မြန်မာ-တရုတ် ချစ်ကြည်ရေး တေးသီချင်းဖျော်ဖြေပွဲ ကျင်းပ

မြန်မာ-တရုတ် ချစ်ကြည်ရေး တေးသီချင်းဖျော်ဖြေပွဲ ကျင်းပ

မြန်မာ-တရုတ် ချစ်ကြည်ရေး သီချင်းဖျော်ဖြေပွဲတစ်ရပ်ကို (ဒီဇင်ဘာ ၉ ရက်) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ “Our Region our song” ဖျော်ဖြေပွဲဟာ နိုင်ငံဖြတ်ကျော် တေးဂီတဖလှယ်တဲ့ လှုပ်ရှားမှုမျိုးဖြစ်ပြီး ပြည်တွင်းက လူငယ်တေးသံရှင်တွေနဲ့ တရုတ်နိုင်ငံမှ တေးသံရှင်နှစ်ဦးတို့က သီဆိုဖျော်ဖြေကြတာ ဖြစ်ပါတယ်။   

ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မွန်ဂိုရီးယားနဲ့ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ဒီကနေ့အထိ ကျင်းပတာဖြစ်ပြီး ၂၀၁၈ ခုနှစ် လန်ချန်း-မဲခေါင် တစ်မြစ်တည်းစီး တစ်ရေတည်းသောက် ချစ်ကြည်ရေး သီချင်းလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အခုဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုအခမ်းအနားမှာတော့ မြန်မာလူငယ်တေးသံရှင်တွေဖြစ်တဲ့ စိုင်းဂုဏ်ခေး၊ မေဖူးမာန်၊ မေမြတ်သွေး နဲ့ ဟိန်းဝဏ္ဏလျှံ တို့ မောင်နှစ်မ၊ သုခဦး၊ တူးမိုင်၊ ကိုဖြိုး၊ အောင်ကျော်စိုး၊ ပက်ထရစ်ရှာလင်း၊ ဆုမြတ်နိုး၊ ရဲထိုက် တို့က မြန်မာတေးသီချင်းတစ်ပုဒ်၊ တရုတ်တေးသီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေခဲ့ကြသလို တရုတ်နိုင်ငံက တေးသံရှင် Yi Lin နဲ့ Wei Yu တို့က ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။သူတို့တွေဟာ ပညာသင်ယူနေဆဲ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်နေသလို ရှမ်း၊ ကချင် လူမျိုးတွေ၊ မြန်မာနိုင်ငံနေ တရုတ်နွယ်ဖွားတွေ ပါဝင်ကြတယ်လို့ သိရပါတယ်။အဲ့ဒီ ဆန်ကာတင် ရွေးချယ်ထားတဲ့ တေးသံရှင် ၁၀ ဦးကို ဆုကြေးငွေ ကျပ်ငါးသိန်း ချီးမြှင့်မှုနဲ့ သူတို့ရဲ့ ပွဲဦးထွက် ဖျော်ဖြေတင်ဆက်တာကို ဒီကနေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ELBC ကျောင်းမှာ တက်ရောက်နေတာပါ၊ သီချင်းဆိုတာကို ဝါသနာပါတယ်လေ၊ ငယ်ငယ်ကတည်းက သီချင်းဆိုတာ ဝါသနာပါခဲ့တာပါ အစ်ကိုနဲ့ အတူတူဆိုဖြစ်ခဲ့တာပေါ့” လို့လည်း ယင်းအခမ်းအနားမှာ ပါဝင် သီဆိုခဲ့တဲ့ တေးသံရှင် မေမြတ်သွေး က ပြောပါတယ်။

အခုအခမ်းအနားမှာ ဖျော်ဖြေကြတဲ့ ကလေးတွေရဲ့ သီဆိုမှုဟာ အရည်အသွေးကောင်းတဲ့ အခြေအနေမျိုးတွေ့ရပြီး တရုတ်သီချင်းများကို ပီပီသသဖြင့် သီဆိုနိုင်တာမျိုးကို တွေ့ရကြောင်း၊ နိုင်ငံချင်းဆက်နွယ်မှုမှာ ယဉ်ကျေးမှုဟာ အလွန်ပဲအရေးကြီးပြီး ယဉ်ကျေးမှုမှာ Music ကလည်း အရေးကြီးတဲ့ အနေအထားမျိုး ပါဝင်နေတယ်လို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်သိမ့်သိမ့်ဆွေ က ပြောကြားခဲ့ပါတယ်။

ထိုဖျော်ဖြေပွဲကို China Radio International, China.com Myanmar, ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ Guang Xi TV, Fu Xing Confucius Classroom အာဆီယံ ၁၀ နိုင်ငံရှိ မီဒီယာများ ပူးပေါင်းကျင်းပတာ ဖြစ်သလို ယင်းဖျော်ဖြေပွဲကို China Radio International, Guang Xi TV စတဲ့ မီဒီယာတွေမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရး သီခ်င္းေဖ်ာ္ေျဖပြဲတစ္ရပ္ကို (ဒီဇင္ဘာ ၉ ရက္) မြန္းလြဲ ၂ နာရီက ရန္ကုန္ၿမိဳ႕၊ မင္းရဲေက်ာ္စြာလမ္းရွိ ရန္ကုန္ တ႐ုတ္ယဥ္ေက်းမႈစင္တာမွာ က်င္းပခဲ့ပါတယ္။

အဆိုပါ “Our Region our song” ေဖ်ာ္ေျဖပြဲဟာ ႏိုင္ငံျဖတ္ေက်ာ္ ေတးဂီတဖလွယ္တဲ့ လႈပ္ရွားမႈမ်ိဳးျဖစ္ၿပီး ျပည္တြင္းက လူငယ္ေတးသံရွင္ေတြနဲ႔ တ႐ုတ္ႏိုင္ငံမွ ေတးသံရွင္ႏွစ္ဦးတို႔က သီဆိုေဖ်ာ္ေျဖၾကတာ ျဖစ္ပါတယ္။   

ဗီယက္နမ္၊ လာအို၊ ကေမာၻဒီးယား၊ မြန္ဂိုရီးယားနဲ႔ ဖိလစ္ပိုင္ စတဲ့ ႏိုင္ငံေတြမွာလည္း ဒီကေန႔အထိ က်င္းပတာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ လန္ခ်န္း-မဲေခါင္ တစ္ျမစ္တည္းစီး တစ္ေရတည္းေသာက္ ခ်စ္ၾကည္ေရး သီခ်င္းလႈပ္ရွားမႈရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ အခုေဖ်ာ္ေျဖပြဲဟာ ျမန္မာႏိုင္ငံမွာ ပထမဆုံး က်င္းပလာခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ထိုအခမ္းအနားမွာေတာ့ ျမန္မာလူငယ္ေတးသံရွင္ေတြျဖစ္တဲ့ စိုင္းဂုဏ္ေခး၊ ေမဖူးမာန္၊ ေမျမတ္ေသြး နဲ႔ ဟိန္းဝဏၰလွ်ံ တို႔ ေမာင္ႏွစ္မ၊ သုခဦး၊ တူးမိုင္၊ ကိုၿဖိဳး၊ ေအာင္ေက်ာ္စိုး၊ ပက္ထရစ္ရွာလင္း၊ ဆုျမတ္ႏိုး၊ ရဲထိုက္ တို႔က ျမန္မာေတးသီခ်င္းတစ္ပုဒ္၊ တ႐ုတ္ေတးသီခ်င္းတစ္ပုဒ္နဲ႔ ေဖ်ာ္ေျဖခဲ့ၾကသလို တ႐ုတ္ႏိုင္ငံက ေတးသံရွင္ Yi Lin နဲ႔ Wei Yu တို႔က ပါဝင္ေဖ်ာ္ေျဖခဲ့ၾကတာ ျဖစ္ပါတယ္။သူတို႔ေတြဟာ ပညာသင္ယူေနဆဲ ေက်ာင္းသား၊ ေက်ာင္းသူေတြ ပါဝင္ေနသလို ရွမ္း၊ ကခ်င္ လူမ်ိဳးေတြ၊ ျမန္မာႏိုင္ငံေန တ႐ုတ္ႏြယ္ဖြားေတြ ပါဝင္ၾကတယ္လို႔ သိရပါတယ္။အဲ့ဒီ ဆန္ကာတင္ ေ႐ြးခ်ယ္ထားတဲ့ ေတးသံရွင္ ၁၀ ဦးကို ဆုေၾကးေငြ က်ပ္ငါးသိန္း ခ်ီးျမႇင့္မႈနဲ႔ သူတို႔ရဲ႕ ပြဲဦးထြက္ ေဖ်ာ္ေျဖတင္ဆက္တာကို ဒီကေန႔မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

“ELBC ေက်ာင္းမွာ တက္ေရာက္ေနတာပါ၊ သီခ်င္းဆိုတာကို ဝါသနာပါတယ္ေလ၊ ငယ္ငယ္ကတည္းက သီခ်င္းဆိုတာ ဝါသနာပါခဲ့တာပါ အစ္ကိုနဲ႔ အတူတူဆိုျဖစ္ခဲ့တာေပါ့” လို႔လည္း ယင္းအခမ္းအနားမွာ ပါဝင္ သီဆိုခဲ့တဲ့ ေတးသံရွင္ ေမျမတ္ေသြး က ေျပာပါတယ္။

အခုအခမ္းအနားမွာ ေဖ်ာ္ေျဖၾကတဲ့ ကေလးေတြရဲ႕ သီဆိုမႈဟာ အရည္အေသြးေကာင္းတဲ့ အေျခအေနမ်ိဳးေတြ႕ရၿပီး တ႐ုတ္သီခ်င္းမ်ားကို ပီပီသသျဖင့္ သီဆိုႏိုင္တာမ်ိဳးကို ေတြ႕ရေၾကာင္း၊ ႏိုင္ငံခ်င္းဆက္ႏြယ္မႈမွာ ယဥ္ေက်းမႈဟာ အလြန္ပဲအေရးႀကီးၿပီး ယဥ္ေက်းမႈမွာ Music ကလည္း အေရးႀကီးတဲ့ အေနအထားမ်ိဳး ပါဝင္ေနတယ္လို႔ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) မွ ဆရာမတစ္ဦးျဖစ္တဲ့ ေဒၚသိမ့္သိမ့္ေဆြ က ေျပာၾကားခဲ့ပါတယ္။

ထိုေဖ်ာ္ေျဖပြဲကို China Radio International, China.com Myanmar, ရန္ကုန္တ႐ုတ္ယဥ္ေက်းမႈစင္တာ၊ Guang Xi TV, Fu Xing Confucius Classroom အာဆီယံ ၁၀ ႏိုင္ငံရွိ မီဒီယာမ်ား ပူးေပါင္းက်င္းပတာ ျဖစ္သလို ယင္းေဖ်ာ္ေျဖပြဲကို China Radio International, Guang Xi TV စတဲ့ မီဒီယာေတြမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀