မြန်မာ-ဂျပန် ဆေးပညာရှင်များ ပူးပေါင်းကာ ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှု လုပ်ဆောင်ရန် စီစဉ်

မြန်မာ-ဂျပန် ဆေးပညာရှင်များ ပူးပေါင်းကာ ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှု လုပ်ဆောင်ရန် စီစဉ်

မြန်မာနိုင်ငံက ဆေးပညာရှင်တွေနဲ့ ဂျပန်နိုင်ငံ Kyushu University မှ ဆေးပညာရှင်များ ပူးပေါင်းကာ ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ရှိ ရန်ကုန်ကလေးဆေးရုံကြီးမှာ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“လာမယ့် ဇန်နဝါရီထဲ ဂျပန်အဖွဲ့တွေ လာပြီးတော့ အစားထိုးခွဲစိတ်ပေးမယ့် ကလေးတွေကို အသေးစိတ်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်၊ ခွဲစိတ်တာကိုတော့ မတ်လထဲမှာ လုပ်ဆောင်သွားကြမှာပါ” လို့ ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) မှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာစုစုဒွေး က ပြောပါတယ်။

အဆိုပါ အစားထိုးခွဲစိတ် ကုသပေးမှုကို ဂျပန်နိုင်ငံ Kyushu University မှ ပါမောက္ခ ဒေါက်တာ Taguchi ဦးဆောင်တဲ့ ဆေးပညာရှင်တွေက မြန်မာနိုင်ငံက ဆေးပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး လူနာရှင်များဘက်မှ ကုန်ကျစရာမလိုဘဲ ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ကျခံမှုနဲ့ လုပ်ဆောင်ကာ ဂျပန်ဆေးပညာရှင်တွေရဲ့ ကုန်ကျစရိတ်ကိုတော့ Japan Heart အဖွဲ့ကနေ တာဝန်ယူလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီးမှာ လက်ရှိကာလမှာ အသည်းရောဂါဖြစ်နေတဲ့ ကလေးတွေကို တစ်လလျှင် အယောက် ၃၀ နှုန်းလောက် ခွဲစိတ်ပေးနိုင်တဲ့ အနေအထားမျိုးရှိပေမယ့် အခုလို အသည်းအစားထိုး လုပ်ကိုင်မယ့် အစီအစဉ်တွေကြောင့် ဝေဒနာရှင်ကလေးတွေအနေနဲ့ ကျန်းမာစွာ သက်တမ်းစေ့နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ထို ဂျပန်အဖွဲ့ဟာ အသည်းနဲ့ သည်းခြေလမ်းကြောင်းဆိုင်ရာ အပါအဝင် တခြားသော ခွဲစိတ်ကုသမှုတွေနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်က စတင်ပြီး ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ကလေးဆေးရုံကြီးကို လာရောက်ခဲ့ကြသလို ၂၀၁၇ တွင် တစ်ကြိမ်၊ ၂၀၁၈ ဖေဖော်ဝါရီလ တွင် တစ်ကြိမ်၊ သြဂုတ်လတွင် မန္တလေး မြို့က ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတို့မှာ လာရောက်ခွဲစိတ် ကုသပေးတာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ကလေးတွေအတွက် အသည်းအစားထိုး ခွဲစိတ်ကုသပေးမှုဟာ ပထမဆုံးအကြိမ်အဖြစ် စီစဉ်နေတာမျိုးဖြစ်ပြီး သမိုင်းမှတ်တိုင်သစ် တစ်ခုကိုလည်း ပြည်တွင်းဆေးပညာလောကမှာ ဖော်ဆောင်နိုင်မယ့် အခြေအနေမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

ျမန္မာႏိုင္ငံက ေဆးပညာရွင္ေတြနဲ႔ ဂ်ပန္ႏိုင္ငံ Kyushu University မွ ေဆးပညာရွင္မ်ား ပူးေပါင္းကာ ကေလးအသည္းအစားထိုး ခြဲစိတ္ကုသမႈကို ရန္ကုန္ၿမိဳ႕ရွိ ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“လာမယ့္ ဇန္နဝါရီထဲ ဂ်ပန္အဖြဲ႕ေတြ လာၿပီးေတာ့ အစားထိုးခြဲစိတ္ေပးမယ့္ ကေလးေတြကို အေသးစိတ္ေ႐ြးခ်ယ္ေပးသြားမွာ ျဖစ္ပါတယ္၊ ခြဲစိတ္တာကိုေတာ့ မတ္လထဲမွာ လုပ္ေဆာင္သြားၾကမွာပါ” လို႔ ရန္ကုန္ကေလးေဆး႐ုံႀကီး (ဟယ္လ္ပင္) မွ ေဆး႐ုံအုပ္ႀကီးျဖစ္သူ ေဒါက္တာစုစုေဒြး က ေျပာပါတယ္။

အဆိုပါ အစားထိုးခြဲစိတ္ ကုသေပးမႈကို ဂ်ပန္ႏိုင္ငံ Kyushu University မွ ပါေမာကၡ ေဒါက္တာ Taguchi ဦးေဆာင္တဲ့ ေဆးပညာရွင္ေတြက ျမန္မာႏိုင္ငံက ေဆးပညာရွင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာျဖစ္ၿပီး လူနာရွင္မ်ားဘက္မွ ကုန္က်စရာမလိုဘဲ ခြဲစိတ္မႈကုန္က်စရိတ္အားလုံးကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနရဲ႕ က်ခံမႈနဲ႔ လုပ္ေဆာင္ကာ ဂ်ပန္ေဆးပညာရွင္ေတြရဲ႕ ကုန္က်စရိတ္ကိုေတာ့ Japan Heart အဖြဲ႕ကေန တာဝန္ယူလုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ လက္ရွိကာလမွာ အသည္းေရာဂါျဖစ္ေနတဲ့ ကေလးေတြကို တစ္လလွ်င္ အေယာက္ ၃၀ ႏႈန္းေလာက္ ခြဲစိတ္ေပးႏိုင္တဲ့ အေနအထားမ်ိဳးရွိေပမယ့္ အခုလို အသည္းအစားထိုး လုပ္ကိုင္မယ့္ အစီအစဥ္ေတြေၾကာင့္ ေဝဒနာရွင္ကေလးေတြအေနနဲ႔ က်န္းမာစြာ သက္တမ္းေစ့ေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ထို ဂ်ပန္အဖြဲ႕ဟာ အသည္းနဲ႔ သည္းေျခလမ္းေၾကာင္းဆိုင္ရာ အပါအဝင္ တျခားေသာ ခြဲစိတ္ကုသမႈေတြနဲ႔ ပတ္သက္လို႔ ၂၀၁၆ ခုႏွစ္က စတင္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ရန္ကုန္ကေလးေဆး႐ုံႀကီးကို လာေရာက္ခဲ့ၾကသလို ၂၀၁၇ တြင္ တစ္ႀကိမ္၊ ၂၀၁၈ ေဖေဖာ္ဝါရီလ တြင္ တစ္ႀကိမ္၊ ၾသဂုတ္လတြင္ မႏၲေလး ၿမိဳ႕က ခုတင္ ၅၅၀ ဆံ့ ကေလးေဆး႐ုံႀကီးတို႔မွာ လာေရာက္ခြဲစိတ္ ကုသေပးတာေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

အခုလို ကေလးေတြအတြက္ အသည္းအစားထိုး ခြဲစိတ္ကုသေပးမႈဟာ ပထမဆုံးအႀကိမ္အျဖစ္ စီစဥ္ေနတာမ်ိဳးျဖစ္ၿပီး သမိုင္းမွတ္တိုင္သစ္ တစ္ခုကိုလည္း ျပည္တြင္းေဆးပညာေလာကမွာ ေဖာ္ေဆာင္ႏိုင္မယ့္ အေျခအေနမ်ိဳး ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂