မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေဖို့ ချစ်ကြည်ရေး တံတားအမှတ်(၂)ကို ဖွင့်လှစ်ခဲ့

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေဖို့ ချစ်ကြည်ရေး တံတားအမှတ်(၂)ကို ဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကြားမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေဖို့အတွက် သောင်ရင်းမြစ် ကိုဖြတ်ကာ တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ယနေ့(အောက်တိုဘာ ၃၀ရက်) မနက်က ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ တံတားဟာအရှည် ၇၆၀ မီတာ၊ အကျယ် ၁၇ ဒသမ ၂ မီတာရှိကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် Box Girder နှစ်လမ်းသွား တံတားဖြစ်ပြီး မြန်မာဘက်အခြမ်းရှိ မြဝတီမြို့နဲ့ ထိုင်းဘက်အခြမ်း မဲဆောက်မြို့ တို့ကို ဆက်သွယ်ကာ သောင်ရင်းမြစ်ကို ဖြတ်သန်း တည်ဆောက်ထားကြောင်း၊ နှစ်ဖက်ချဉ်းကပ်လမ်းတွေ၊ Border Control Facilities (BCF)များ၊ Traffic Change Over တို့ကို ထည့်သွင်းကာ အဆင့်မြင့်နည်းပညာ (High Technology)များ အသုံးပြုတည်ဆောက်ထားတဲ့ စံချိန်စံညွှန်းအရည်အသွေးကောင်းစွာ တည်ဆောက် ထားသော တံတားလည်း ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကြားမှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပူးတွဲကော်မတီ (JBTC) ကို ဖွဲ့စည်း ဆောင်ရွက်နေပြီး ကုန်သွယ်မှုမြှင့်တင်ရေး ကိစ္စတွေ အပါအဝင် ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုတွေကို ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံအဓိကကုန်သွယ်မှု လမ်းကြောင်းတွေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ပြီး သယ်ယူပို့ဆောင်ရေး မြန်ဆန်ဖို့ လိုအပ် လာကြောင်း၊ မြန်မာဘက်အခြမ်းက မြဝတီမြို့နဲ့ ထိုင်းဘက်အခြမ်းက မဲဆောက်မြို့တို့ကြားမှာ တည်ဆောက်ထားသော ချစ်ကြည်ရေး တံတားအမှတ်(၁)ဟာ နှစ်နိုင်ငံကုန်သွယ်ရေးယာဉ်တွေ တိုးတက် များပြားလာတာကြောင့် ယခုလို ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ထိုင်းအစိုးရရဲ့အကူအညီဖြင့် တည်ဆောက်ပေးနိုင်ဖို့ ညှိနှိုင်းခဲ့ပြီး လွန်ခဲ့သော မတ်လ ၁၉ ရက်ကလည်း တံတားပြီးမြောက်ခြင်း အခမ်းအနား တစ်ရပ်ကျင်းပခဲ့ရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Prayit Chan-o-cha နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြောင်း၊ ယခုတံတားကြီးမှ နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာ စေခြင်းများသာမက ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေအပါအဝင် ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေကာ ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာစေမှာဖြစ်တယ်လို့ ယင်းတံတား ဖွင့်ပွဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့ပါတယ်။

ထိုတံတားကနေ နှစ်နိုင်ငံကုန်သွယ်ရေးအတွက်သာမက ဗီယက်နမ်နိုင်ငံ၊ ဒါနမ်မြို့နဲ့ မြန်မာနိုင်ငံက မော်လမြိုင် မြို့တို့ကို ဖြတ်သန်းဆက်သွယ် ထားတဲ့ အရှေ့-အနောက် စီးပွားရေးစင်္ကြ ံလမ်း (East-West Economic Corridor)ပေါ်တွင် ကျရောက်တာကြောင့် ဒေသတွင်းနိုင်ငံတွေရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးတိုးတက်ဖို့လည်း အကျိုးရှိစေမယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ အောက်တိုဘာ ၃၀
 (ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန)

(  Zawgyi  )

 ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔ၾကားမွာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ လမ္းပန္းဆက္သြယ္ေရးက႑ဖြံ႕ၿဖိဳးတိုးတက္ ေစဖို႔အတြက္ ေသာင္ရင္းျမစ္ ကိုျဖတ္ကာ တည္ေဆာက္ထားတဲ့ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)ကို ယေန႔(ေအာက္တိုဘာ ၃၀ရက္) မနက္က ဖြင့္လွစ္ခဲ့ပါတယ္။

အဆိုပါ တံတားဟာအရွည္ ၇၆၀ မီတာ၊ အက်ယ္ ၁၇ ဒသမ ၂ မီတာရွိကာ ႀကိဳတင္အားျဖည့္ သံကူကြန္ကရစ္ Box Girder ႏွစ္လမ္းသြား တံတားျဖစ္ၿပီး ျမန္မာဘက္အျခမ္းရွိ ျမဝတီၿမိဳ႕နဲ႔ ထိုင္းဘက္အျခမ္း မဲေဆာက္ၿမိဳ႕ တို႔ကို ဆက္သြယ္ကာ ေသာင္ရင္းျမစ္ကို ျဖတ္သန္း တည္ေဆာက္ထားေၾကာင္း၊ ႏွစ္ဖက္ခ်ဥ္းကပ္လမ္းေတြ၊ Border Control Facilities (BCF)မ်ား၊ Traffic Change Over တို႔ကို ထည့္သြင္းကာ အဆင့္ျမင့္နည္းပညာ (High Technology)မ်ား အသုံးျပဳတည္ေဆာက္ထားတဲ့ စံခ်ိန္စံၫႊန္းအရည္အေသြးေကာင္းစြာ တည္ေဆာက္ ထားေသာ တံတားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔ၾကားမွာ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးပူးတြဲေကာ္မတီ (JBTC) ကို ဖြဲ႕စည္း ေဆာင္႐ြက္ေနၿပီး ကုန္သြယ္မႈျမႇင့္တင္ေရး ကိစၥေတြ အပါအဝင္ ကုန္သြယ္မႈလြယ္ကူလ်င္ျမန္ေခ်ာေမြ႕ေစေရး အတြက္ ကုန္သြယ္မႈဆိုင္ရာ ေျဖေလွ်ာ့မႈေတြကို ေဆာင္႐ြက္ေနေၾကာင္း၊ ႏွစ္ႏိုင္ငံအဓိကကုန္သြယ္မႈ လမ္းေၾကာင္းေတြမွာ တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတက္မ်ားျပားလာခဲ့ၿပီး သယ္ယူပို႔ေဆာင္ေရး ျမန္ဆန္ဖို႔ လိုအပ္ လာေၾကာင္း၊ ျမန္မာဘက္အျခမ္းက ျမဝတီၿမိဳ႕နဲ႔ ထိုင္းဘက္အျခမ္းက မဲေဆာက္ၿမိဳ႕တို႔ၾကားမွာ တည္ေဆာက္ထားေသာ ခ်စ္ၾကည္ေရး တံတားအမွတ္(၁)ဟာ ႏွစ္ႏိုင္ငံကုန္သြယ္ေရးယာဥ္ေတြ တိုးတက္ မ်ားျပားလာတာေၾကာင့္ ယခုလို ခ်စ္ၾကည္ေရးတံတားအမွတ္(၂)ကို ထိုင္းအစိုးရရဲ႕အကူအညီျဖင့္ တည္ေဆာက္ေပးႏိုင္ဖို႔ ညႇိႏႈိင္းခဲ့ၿပီး လြန္ခဲ့ေသာ မတ္လ ၁၉ ရက္ကလည္း တံတားၿပီးေျမာက္ျခင္း အခမ္းအနား တစ္ရပ္က်င္းပခဲ့ရာ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Mr. Prayit Chan-o-cha နဲ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ တက္ေရာက္ ခဲ့ေၾကာင္း၊ ယခုတံတားႀကီးမွ ႏွစ္ႏိုင္ငံကုန္သြယ္မႈဖြံ႕ၿဖိဳးတိုးတက္လာ ေစျခင္းမ်ားသာမက ျပည္သူေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး စတဲ့ က႑ေတြအပါအဝင္ ဘက္စုံဖြံ႕ၿဖိဳး တိုးတက္လာေစကာ ေဒသခံေတြရဲ႕ လူေနမႈအဆင့္အတန္း တိုးတက္လာေစမွာျဖစ္တယ္လို႔ ယင္းတံတား ဖြင့္ပြဲမွာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာၾကားခဲ့ပါတယ္။

ထိုတံတားကေန ႏွစ္ႏိုင္ငံကုန္သြယ္ေရးအတြက္သာမက ဗီယက္နမ္ႏိုင္ငံ၊ ဒါနမ္ၿမိဳ႕နဲ႔ ျမန္မာႏိုင္ငံက ေမာ္လၿမိဳင္ ၿမိဳ႕တို႔ကို ျဖတ္သန္းဆက္သြယ္ ထားတဲ့ အေရွ႕-အေနာက္ စီးပြားေရးစၾကၤ ံလမ္း (East-West Economic Corridor)ေပၚတြင္ က်ေရာက္တာေၾကာင့္ ေဒသတြင္းႏိုင္ငံေတြရဲ႕ ကုန္သြယ္ေရးနဲ႔ စီးပြားေရးတိုးတက္ဖို႔လည္း အက်ိဳးရွိေစမယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေအာက္တိုဘာ ၃၀
 (ဓာတ္ပုံ- ေဆာက္လုပ္ေရးဝန္ႀကီးဌာန)