႏိုင္ေရး စတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ မႏၲေလးၿမိဳ႕မွာ ဒုတိယအႀကိမ္ေျမာက္အျဖစ္နဲ႔ က်င္းပျပဳလုပ္တာပဲျဖစ္ၿပီး Design-Talk about Communication (ဒီဇိုင္းကေျပာေသာ လူမႈဘဝဆက္ဆံေရး) ဆိုတဲ့ ေခါင္းစဥ္နဲ႔ က်င္းပျပဳလုပ္တာလို႔ သိရပါတယ္။

"ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းႏိုင္ဖို႔ ခ်ိတ္ဆက္ၿပီးလုပ္ေနတာပါ ကိုရီးယားနဲ႔ခ်ိတ္ဆက္ၿပီးပါၿပီ ဒီပြဲမွာဆိုရင္ ကိုးရီးယားက ဂရပ္ဖစ္ပညာရွင္ေတြရဲ႕ ကားေတြလည္း ပါဝင္ျပသထားပါတယ္၊ ကိုရီးယားဂရပ္ဖစ္ဒီဇိုင္းပညာရွင္ေတြက ၂၉ ကားနဲ႔ ျမန္မာဂရပ္ဖစ္ဒီဇိုင္းပညာရွင္ေတြက ၆၄ ကား စုစုေပါင္း ၉၃ ကား ျပသထားတာပါ" လို႔လည္း ၎က ဆိုပါတယ္။

ဒီျပပြဲကို ဂရပ္ဖစ္ဒီဇိုင္းပညာရပ္အေပၚ အမ်ားသူငါ စိတ္ဝင္စားမႈရွိလာေစဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ က်င္းပျပဳလုပ္တာလို႔လည္း သိရၿပီး ျပပြဲမွာ ဂရပ္ဖစ္ဒီဇိုင္းပညာရပ္ဆိုင္ရာ ပို႔ခ်မႈအစီအစဥ္ေတြလည္း ပါတာေၾကာင့္ ဘယ္သူမဆို ဝင္ေရာက္ၾကည့္ရႈၾကဖို႔လည္း ဖိတ္ေခၚထားပါတယ္။

ျမန္မာဂရပ္ဖစ္ဒီဇိုင္းျပပြဲကို ရန္ကုန္ၿမိဳ႕မွာ ၃ ႀကိမ္ က်င္းပျပဳလုပ္ခဲ့ဖူးၿပီး မႏၲေလးၿမိဳ႕မွာေတာ့ ဒါ ဒုတိယအႀကိမ္ေျမာက္ က်င္းပျပဳလုပ္တာ ျဖစ္ပါတယ္။

KT
မႏၲေလး၊ ဇန္နဝါရီ - ၁၈