မြန်မာ့တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီးသွန်းလောင်းမှု ရှစ်ဆယ်ရာခိုင်နှုန်းကျော်ပြီးစီး

မြန်မာ့တတိယအကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီးသွန်းလောင်းမှု ရှစ်ဆယ်ရာခိုင်နှုန်းကျော်ပြီးစီး

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ဖြစ်လာမယ်လို့ဆိုတဲ့ ကြေးသွန်းခေါင်းလောင်းကြီးဟာ မကြာခင်မှာပဲ အပြီးသတ် သွန်းလုပ်ပြီးစီးတော့မှာဖြစ်တယ်လို့ ဒီခေါင်းလောင်းကြီးကို တာဝန်ယူသွန်းလုပ်နေတဲ့ ကြေးသွန်းပညာရှင် ဦးအောင်သန်းမော် က ပြောပါတယ်။

"အဆင့် သုံးလေးဆင့်လောက်ပဲ ကျန်တော့တာပါ၊ စာလုံးထွင်းစရာတွေ အရုပ်တွေကျန်သေးတယ်၊ အဲ့ဒါပြီးရင် နောက်ဆုံးအဆင့်ရောက်ပါပြီ။နောက်ဆုံးအဆင့်မှာ အချောကိုင်ပြီး ခေါင်းလောင်းကြီးထားရှိမယ့်နေရာမှာ ဆက်လုပ်သွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖြစ်လာမယ်ဆိုတဲ့ ကြေးသွန်းခေါင်းလောင်းကြီးကို မန္တလေး ပုသိမ်ကြီး မြို့နယ် တံတိုင်းရှည်ကျေးရွာက ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက်နေ့က စတင်သွန်းလောင်းခဲ့တာဖြစ်ပြီး ဒီခေါင်းလောင်းကြီးကို စစ်ကိုင်းတောင်ရိုး သီရိသုမနချောင် မိုးကုတ်ဝိပဿနာရိပ်သာ ကျောင်းတိုက်မှာ ထားရှိဖို့ ကျောင်းတိုက်ဆရာတော် ဦးသုမန က မှာယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပေါင်းလပြည့်ကျော် ၃ ရက်နေ့မှာ ဆရာတော်ကျောင်းကို ပို့ဆောင်မှာပါ၊ အဲဒီမှာပဲအသံမြည်အောင်စမ်းသပ်မယ်၊ နောက်ပိုင်း အသေးစိတ် အချောသတ်ရမှာတွေကို အဲဒီမှာပဲဆက်လုပ်သွားမှာပါ လို့လည်း ၎င်းက ပြောပါတယ်။

အမြင့် ၁၅ ပေ၊ အဝအကျယ် ၉ ပေနဲ့ စုစုပေါင်းကြေးပိဿာချိန် တစ်သောင်းခြောက်ထောင်ကျော်ရှိတဲ့ ဒီခေါင်းလောင်းကြီးက မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံးခေါင်းလောင်းကြီး ဖြစ်လာမှာလို့ ဆိုကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာ မင်းကွန်းခေါင်းလောင်းကြီးက အကြီးဆုံး၊ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က သာယာဝတီမင်း ကောင်းမှုတော်ခေါင်းလောင်းကြီးက ဒုတိယအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ခေါင်းလောင်းကြီး သွန်းလောင်းနိုင်ဖို့အတွက် ၇ လကျော်လောက် ပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပြီး ခေါင်းလောင်းချိတ်ဆွဲနိုင်တဲ့အထိ အချိန်ကာလ ၁၄ လ သတ်မှတ်ထားကြောင်း၊ ခေါင်းလောင်းကြီးရဲ့တန်ဖိုးက သိန်းခြောက်ထောင်ကျော် တန်ဖိုးရှိကြောင်း၊ မြန်မာနိုင်ငံမှာ အကြီးဆုံးခေါင်းလောင်းကြီးက စစ်ကိုင်းမြို့က မင်းကွန်းခေါင်းလောင်းကြီးပဲဖြစ်ပြီး ကြေးပိဿာချိန် ၅၅၅၅၅ ရှိကြောင်း၊ ဒုတိယအကြီးဆုံးကတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က သာယာဝတီမင်း ကောင်းမှုတော် ကြေးသွန်းခေါင်းလောင်းကြီးဖြစ်ပြီး ကြေးပိဿာချိန် ၂၆၀၀၀ ရှိကြောင်း၊ အခုသွန်းလုပ်ပြီးစီးတော့မယ့် ခေါင်းလောင်းကြီးက ကြေးပိဿာချိန် တစ်သောင်း ခြောက်ထောင်ကျော်ရှိကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဒီခေါင်းလောင်းကြီးကို ဦးအောင်သန်းမော်ရဲ့ ကြေးသွန်းလုပ်ငန်းမှာပဲ ဆက်လက်သွန်းလုပ်နေတာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

KT
မန္တလေး၊ ဖေဖော်ဝါရီ - ၁၈

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ တတိယအႀကီးဆုံး ျဖစ္လာမယ္လို႔ဆိုတဲ့ ေၾကးသြန္းေခါင္းေလာင္းႀကီးဟာ မၾကာခင္မွာပဲ အၿပီးသတ္ သြန္းလုပ္ၿပီးစီးေတာ့မွာျဖစ္တယ္လို႔ ဒီေခါင္းေလာင္းႀကီးကို တာဝန္ယူသြန္းလုပ္ေနတဲ့ ေၾကးသြန္းပညာရွင္ ဦးေအာင္သန္းေမာ္ က ေျပာပါတယ္။

"အဆင့္ သုံးေလးဆင့္ေလာက္ပဲ က်န္ေတာ့တာပါ၊ စာလုံးထြင္းစရာေတြ အ႐ုပ္ေတြက်န္ေသးတယ္၊ အဲ့ဒါၿပီးရင္ ေနာက္ဆုံးအဆင့္ေရာက္ပါၿပီ။ေနာက္ဆုံးအဆင့္မွာ အေခ်ာကိုင္ၿပီး ေခါင္းေလာင္းႀကီးထားရွိမယ့္ေနရာမွာ ဆက္လုပ္သြားမွာပါ" လို႔ ၎က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ တတိယအႀကီးဆုံး ျဖစ္လာမယ္ဆိုတဲ့ ေၾကးသြန္းေခါင္းေလာင္းႀကီးကို မႏၲေလး ပုသိမ္ႀကီး ၿမိဳ႕နယ္ တံတိုင္းရွည္ေက်း႐ြာက ေ႐ႊေခါင္းေလာင္း ေၾကးသြန္းလုပ္ငန္းမွာ ၿပီးခဲ့တဲ့ဇန္နဝါရီလ ၉ ရက္ေန႔က စတင္သြန္းေလာင္းခဲ့တာျဖစ္ၿပီး ဒီေခါင္းေလာင္းႀကီးကို စစ္ကိုင္းေတာင္႐ိုး သီရိသုမနေခ်ာင္ မိုးကုတ္ဝိပႆနာရိပ္သာ ေက်ာင္းတိုက္မွာ ထားရွိဖို႔ ေက်ာင္းတိုက္ဆရာေတာ္ ဦးသုမန က မွာယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တေပါင္းလျပည့္ေက်ာ္ ၃ ရက္ေန႔မွာ ဆရာေတာ္ေက်ာင္းကို ပို႔ေဆာင္မွာပါ၊ အဲဒီမွာပဲအသံျမည္ေအာင္စမ္းသပ္မယ္၊ ေနာက္ပိုင္း အေသးစိတ္ အေခ်ာသတ္ရမွာေတြကို အဲဒီမွာပဲဆက္လုပ္သြားမွာပါ လို႔လည္း ၎က ေျပာပါတယ္။

အျမင့္ ၁၅ ေပ၊ အဝအက်ယ္ ၉ ေပနဲ႔ စုစုေပါင္းေၾကးပိႆာခ်ိန္ တစ္ေသာင္းေျခာက္ေထာင္ေက်ာ္ရွိတဲ့ ဒီေခါင္းေလာင္းႀကီးက ျမန္မာႏိုင္ငံရဲ႕ တတိယအႀကီးဆုံးေခါင္းေလာင္းႀကီး ျဖစ္လာမွာလို႔ ဆိုၾကတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ မင္းကြန္းေခါင္းေလာင္းႀကီးက အႀကီးဆုံး၊ ေ႐ႊတိဂုံဘုရား ရင္ျပင္ေတာ္ေပၚက သာယာဝတီမင္း ေကာင္းမႈေတာ္ေခါင္းေလာင္းႀကီးက ဒုတိယအႀကီးဆုံးျဖစ္တယ္လို႔ သိရပါတယ္။

ေခါင္းေလာင္းႀကီး သြန္းေလာင္းႏိုင္ဖို႔အတြက္ ၇ လေက်ာ္ေလာက္ ျပင္ဆင္ခဲ့ရတယ္လို႔လည္း သိရၿပီး ေခါင္းေလာင္းခ်ိတ္ဆြဲႏိုင္တဲ့အထိ အခ်ိန္ကာလ ၁၄ လ သတ္မွတ္ထားေၾကာင္း၊ ေခါင္းေလာင္းႀကီးရဲ႕တန္ဖိုးက သိန္းေျခာက္ေထာင္ေက်ာ္ တန္ဖိုးရွိေၾကာင္း၊ ျမန္မာႏိုင္ငံမွာ အႀကီးဆုံးေခါင္းေလာင္းႀကီးက စစ္ကိုင္းၿမိဳ႕က မင္းကြန္းေခါင္းေလာင္းႀကီးပဲျဖစ္ၿပီး ေၾကးပိႆာခ်ိန္ ၅၅၅၅၅ ရွိေၾကာင္း၊ ဒုတိယအႀကီးဆုံးကေတာ့ ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံဘုရား ရင္ျပင္ေတာ္ေပၚက သာယာဝတီမင္း ေကာင္းမႈေတာ္ ေၾကးသြန္းေခါင္းေလာင္းႀကီးျဖစ္ၿပီး ေၾကးပိႆာခ်ိန္ ၂၆၀၀၀ ရွိေၾကာင္း၊ အခုသြန္းလုပ္ၿပီးစီးေတာ့မယ့္ ေခါင္းေလာင္းႀကီးက ေၾကးပိႆာခ်ိန္ တစ္ေသာင္း ေျခာက္ေထာင္ေက်ာ္ရွိေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ ဒီေခါင္းေလာင္းႀကီးကို ဦးေအာင္သန္းေမာ္ရဲ႕ ေၾကးသြန္းလုပ္ငန္းမွာပဲ ဆက္လက္သြန္းလုပ္ေနတာျဖစ္ၿပီး ၈၀ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးေနၿပီျဖစ္တယ္လို႔ ၎က ေျပာပါတယ္။

KT
မႏၲေလး၊ ေဖေဖာ္ဝါရီ - ၁၈