မြန်မာမိသားစုဝင်လေးဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ သုံးဦးကို ထိုင်းရဲတပ်ဖွဲ့ အပူတပြင်းရှာဖွေနေ

မြန်မာမိသားစုဝင်လေးဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ သုံးဦးကို ထိုင်းရဲတပ်ဖွဲ့ အပူတပြင်းရှာဖွေနေ

သပ်မေးဆောက် (Tak Mae Sot) ခရိုင်မှာ မြန်မာလူမျိုး မိသားစုလေးဦးကို ဒီဇင်ဘာ ၁၆ ရက်က သတ် ဖြတ်မှုမှာ သံသယရှိသူ သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

အသတ်ခံသူတွေက အသက် ၄၅ အရွယ် အဒို အမည်ရှိသူနှင့် မခင်လာ ခေါ် ဇနီးအပါအဝင်၊ အသက် ၄ နှစ်အရွယ်နှင့် ၄ လ အရွယ် သားနှစ်ဦးလည်း ပါပါတယ်။

ရဲတွေက သေဆုံးသူရဲ့ နေအိမ်ကို သက်သေအထောက်အထားရရှိရန် ရှာဖွေစစ်ဆေးပြီး၊ မျက်မြင်သက်သေအချို့ကိုလည် စစ်ဆေးမေးမြန်းထားပေမယ့်လည်း ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါ ဖြစ်သည်ကိုတော့ နိဂုံးမချုပ်နိုင်သေးပါဘူး။ဒု ရဲချုပ် ပိုလ်ဂျင် ချလမ်ဂီရပ် (Pol Gen Chalerkiat) ကတော့ အခင်းဖြစ်ပွားရာ မဲဆောက်ကို ချက်ခြင်းသွားပြီး ရဲတွေကို DNA နမူနာ စုဆောင်းခြင်း၊ လက်ဗွေပုံစံ၊ သွေးစွန်းသွေးကျန်များကို စုဆောင်းထားဖို့ မှာကြားလိုက်ပါတယ်။

ပြည်တွင်း အလုပ်သမားဆိုင်ရာ ဌာနကလည်း တရားခံ မြန်မာဘက် ထွက်ပြေးတိမ်းရှောင်တာကို တားဆီးနိုင်ဖို့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို အကူအညီတောင်းထားပြီး မြန်မာဘက်က တာဝန်ရှိသူတွေကလည်း အပြုသဘောဆောင်စွာ လုပ်နေပါတယ်လို့ ဆိုပါတယ်။

မဲဆောက်ရဲတွေရဲ့ ထွက်ဆိုပြောကြားချက်အရ သံသယရှိသူ ၃ ဦးဟာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်က ကျွန်းငယ်လေးမှာ ပုန်းအောင်းနေခဲ့ ကြတယ်လို့ ဆိုပါတယ်။

အမည်မဖော်ပြထားတဲ့ မခင်လာ ရဲ့ သမီးကတော့ တရားခံတွေဟာ သူ့ရဲ့ အိမ်နီးနားခြင်းတွေပဲလို့ ပြောကြောင်း ရဲတွေက ဆိုပါတယ်။သေဆုံးသွားတဲ့ မိသားစုတွေနဲ့အတူ မနေတဲ့ မခင်လာ ရဲ့ သမီးကတော့ သူ့အမေဟာ ဘေးအိမ်မှလူတွေက အမျိုးသားတစ်ယောက်နဲ့ သူ့ညီမ တိတ်တဆိတ် ချစ်ကြိုက်နေကြတယ်လို့ အတင်းအဖျင်းပြောတာကို စိတ်ဆိုးပြီး ဘေးအိမ်က လူတွေနဲ့ သွားစကားများခဲ့ဖူးတယ်လို့ ဆိုပါတယ်။

မခင်လာ ရဲ့ သမီးကတော့ သူ့ကို အိမ်ပြန်လာဖို့ခေါ်လို့ အိမ်ရောက်တဲ့အခါ သူ့မိသားစုဝင်အားလုံး အသတ်ခံရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

Willinson
ဘန်ကောက်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

သပ္ေမးေဆာက္ (Tak Mae Sot) ခ႐ိုင္မွာ ျမန္မာလူမ်ိဳး မိသားစုေလးဦးကို ဒီဇင္ဘာ ၁၆ ရက္က သတ္ ျဖတ္မႈမွာ သံသယရွိသူ သုံးဦးကို ထိုင္းရဲတပ္ဖြဲ႕က အပူတျပင္းရွာေဖြေနတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

အသတ္ခံသူေတြက အသက္ ၄၅ အ႐ြယ္ အဒို အမည္ရွိသူႏွင့္ မခင္လာ ေခၚ ဇနီးအပါအဝင္၊ အသက္ ၄ ႏွစ္အ႐ြယ္ႏွင့္ ၄ လ အ႐ြယ္ သားႏွစ္ဦးလည္း ပါပါတယ္။

ရဲေတြက ေသဆုံးသူရဲ႕ ေနအိမ္ကို သက္ေသအေထာက္အထားရရွိရန္ ရွာေဖြစစ္ေဆးၿပီး၊ မ်က္ျမင္သက္ေသအခ်ိဳ႕ကိုလည္ စစ္ေဆးေမးျမန္းထားေပမယ့္လည္း ျပစ္မႈက်ဴးလြန္သူ မည္သူမည္ဝါ ျဖစ္သည္ကိုေတာ့ နိဂုံးမခ်ဳပ္ႏိုင္ေသးပါဘူး။ဒု ရဲခ်ဳပ္ ပိုလ္ဂ်င္ ခ်လမ္ဂီရပ္ (Pol Gen Chalerkiat) ကေတာ့ အခင္းျဖစ္ပြားရာ မဲေဆာက္ကို ခ်က္ျခင္းသြားၿပီး ရဲေတြကို DNA နမူနာ စုေဆာင္းျခင္း၊ လက္ေဗြပုံစံ၊ ေသြးစြန္းေသြးက်န္မ်ားကို စုေဆာင္းထားဖို႔ မွာၾကားလိုက္ပါတယ္။

ျပည္တြင္း အလုပ္သမားဆိုင္ရာ ဌာနကလည္း တရားခံ ျမန္မာဘက္ ထြက္ေျပးတိမ္းေရွာင္တာကို တားဆီးႏိုင္ဖို႔ ျမန္မာႏိုင္ငံက တာဝန္ရွိသူေတြကို အကူအညီေတာင္းထားၿပီး ျမန္မာဘက္က တာဝန္ရွိသူေတြကလည္း အျပဳသေဘာေဆာင္စြာ လုပ္ေနပါတယ္လို႔ ဆိုပါတယ္။

မဲေဆာက္ရဲေတြရဲ႕ ထြက္ဆိုေျပာၾကားခ်က္အရ သံသယရွိသူ ၃ ဦးဟာ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားေအာက္က ကြၽန္းငယ္ေလးမွာ ပုန္းေအာင္းေနခဲ့ ၾကတယ္လို႔ ဆိုပါတယ္။

အမည္မေဖာ္ျပထားတဲ့ မခင္လာ ရဲ႕ သမီးကေတာ့ တရားခံေတြဟာ သူ႔ရဲ႕ အိမ္နီးနားျခင္းေတြပဲလို႔ ေျပာေၾကာင္း ရဲေတြက ဆိုပါတယ္။ေသဆုံးသြားတဲ့ မိသားစုေတြနဲ႔အတူ မေနတဲ့ မခင္လာ ရဲ႕ သမီးကေတာ့ သူ႔အေမဟာ ေဘးအိမ္မွလူေတြက အမ်ိဳးသားတစ္ေယာက္နဲ႔ သူ႔ညီမ တိတ္တဆိတ္ ခ်စ္ႀကိဳက္ေနၾကတယ္လို႔ အတင္းအဖ်င္းေျပာတာကို စိတ္ဆိုးၿပီး ေဘးအိမ္က လူေတြနဲ႔ သြားစကားမ်ားခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

မခင္လာ ရဲ႕ သမီးကေတာ့ သူ႔ကို အိမ္ျပန္လာဖို႔ေခၚလို႔ အိမ္ေရာက္တဲ့အခါ သူ႔မိသားစုဝင္အားလုံး အသတ္ခံရတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

Willinson
ဘန္ေကာက္၊ ဒီဇင္ဘာ - ၁၈