မြန်မာပြည်ထဲ ဖြတ်သန်းမောင်းနှင်မည့် ကမ္ဘာ့အမျိုးသမီးဆိုင်ကယ်စီးသမားများ စုပေါင်းလှုပ်ရှားမှုတွင် မြန်မာအမျိုးသမီးများ ပူးပေါင်းပါဝင်မည်

မြန်မာပြည်ထဲ ဖြတ်သန်းမောင်းနှင်မည့် ကမ္ဘာ့အမျိုးသမီးဆိုင်ကယ်စီးသမားများ စုပေါင်းလှုပ်ရှားမှုတွင် မြန်မာအမျိုးသမီးများ ပူးပေါင်းပါဝင်မည်

မြန်မာနိုင်ငံအား ဖြတ်သန်းမောင်းနှင်မည့် ကမ္ဘာ့အမျိုးသမီးဆိုင်ကယ်စီးသမားများ စုပေါင်းလှုပ်ရှားမှုတွင် မြန်မာအမျိုးသမီးများ ပူးပေါင်းပါဝင် မည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိ အိုလံပစ်တာဝါမှာ ကျင်းပပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှ သိရှိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရောက်ရှိလာမည့် ကမ္ဘာ့အမျိုးသမီးဆိုင်ကယ်စီးသမားများ စုပေါင်းလှုပ်ရှားမှု အထိမ်းအမှတ် တုတ်ချောင်းကို မန္တလေးမြို့မှ တဆင့် တောင်ငူ၊ဘားအံ၊မြဝတီမြို့များကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့လက်ဆင့်ကမ်းပေးအပ်မှာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးသက်ဆွေဝင်းကဆိုပါတယ်။

 “မန္တလေးကနေ ၂၆ ရက် မနက်ထွက်မယ်။၂၆ ရက်နေ့ ညနေမှာ တောင်ငူကိုဝင်မယ် ညအိပ်မယ်။၂၇ ရက်နေ့ မနက်မှာ တောင်ငူကနေ ဘားအံအထိ သွားမယ် ညအိမ်မယ်။ ၂၈ ရက် မနက် မှာ ပြန်ထွက်ပြီး မြဝတီ အထိ သွားမယ်။မြဝတီမှာ ထိုင်းနိုင်ငံဘက်ကလာကြိုမယ့် ဆိုင်ကယ်စီးအဖွဲ့တွေရှိတယ်။ သူတို့နဲ့ပေါင်းပြီးတော့ တုတ် ချောင်းလွှဲပြောင်းတာကိုလုပ်မယ်” လို့ဆိုပါတယ်။

အဆိုပါခရီးစဉ်တွင် မြန်မာအမျိုးသမီးဆိုင်ကယ်စီးသမား ၁၀ ဦးက ဦးဆောင်စီးနင်းမှာဖြစ်ပါတယ်။ အမျိုးသား ဆိုင်ကယ်စီးသမား ၁၀ ဦးက ပူးပေါင်းဝန်းရံမှာဖြစ်ပြီး ဖြတ်သန်းရာလမ်းတလျှောက်ရှိ ဒေသခံဆိုင် ကယ်စီး သမားများလည်း ပူးပေါင်းပါဝင်လာကြမှာဖြစ်တယ်လို့ ၎င်း ကဆက်လက်ပြောကြားခဲ့ပါတယ်။

အမျိုးသမီးဆိုင်ကယ်စီးအဖွဲ့ဝင်အဖြစ်လိုက်ပါစီးနင်းမယ့် မပွင့်ဖြူလတ်က အမျိုးသမီးများရဲ့စွမ်းဆောင်ရည်ကို ပြသနိုင်မှာဖြစ်တဲ့အတွက် ယခုအစီအစဉ်ကို ပါဝင်ရတာဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အမျိုးသမီးဆိုင် ကယ်စီး သမားများစုပေါင်းလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် အဆိုပါ ခရီးစဉ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စကော့တလန်နိုင်ငံမှ စတင်စီးနင်းခဲ့ကြခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများကို ဖြတ်ကျော် လက်ဆင့် ကမ်းသယ်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံသို့ရောက်ရှိလာမှာဖြစ်ပါတယ်။၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် စကော့တလန်နိုင်ငံသို့ ပြန်လည်ရောက် ရှိမှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၂၄

(  Zawgyi  )

 ျမန္မာႏိုင္ငံအား ျဖတ္သန္းေမာင္းႏွင္မည့္ ကမာၻ႔အမ်ိဳးသမီးဆိုင္ကယ္စီးသမားမ်ား စုေပါင္းလႈပ္ရွားမႈတြင္ ျမန္မာအမ်ိဳးသမီးမ်ား ပူးေပါင္းပါဝင္ မည္ျဖစ္ေၾကာင္း ယေန႔ ဇူလိုင္လ ၂၄ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္မွာရွိ အိုလံပစ္တာဝါမွာ က်င္းပျပဳလုပ္တဲ့ သတင္း စာရွင္းလင္းပြဲမွ သိရွိရပါတယ္။

ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ေရာက္ရွိလာမည့္ ကမာၻ႔အမ်ိဳးသမီးဆိုင္ကယ္စီးသမားမ်ား စုေပါင္းလႈပ္ရွားမႈ အထိမ္းအမွတ္ တုတ္ေခ်ာင္းကို မႏၲေလးၿမိဳ႕မွ တဆင့္ ေတာင္ငူ၊ဘားအံ၊ျမဝတီၿမိဳ႕မ်ားကို ျဖတ္သန္းၿပီး ထိုင္းႏိုင္ငံသို႔လက္ဆင့္ကမ္းေပးအပ္မွာျဖစ္တယ္လို႔ ဦးေဆာင္စီစဥ္သူတစ္ဦးျဖစ္တဲ့ ဦးသက္ေဆြဝင္းကဆိုပါတယ္။

 “မႏၲေလးကေန ၂၆ ရက္ မနက္ထြက္မယ္။၂၆ ရက္ေန႔ ညေနမွာ ေတာင္ငူကိုဝင္မယ္ ညအိပ္မယ္။၂၇ ရက္ေန႔ မနက္မွာ ေတာင္ငူကေန ဘားအံအထိ သြားမယ္ ညအိမ္မယ္။ ၂၈ ရက္ မနက္ မွာ ျပန္ထြက္ၿပီး ျမဝတီ အထိ သြားမယ္။ျမဝတီမွာ ထိုင္းႏိုင္ငံဘက္ကလာႀကိဳမယ့္ ဆိုင္ကယ္စီးအဖြဲ႕ေတြရွိတယ္။ သူတို႔နဲ႔ေပါင္းၿပီးေတာ့ တုတ္ ေခ်ာင္းလႊဲေျပာင္းတာကိုလုပ္မယ္” လို႔ဆိုပါတယ္။

အဆိုပါခရီးစဥ္တြင္ ျမန္မာအမ်ိဳးသမီးဆိုင္ကယ္စီးသမား ၁၀ ဦးက ဦးေဆာင္စီးနင္းမွာျဖစ္ပါတယ္။ အမ်ိဳးသား ဆိုင္ကယ္စီးသမား ၁၀ ဦးက ပူးေပါင္းဝန္းရံမွာျဖစ္ၿပီး ျဖတ္သန္းရာလမ္းတေလွ်ာက္ရွိ ေဒသခံဆိုင္ ကယ္စီး သမားမ်ားလည္း ပူးေပါင္းပါဝင္လာၾကမွာျဖစ္တယ္လို႔ ၎ ကဆက္လက္ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသမီးဆိုင္ကယ္စီးအဖြဲ႕ဝင္အျဖစ္လိုက္ပါစီးနင္းမယ့္ မပြင့္ျဖဴလတ္က အမ်ိဳးသမီးမ်ားရဲ႕စြမ္းေဆာင္ရည္ကို ျပသႏိုင္မွာျဖစ္တဲ့အတြက္ ယခုအစီအစဥ္ကို ပါဝင္ရတာျဖစ္တယ္လို႔ဆိုပါတယ္။ ကမာၻ႔အမ်ိဳးသမီးဆိုင္ ကယ္စီး သမားမ်ားစုေပါင္းလႈပ္ရွားမႈတစ္ရပ္ျဖစ္သည့္ အဆိုပါ ခရီးစဥ္သည္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စေကာ့တလန္ႏိုင္ငံမွ စတင္စီးနင္းခဲ့ၾကျခင္းျဖစ္ၿပီး ကမာၻ႔ႏိုင္ငံမ်ားကို ျဖတ္ေက်ာ္ လက္ဆင့္ ကမ္းသယ္ေဆာင္လာခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာမွာျဖစ္ပါတယ္။၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စေကာ့တလန္ႏိုင္ငံသို႔ ျပန္လည္ေရာက္ ရွိမွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ ၂၄