မြန်မာ့ရွှေဈေး ကျပ် ၁၂ သိန်းအထိ ဈေးနှုန်းစံချိန်တင် မြင့်တက်လာ

မြန်မာ့ရွှေဈေး ကျပ် ၁၂ သိန်းအထိ ဈေးနှုန်းစံချိန်တင် မြင့်တက်လာ

ပြီးခဲ့တဲ့လပိုင်းအတွင်းကစလို့ မြန်မာ့ရွှေဈေးဟာ အမြင့်ပိုင်းဈေးမှာ ရှိနေခဲ့သလို သြဂုတ် ၇ ရက်၊ နေ့လယ်ပိုင်းအချိန်မှာတော့ မြန်မာ့ရွှေဈေးဟာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းအထိ ဈေးနှုန်းစံချိန်တင် မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းမှ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း မြန်မာ့ရွှေဈေးဟာ ကျပ် ၁၁၇၀၀၀၀ ကျော် ဝန်းကျင် ဈေးနှုန်းရှိနေရာကနေ သြဂုတ် ၇ ရက် တွင် ကျပ် ၁၂၀၀၀၀၀ အထိ ကျပ် ၃ သောင်းကျော်ခန့် ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ယခုလို ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်ရတာဟာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုကြောင့်ဖြစ်ပြီး လက်ရှိအနေအထားမှာတော့ မြန်မာ့ရွှေဈေးဟာ အမြင့်ပိုင်းမှာပဲ ဆက်လက်တည်ရှိနေမယ်လို့လည်း ရွှေလုပ်ငန်းရှင်များက ခန့်မှန်းထားကြပါတယ်။

သြဂုတ် ၇ ရက် နေ့လည်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနှုန်းများကတော့ ၁၆ ပဲရည်၊ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၂၀၀၀၀၀ ကျပ်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁၁၂၉၅၀၀ တို့အထိ ဈေးနှုန်းစံချိန်တင် မြင့်တက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်ထရွိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၈၆ ဒေါ်လာအထိ ဈေးနှုန်းရှိနေခဲ့တာပါ။

ဒါ့အပြင် သြဂုတ် ၇ ရက် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းကလည်း အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၅၀၇ ကျပ်၊ ရောင်းဈေး ၁၅၁၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၈၈ ကျပ်၊ ရောင်းဈေး ၁၀၉၅ ကျပ်နှင့် ဥရောပငွေကြေး တစ်ယူရိုလျှင် ဝယ်ဈေး ၁၆၇၀ ကျပ်၊ ရောင်းဈေး ၁၆၈၅ ကျပ်အထိ ပေါက်ဈေးရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် - ၈

( Zawgyi )

ၿပီးခဲ့တဲ့လပိုင္းအတြင္းကစလို႔ ျမန္မာ့ေ႐ႊေဈးဟာ အျမင့္ပိုင္းေဈးမွာ ရွိေနခဲ့သလို ၾသဂုတ္ ၇ ရက္၊ ေန႔လယ္ပိုင္းအခ်ိန္မွာေတာ့ ျမန္မာ့ေ႐ႊေဈးဟာ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၂ သိန္းအထိ ေဈးႏႈန္းစံခ်ိန္တင္ ျမင့္တက္လာခဲ့တယ္လို႔ ေ႐ႊေဈးကြက္အတြင္းမွ သိရပါတယ္။

ယခုရက္ပိုင္းအတြင္း ျမန္မာ့ေ႐ႊေဈးဟာ က်ပ္ ၁၁၇၀၀၀၀ ေက်ာ္ ဝန္းက်င္ ေဈးႏႈန္းရွိေနရာကေန ၾသဂုတ္ ၇ ရက္ တြင္ က်ပ္ ၁၂၀၀၀၀၀ အထိ က်ပ္ ၃ ေသာင္းေက်ာ္ခန႔္ ေဈးႏႈန္းျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။

ယခုလို ျပည္တြင္းေ႐ႊေဈးႏႈန္း ျမင့္တက္ရတာဟာ ကမာၻ႔ေ႐ႊေဈးႏႈန္း ျမင့္တက္မႈေၾကာင့္ျဖစ္ၿပီး လက္ရွိအေနအထားမွာေတာ့ ျမန္မာ့ေ႐ႊေဈးဟာ အျမင့္ပိုင္းမွာပဲ ဆက္လက္တည္ရွိေနမယ္လို႔လည္း ေ႐ႊလုပ္ငန္းရွင္မ်ားက ခန႔္မွန္းထားၾကပါတယ္။

ၾသဂုတ္ ၇ ရက္ ေန႔လည္ပိုင္းမွာျဖစ္ေပၚခဲ့တဲ့ ေ႐ႊေဈးႏႈန္းမ်ားကေတာ့ ၁၆ ပဲရည္၊ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ ၁၂၀၀၀၀၀ က်ပ္ႏွင့္ ၁၅ ပဲရည္ တစ္က်ပ္သားလွ်င္ က်ပ္ ၁၁၂၉၅၀၀ တို႔အထိ ေဈးႏႈန္းစံခ်ိန္တင္ ျမင့္တက္လာခဲ့တာျဖစ္ၿပီး ကမာၻ႔ေ႐ႊေဈးကေတာ့ တစ္ထ႐ြိဳင္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၄၈၆ ေဒၚလာအထိ ေဈးႏႈန္းရွိေနခဲ့တာပါ။

ဒါ့အျပင္ ၾသဂုတ္ ၇ ရက္ ႏိုင္ငံျခားေငြ လဲလွယ္မႈႏႈန္းကလည္း အေမရိကန္ တစ္ေဒၚလာလွ်င္ ဝယ္ေဈး ၁၅၀၇ က်ပ္၊ ေရာင္းေဈး ၁၅၁၀ က်ပ္၊ စင္ကာပူ တစ္ေဒၚလာလွ်င္ ဝယ္ေဈး ၁၀၈၈ က်ပ္၊ ေရာင္းေဈး ၁၀၉၅ က်ပ္ႏွင့္ ဥေရာပေငြေၾကး တစ္ယူ႐ိုလွ်င္ ဝယ္ေဈး ၁၆၇၀ က်ပ္၊ ေရာင္းေဈး ၁၆၈၅ က်ပ္အထိ ေပါက္ေဈးရွိေနခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ - ၈