မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့အဆင့်တွင် တတိယအဆင့်အထိ လျော့ကျခဲ့ဟုဆို

မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု  ကမ္ဘာ့အဆင့်တွင် တတိယအဆင့်အထိ လျော့ကျခဲ့ဟုဆို

၂၀၁၉ခုနှစ်အတွင်းမြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုနှင့်ဘိန်းထုတ်လုပ်မှုများလျော့ကျလာပြီး၊၂၀၁၉ခုနှစ်(UNODC)၏၂၀၁၉ခုနှစ်ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရမြန်မာနိုင်ငံ၏ယခင်ဘိန်းထုတ်လုပ်မှုမှာကမ္ဘာ့အဆင့်ဒုတိယမှတတိယအဆင့်လျော့ကျသွားခဲ့ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊အဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ မှပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော်၊Horizon Lake View Hotel တွင်ကျင်းပပြုလုပ်သည့်၂၀၁၉ခုနှစ် မြန်မာ နိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား၊ အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံ ရဲ့တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကိုပြန်လည်ဆန်းစစ်ကြည်ရင်၂၀၁၅ခုနှစ်မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ (၅၅၀၀၀)၊၂၀၁၇ခုနှစ်မှာဟက်တာ(၄၁၀၀၀)၊၂၀၁၈-ခုနှစ်ဘိန်းစိုက်ပျိုးမှုမှာ ဟက် တာ(၃၇၃၀၀ )နှင့် ၂၀၁၉ခုနှစ်မှာ ဟက်တာ (၃၃၁၀၀) အထိကျဆင်းခဲ့ပါတယ်။ ၂၀၁၈ခုနှစ်ဘိန်းစိုက်ပျိုးမှု နဲ့၂၀၁၉ခုနှစ်ဘိန်းစိုက်ပျိုးမှုနှိုင်းယှဉ်ပါက (၁၁%)လျော့ကျခဲ့တာကို တွေ့ရမှာဖြစ် ပါတယ်။

ဘိန်းစိုက်ပျိုးမှုလျော ကျခဲ့သလိုဘိန်းထုတ်လုပ်မှုဟာလည်း တစ်နှစ်ထက် တစ်နှစ် လျော့ကျခဲ့ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ၂၀၁၅-ခုနှစ်ဘိန်းထုတ်လုပ်မှုဟာ(၆၄ ၇)မက်ထရစ်တန်၊၂၀၁၇ခုနှစ်မှာ(၅၅၀)မက်ထရစ်တန်၊၂၀၁၈ခုနှစ်မှာ(၅၂၀) မက်ထရစ်တန်၊ ၂၀၁၉ ခုနှစ်မှာ (၅၀၈) တန်ရှိခဲ့လို့၂၀၁၈ခုနှစ်နဲ့၂၀၁၉ခုနှစ်ဘိန်းထုတ်လုပ်မှု နှိုင်းယှဉ်ပါက (၂%) ကျော် ကျဆင်းခဲ့ပါတယ်။ ဒီနေရာမှာ အလေးထား တင်ပြလိုတာက ယခင်ကမြန်မာနိုင်ငံ၏ဘိန်းထုတ်လုပ်မှုဟာ ကမ္ဘာပေါ်မှာ ဒုတိယ အဆင့်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာတော့ တတိယအဆင့်သို့လျော့ကျရောက်ရှိသွားပြီးဖြစ်ပါ ကြောင်းကို (UNODC) ၏ ၂၀၁၉ ခုနှစ် ကမ္ဘာမူးယစ်ဆေးဝါး အစီရင်ခံစာ အရ တွေ့ရှိရမှာဖြစ်ပါတယ် ”ဟုပြည်ထဲ ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူမှပြောကြားခဲ့ပါတယ်။

ယင်းအပြင် ဒုတိယဝန်ကြီးမှဘိန်းစိုက်ပျိုးမှုလျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း၊Precursor ဓာတုပစ္စည်းများကို အခြေခံပြီး လူလုပ်မူးယစ်ဆေးဝါး(Synthetic Drugs)ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုကြီးမားလာသည့်အပေါ် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု အောက်တွင် တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့တို့၏ အလေးထား ကြိုးပမ်း ဖော်ထုတ် မှုကြောင့်၂၀၁၈ခုနှစ်အတွင်းလူလုပ်မူးယစ် ဆေးဝါး(Synthetic Drugs) များ ဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၆)သန်းကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့်(၄၅)ကီ လိုကျော်၊အိုက်စ်(၃)တန်ခန့်၊ ကက်တမင်း(၂.၃)တန်ကျော်ဖမ်းမိရာမှ၊၂၀၁၉ခုနှစ်တွင် စိတ် ကြွရူးသွပ် ဆေးပြား(၁၀၈.၇)သန်းကျော်၊စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့်(၆၇၉)ကီလိုကျော်၊ အိုက်စ်(၉.၅) တန်ခန့်၊ ကက်တမင်း(၁) တန် ကျော်နှင့် အခြားမူးယစ်ဆေးဝါး အမြောက်အများ အပြင် အိမ်နီးချင်နိုင်ငံများ မှတရားမဝင် ဝင်ရောက်လာသော လူလုပ် မူးယစ်ဆေးဝါး များ(Synthetic Drugs) ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသည့် Precursor ဓာတုပစ္စည်းများ၊ ကိုလည်း အမြောက်အများ ဖမ်းဆီးရမိရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောင်တန်းဒေသများ ဖြစ်သည့်ရှမ်းပြည်နယ်တွင်အများဆုံးစိုက်ပျိုးပြီးကချင်ပြည်နယ်၊ကယားပြည်နယ်နှင့်ချင်းပြည်နယ်များတွင်လည်းစိုက်ပျိုးကြောင်းဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင်UNODC မြန်မာနိုင်ငံကိုယ်စားလှယ် Mr.TroelsVester မှ နူတ်ခွန်းဆက်စကားပြောကြားခြင်း၊အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၊ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr.JeremyDouglas မှ အစီရင်ခံစာ ပါအချက်အလက်များကိုရှင်းလင်းတင်ပြခဲ့ပါတယ်။

အခမ်းအနားသို့ဒုတိယဝန်ကြီးများ၊သံအမတ်ကြီးများ၊မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ညွန်ကြားရေးမှူးချုပ်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိကြီးများ၊ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၄

( Zawgyi )

 ၂၀၁၉ခုႏွစ္အတြင္းျမန္မာႏိုင္ငံဘိန္းစိုက္ပ်ိဳးမႈႏွင့္ဘိန္းထုတ္လုပ္မႈမ်ားေလ်ာ့က်လာၿပီး၊၂၀၁၉ခုႏွစ္(UNODC)၏၂၀၁၉ခုႏွစ္ကမာၻ႔မူးယစ္ေဆးဝါးအစီရင္ခံစာအရျမန္မာႏိုင္ငံ၏ယခင္ဘိန္းထုတ္လုပ္မႈမွာကမာၻ႔အဆင့္ဒုတိယမွတတိယအဆင့္ေလ်ာ့က်သြားခဲ့ၿပီးျဖစ္ေၾကာင္းျမန္မာႏိုင္ငံမူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားအႏၲရာယ္တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕၊အဖြဲ႕ဝင္ျပည္ထဲေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ေအာင္သူ မွေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္၊Horizon Lake View Hotel တြင္က်င္းပျပဳလုပ္သည့္၂၀၁၉ခုႏွစ္ ျမန္မာ ႏိုင္ငံ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈ စစ္တမ္းအစီရင္ခံစာထုတ္ျပန္ျခင္းအခမ္းအနား၊ အဖြင့္အမွာစကားေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ျမန္မာႏိုင္ငံ ရဲ႕တရားမဝင္ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈကိုျပန္လည္ဆန္းစစ္ၾကည္ရင္၂၀၁၅ခုႏွစ္ျမန္မာႏိုင္ငံ ဘိန္းစိုက္ပ်ိဳးမႈဟာ ဟက္တာ (၅၅၀၀၀)၊၂၀၁၇ခုႏွစ္မွာဟက္တာ(၄၁၀၀၀)၊၂၀၁၈-ခုႏွစ္ဘိန္းစိုက္ပ်ိဳးမႈမွာ ဟက္ တာ(၃၇၃၀၀ )ႏွင့္ ၂၀၁၉ခုႏွစ္မွာ ဟက္တာ (၃၃၁၀၀) အထိက်ဆင္းခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္ဘိန္းစိုက္ပ်ိဳးမႈ နဲ႔၂၀၁၉ခုႏွစ္ဘိန္းစိုက္ပ်ိဳးမႈႏႈိင္းယွဥ္ပါက (၁၁%)ေလ်ာ့က်ခဲ့တာကို ေတြ႕ရမွာျဖစ္ ပါတယ္။

ဘိန္းစိုက္ပ်ိဳးမႈေလ်ာ က်ခဲ့သလိုဘိန္းထုတ္လုပ္မႈဟာလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ေလ်ာ့က်ခဲ့ေၾကာင္း ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ၂၀၁၅-ခုႏွစ္ဘိန္းထုတ္လုပ္မႈဟာ(၆၄ ၇)မက္ထရစ္တန္၊၂၀၁၇ခုႏွစ္မွာ(၅၅၀)မက္ထရစ္တန္၊၂၀၁၈ခုႏွစ္မွာ(၅၂၀) မက္ထရစ္တန္၊ ၂၀၁၉ ခုႏွစ္မွာ (၅၀၈) တန္ရွိခဲ့လို႔၂၀၁၈ခုႏွစ္နဲ႔၂၀၁၉ခုႏွစ္ဘိန္းထုတ္လုပ္မႈ ႏႈိင္းယွဥ္ပါက (၂%) ေက်ာ္ က်ဆင္းခဲ့ပါတယ္။ ဒီေနရာမွာ အေလးထား တင္ျပလိုတာက ယခင္ကျမန္မာႏိုင္ငံ၏ဘိန္းထုတ္လုပ္မႈဟာ ကမာၻေပၚမွာ ဒုတိယ အဆင့္ရွိခဲ့ရာမွ ၂၀၁၇ ခုႏွစ္မွာေတာ့ တတိယအဆင့္သို႔ေလ်ာ့က်ေရာက္ရွိသြားၿပီးျဖစ္ပါ ေၾကာင္းကို (UNODC) ၏ ၂၀၁၉ ခုႏွစ္ ကမာၻမူးယစ္ေဆးဝါး အစီရင္ခံစာ အရ ေတြ႕ရွိရမွာျဖစ္ပါတယ္ ”ဟုျပည္ထဲ ေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ေအာင္သူမွေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ဒုတိယဝန္ႀကီးမွဘိန္းစိုက္ပ်ိဳးမႈေလ်ာ့က်ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေသာ္လည္း၊Precursor ဓာတုပစၥည္းမ်ားကို အေျခခံၿပီး လူလုပ္မူးယစ္ေဆးဝါး(Synthetic Drugs)ထုတ္လုပ္သယ္ေဆာင္ ေရာင္းဝယ္မႈႀကီးမားလာသည့္အေပၚ ႏိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္မႈ ေအာက္တြင္ တပ္မေတာ္၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕တို႔၏ အေလးထား ႀကိဳးပမ္း ေဖာ္ထုတ္ မႈေၾကာင့္၂၀၁၈ခုႏွစ္အတြင္းလူလုပ္မူးယစ္ ေဆးဝါး(Synthetic Drugs) မ်ား ျဖစ္သည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၀၆)သန္းေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား အေၾကမႈန႔္(၄၅)ကီ လိုေက်ာ္၊အိုက္စ္(၃)တန္ခန႔္၊ ကက္တမင္း(၂.၃)တန္ေက်ာ္ဖမ္းမိရာမွ၊၂၀၁၉ခုႏွစ္တြင္ စိတ္ ႂကြ႐ူးသြပ္ ေဆးျပား(၁၀၈.၇)သန္းေက်ာ္၊စိတ္ႂကြ႐ူးသြပ္ေဆးျပားအေၾကမႈန႔္(၆၇၉)ကီလိုေက်ာ္၊ အိုက္စ္(၉.၅) တန္ခန႔္၊ ကက္တမင္း(၁) တန္ ေက်ာ္ႏွင့္ အျခားမူးယစ္ေဆးဝါး အေျမာက္အမ်ား အျပင္ အိမ္နီးခ်င္ႏိုင္ငံမ်ား မွတရားမဝင္ ဝင္ေရာက္လာေသာ လူလုပ္ မူးယစ္ေဆးဝါး မ်ား(Synthetic Drugs) ထုတ္လုပ္ရာတြင္ အဓိက အသုံးျပဳသည့္ Precursor ဓာတုပစၥည္းမ်ား၊ ကိုလည္း အေျမာက္အမ်ား ဖမ္းဆီးရမိေရး ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ ႏိုင္ငံတကာ မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမင့္ ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ဘိန္းစိုက္ပ်ိဳးမႈကို လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာ ေတာင္တန္းေဒသမ်ား ျဖစ္သည့္ရွမ္းျပည္နယ္တြင္အမ်ားဆုံးစိုက္ပ်ိဳးၿပီးကခ်င္ျပည္နယ္၊ကယားျပည္နယ္ႏွင့္ခ်င္းျပည္နယ္မ်ားတြင္လည္းစိုက္ပ်ိဳးေၾကာင္းဒုတိယဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

အခမ္းအနားတြင္UNODC ျမန္မာႏိုင္ငံကိုယ္စားလွယ္ Mr.TroelsVester မွ ႏူတ္ခြန္းဆက္စကားေျပာၾကားျခင္း၊အေရွ႕ေတာင္အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး၊ေဒသဆိုင္ရာ ကိုယ္စားလွယ္ Mr.JeremyDouglas မွ အစီရင္ခံစာ ပါအခ်က္အလက္မ်ားကိုရွင္းလင္းတင္ျပခဲ့ပါတယ္။

အခမ္းအနားသို႔ဒုတိယဝန္ႀကီးမ်ား၊သံအမတ္ႀကီးမ်ား၊ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရးဗဟိုအဖြဲ႕မွ ၫြန္ၾကားေရးမႉးခ်ဳပ္မ်ား၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွအရာရွိႀကီးမ်ား၊ကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး(UNODC)မွ ကိုယ္စားလွယ္မ်ား၊ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္းသိရွိရပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၄