မြန်မာ-အိန္ဒိယ ကုန်သွယ်မှု အခွင့်အလမ်းကောင်းရန်ရည်ရွယ်ထားဟုဆို

 မြန်မာ-အိန္ဒိယ ကုန်သွယ်မှု အခွင့်အလမ်းကောင်းရန်ရည်ရွယ်ထားဟုဆို

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ အခုထက် ပိုမိုကာကောင်းလာရန် ရည်ရွယ် ထားကြောင်း အိန္ဒိယနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ကပြောကြား သွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ငါးရက်တာ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယသမ္မတဟာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Lotte ဟိုတယ်မှာ ဒီကနေ့(ဒီဇင်ဘာ ၁၃ရက်) က ပြုလုပ်တဲ့ ကုန်စည်ပြပွဲမှာ လာရောက်ဖွင့်လှစ်ပေးရင်း ဆွေးနွေးပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၁၃ရက်နေ့ ကနေ ၁၅ရက်နေ့အထိ ယင်းဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး (ရန်ကုန်)မှ အိန္ဒိယနိုင်ငံ အစိုးရ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၊ အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ငါးကြိမ်မြောက် ပြုလုပ်တဲ့ ထိုကုန်စည်ပြပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာသုံး ကိရိယာများ၊ မော်တော်ကားများနဲ့ မော်တော်ကား အစိတ်အပိုင်းများ၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးကိရိယာ များ၊ စက်ယန္တရားများနဲ့ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ဆေးဝါးများ
၊ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ပညာရေး၊ လျှပ်စစ်နဲ့ ဝန်ဆောင်မှုကဏ္ဍများ၊ဆက်သွယ်ရေးနဲ့ ငွေကြေးကဏ္ဍ အစရှိတဲ့ လုပ်ငန်းအသီးသီးပြသနေတာ ဖြစ်ပါတယ်။

ထိုအခမ်းအနားကို မြန်မာနိုင်ငံက ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ အစိုးရအဖွဲ့မှ အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အိန္ဒိယဘက်မှ အိန္ဒိယနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နဲ့ ဌာနဆိုင်ရာများ၊ သံရုံးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံသို့ ငါးရက်အကြာ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေးကိစ္စအပါအဝင်၊ သိပ္ပံနဲ့နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံရဲ့ တရားရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေးအတွက် အကူအညီပေးဖို့ ကိစ္စတွေ အပါအဝင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေကိုလည်း သဘောတူ လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ 

(  Zawgyi  )

 ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔အၾကား ကုန္သြယ္မႈဆိုင္ရာ အခြင့္အလမ္းမ်ား အခုထက္ ပိုမိုကာေကာင္းလာရန္ ရည္႐ြယ္ ထားေၾကာင္း အိႏၵိယႏိုင္ငံ သမၼတ ရွရီရမ္နက္သ္ကိုဗင့္ဒ္ ကေျပာၾကား သြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံကို ငါးရက္တာ ခ်စ္ၾကည္ေရးခရီးအလည္အပတ္ ေရာက္ရွိေနတဲ့ အိႏၵိယသမၼတဟာ ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းမေပၚရွိ Lotte ဟိုတယ္မွာ ဒီကေန႔(ဒီဇင္ဘာ ၁၃ရက္) က ျပဳလုပ္တဲ့ ကုန္စည္ျပပြဲမွာ လာေရာက္ဖြင့္လွစ္ေပးရင္း ေဆြးေႏြးေျပာၾကား သြားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါကုန္စည္ျပပြဲကို ဒီဇင္ဘာလ ၁၃ရက္ေန႔ ကေန ၁၅ရက္ေန႔အထိ ယင္းဟိုတယ္မွာ က်င္းပမွာျဖစ္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး (ရန္ကုန္)မွ အိႏၵိယႏိုင္ငံ အစိုးရ ကူးသန္း ေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ကူးသန္းေရာင္းဝယ္ေရး ဦးစီးဌာန၊ အိႏၵိယႏိုင္ငံ စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္တို႔နဲ႔ မိတ္ဖက္အျဖစ္ ပူးေပါင္းက်င္းပတာ ျဖစ္ပါတယ္။

ငါးႀကိမ္ေျမာက္ ျပဳလုပ္တဲ့ ထိုကုန္စည္ျပပြဲမွာ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ လယ္ယာသုံး ကိရိယာမ်ား၊ ေမာ္ေတာ္ကားမ်ားနဲ႔ ေမာ္ေတာ္ကား အစိတ္အပိုင္းမ်ား၊ သယ္ယူပို႔ေဆာင္ေရး၊ ေဆာက္လုပ္ေရးကိရိယာ မ်ား၊ စက္ယႏၲရားမ်ားနဲ႔ ေဆာက္လုပ္ေရးပစၥည္းမ်ား၊ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးေရး၊ ေဆးဘက္ဆိုင္ရာကိရိယာမ်ား၊ ေဆးဝါးမ်ား
၊ေရနံနဲ႔ သဘာဝဓာတ္ေငြ႕၊ ပညာေရး၊ လွ်ပ္စစ္နဲ႔ ဝန္ေဆာင္မႈက႑မ်ား၊ဆက္သြယ္ေရးနဲ႔ ေငြေၾကးက႑ အစရွိတဲ့ လုပ္ငန္းအသီးသီးျပသေနတာ ျဖစ္ပါတယ္။

ထိုအခမ္းအနားကို ျမန္မာႏိုင္ငံက ဒုတိယသမၼတဦးျမင့္ေဆြနဲ႔ အစိုးရအဖြဲ႕မွ အႀကီးအကဲမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ အိႏၵိယဘက္မွ အိႏၵိယႏိုင္ငံ သမၼတ ရွရီရမ္နက္သ္ကိုဗင့္ဒ္နဲ႔ ဌာနဆိုင္ရာမ်ား၊ သံ႐ုံးမွ တာဝန္ရွိသူမ်ား၊ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

အဆိုပါ အိႏၵိယသမၼတရဲ႕ ျမန္မာႏိုင္ငံသို႔ ငါးရက္အၾကာ ခရီးစဥ္အတြင္းမွာ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးကိစၥ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမင့္ေရးကိစၥအပါအဝင္၊ သိပၸံနဲ႔နည္းပညာ ပူးေပါင္း ေဆာင္႐ြက္ေရးကိစၥ၊ ျမန္မာႏိုင္ငံရဲ႕ တရားေရးက႑ စြမ္းရည္ျမႇင့္တင္ေရးအတြက္ အကူအညီေပးဖို႔ ကိစၥေတြ အပါအဝင္ ႏွစ္ႏိုင္ငံ နားလည္မႈစာခြၽန္လႊာေတြကိုလည္း သေဘာတူ လက္မွတ္ေရးထိုးဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ဒီဇင္ဘာ ၁၃