မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ မန္တလေးမြို့တွင်ကျင်းပမည်၊

မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ မန္တလေးမြို့တွင်ကျင်းပမည်၊

မြန်မာ့ရိုးရာလက်မှုပစ္စည်းထုတ်လုပ်ပုံပြခန်းတစ်ချို့အပါအဝင် စားသောက်ကုန် လူသုံးကုန် အလှကုန်နဲ့ပန်း ၁၀ မျိုးလက်မှု အနုပညာ ပစ္စည်းပြ ခန်းပေါင်း ၁၂၀ ကျော်ပါဝင်မယ့် အသေးစားစက်မှုလက်မှုနှင့်မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲကို မန္တလေးမြို့မှာ လာမယ့်ဒီဇင်ဘာလ ၂၀ ရက်နေ့မှာကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မန္တလေး တိုင်းဒေသကြီး) ဆီက သိရပါတယ်။
 
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ကကြီးမှူး စီစဉ်တာ ဖြစ်ပြီး မန္တလေးမြို့ မင်္ဂလာမန္တလေးပရိုမိုးရှင်းဧရိယာမှာ ၃ ရက်တိုင်အောင်ကျင်းပသွားမှာပါ။ အသေးစား စက်မှုထုတ်ကုန်တွေဈေးကွက် ရရှိဖို့မျှော်လင့်ချက်တွေလည်းပါပါတယ်၊ ဒီလိုပြပွဲတွေကနေ ပြပွဲလာသူတွေက ဒီအသေးစားထုတ်ကုန်တွေကို ဝယ်ယူအားပေးခြင်းအားဖြင့် အသေးစားစက်မှုထုတ်ကုန်တွေပိုမိုတိုးတက်လာမယ်ပေါ့ အဲဒီလိုရည်ရွယ်ချက်တွေလည်းရှိပါတယ် လို့ ပြပွဲကျင်းပရတဲ့ရည် ရွယ်ချက် တစ်ချို့နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးအောင်သင်းကပြောပါတယ်။

အသေးစားစက်မှုလက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာ့ရိုးရာလက်မှုအနုပညာလုပ်ငန်းတွေတိမ်ကောပပျောက်မသွားစေဖို့နဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ ပြည်တွင်းပြည်ပဈေးကွက်ပိုမိုရရှိစေဖို့ရည်ရွယ်ကျင်းပတဲ့ ဒီပြပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ တာဖြစ်ပြီး အခုဆိုရင် စတုတ္ထအကြိမ်ရှိပြီလို့သိရပါတယ်။

ဌာနမှာမှတ်ပုံတင်ထားတဲ့အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ၊ သမဝါယမအသင်းတွေ၊ စားသောက်ကုန်လူသုံးကုန်အလှကုန်နဲ့ ပန်းဆယ် မျိုးလက်မှုအနုပညာပစ္စည်းတွေပါဝင်တဲ့ ပြခန်း ပေါင်း ၁၂၀ ကျော်ပါဝင်ပြသရောင်းချသွားမှာပါ၊ ပြပွဲမှာ ထုတ်ကုန်ပစ္စည်းတွေပြသရောင်းချခြင်း၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုဆွေးနွေးပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်မှာပါ လို့လည်း ၎င်းကပြောပါတယ်။

အခုကျင်းပသွားမယ့်စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနဲ့မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲ ဈေးရောင်းပွဲ ကို ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်ကျင်းပသွားမှာဖြစ်ပြီး ပန်း ၁၀ မျိုးလက်မှုအနုပညာပြခန်းက ၄၃ ခန်း၊ စားသောက်ကုန်လုပ်ငန်းပြခန်း က ၂၄ ခန်း၊ လူသုံးကုန်နဲ့အလှကုန်ပြခန်းက ၁၉ ခန်း၊ အထွေထွေလုပ်ငန်းပြခန်းက ၂၁ ခန်း၊ နည်းပညာပြခန်းက ၁၈ ခန်းပါဝင်မှာလို့သိရပြီး အခုနှစ်ပြပွဲ မှာ ယွန်းပြလုပ်ပုံအဆင့်ဆင့်ကို သရုပ်ဖော်ခင်းကျင်းပြသသွားဖို့စီစဉ်ထားတယ်လို့ ဦးစီးမှူးဦးအောင်သင်း ကပြောပါတယ်။

KT
မန္တလေး ၊ ဒီဇင်ဘာ ၁၃

(  Zawgyi  )

 ျမန္မာ့႐ိုးရာလက္မႈပစၥည္းထုတ္လုပ္ပုံျပခန္းတစ္ခ်ိဳ႕အပါအဝင္ စားေသာက္ကုန္ လူသုံးကုန္ အလွကုန္နဲ႔ပန္း ၁၀ မ်ိဳးလက္မႈ အႏုပညာ ပစၥည္းျပ ခန္းေပါင္း ၁၂၀ ေက်ာ္ပါဝင္မယ့္ အေသးစားစက္မႈလက္မႈႏွင့္ျမန္မာ့႐ိုးရာ ပန္းဆယ္မ်ိဳး လက္မႈအႏုပညာထုတ္ကုန္ပစၥည္းျပပြဲႏွင့္ေဈးေရာင္းပြဲကို မႏၲေလးၿမိဳ႕မွာ လာမယ့္ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာက်င္းပျပဳလုပ္သြားဖို႔ရွိတယ္လို႔ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန (မႏၲေလး တိုင္းေဒသႀကီး) ဆီက သိရပါတယ္။
 
စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနရဲ႕ဦးေဆာင္မႈနဲ႔ မႏၲေလးတိုင္းေဒသႀကီး အေသးစား စက္မႈလက္မႈ လုပ္ငန္း ဦးစီးဌာန ကႀကီးမႉး စီစဥ္တာ ျဖစ္ၿပီး မႏၲေလးၿမိဳ႕ မဂၤလာမႏၲေလးပ႐ိုမိုးရွင္းဧရိယာမွာ ၃ ရက္တိုင္ေအာင္က်င္းပသြားမွာပါ။ အေသးစား စက္မႈထုတ္ကုန္ေတြေဈးကြက္ ရရွိဖို႔ေမွ်ာ္လင့္ခ်က္ေတြလည္းပါပါတယ္၊ ဒီလိုျပပြဲေတြကေန ျပပြဲလာသူေတြက ဒီအေသးစားထုတ္ကုန္ေတြကို ဝယ္ယူအားေပးျခင္းအားျဖင့္ အေသးစားစက္မႈထုတ္ကုန္ေတြပိုမိုတိုးတက္လာမယ္ေပါ့ အဲဒီလိုရည္႐ြယ္ခ်က္ေတြလည္းရွိပါတယ္ လို႔ ျပပြဲက်င္းပရတဲ့ရည္ ႐ြယ္ခ်က္ တစ္ခ်ိဳ႕နဲ႔ ပတ္သက္ၿပီး မႏၲေလးတိုင္းေဒသႀကီး အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ တိုင္းဦးစီးမႉးဦးေအာင္သင္းကေျပာပါတယ္။

အေသးစားစက္မႈလက္မႈလုပ္ငန္းေတြဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔၊ ျမန္မာ့႐ိုးရာလက္မႈအႏုပညာလုပ္ငန္းေတြတိမ္ေကာပေပ်ာက္မသြားေစဖို႔နဲ႔ အေသးစား စက္မႈလက္မႈလုပ္ငန္းေတြ ျပည္တြင္းျပည္ပေဈးကြက္ပိုမိုရရွိေစဖို႔ရည္႐ြယ္က်င္းပတဲ့ ဒီျပပြဲကို ၂၀၁၆ ခုႏွစ္က စတင္က်င္းပခဲ့ တာျဖစ္ၿပီး အခုဆိုရင္ စတုတၳအႀကိမ္ရွိၿပီလို႔သိရပါတယ္။

ဌာနမွာမွတ္ပုံတင္ထားတဲ့အေသးစား စက္မႈလက္မႈလုပ္ငန္းေတြ၊ သမဝါယမအသင္းေတြ၊ စားေသာက္ကုန္လူသုံးကုန္အလွကုန္နဲ႔ ပန္းဆယ္ မ်ိဳးလက္မႈအႏုပညာပစၥည္းေတြပါဝင္တဲ့ ျပခန္း ေပါင္း ၁၂၀ ေက်ာ္ပါဝင္ျပသေရာင္းခ်သြားမွာပါ၊ ျပပြဲမွာ ထုတ္ကုန္ပစၥည္းေတြျပသေရာင္းခ်ျခင္း၊ လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအေထာက္အကူျပဳေဆြးေႏြးပြဲေတြနဲ႔ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလည္းပါဝင္မွာပါ လို႔လည္း ၎ကေျပာပါတယ္။

အခုက်င္းပသြားမယ့္စတုတၳအႀကိမ္ေျမာက္ အေသးစားစက္မႈလက္မႈနဲ႔ျမန္မာ့႐ိုးရာပန္းဆယ္မ်ိဳး လက္မႈအႏုပညာထုတ္ကုန္ပစၥည္းျပပြဲ ေဈးေရာင္းပြဲ ကို ဒီဇင္ဘာလ ၂၀ ရက္ကေန ၂၂ ရက္အထိ ၃ ရက္က်င္းပသြားမွာျဖစ္ၿပီး ပန္း ၁၀ မ်ိဳးလက္မႈအႏုပညာျပခန္းက ၄၃ ခန္း၊ စားေသာက္ကုန္လုပ္ငန္းျပခန္း က ၂၄ ခန္း၊ လူသုံးကုန္နဲ႔အလွကုန္ျပခန္းက ၁၉ ခန္း၊ အေထြေထြလုပ္ငန္းျပခန္းက ၂၁ ခန္း၊ နည္းပညာျပခန္းက ၁၈ ခန္းပါဝင္မွာလို႔သိရၿပီး အခုႏွစ္ျပပြဲ မွာ ယြန္းျပလုပ္ပုံအဆင့္ဆင့္ကို သ႐ုပ္ေဖာ္ခင္းက်င္းျပသသြားဖို႔စီစဥ္ထားတယ္လို႔ ဦးစီးမႉးဦးေအာင္သင္း ကေျပာပါတယ္။

KT
မႏၲေလး ၊ ဒီဇင္ဘာ ၁၃