မြန်မာ - ဩစတြေးလျှ ကုန်သွယ်မှု ဆယ်တစ်လအတွင်း အမေရိကန် ဒေါ်လာသန်း ၁၅၀ကျော် ရှိလာ

မြန်မာ - ဩစတြေးလျှ ကုန်သွယ်မှု ဆယ်တစ်လအတွင်း အမေရိကန် ဒေါ်လာသန်း ၁၅၀ကျော် ရှိလာ

ဩစတြေးလျှ နှင့်မြန်မာအကြားကုန်သွယ်မှု ပမာဏမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆယ့်တစ်လတာကာလအတွင်း ကန်ဒေါ်လာ သန်းတစ်ရာ ငါးဆယ်ရှိခဲ့ကာ ကုန်သွယ်မှုကာလတစ်လျှောက် အများဆုံးဘဏ္ဍာနှစ် ဖြစ်လာနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာ ဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေ စာရင်းအရ သိရပါတယ်။     

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ၊ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/ နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆယ်တစ်လတာကာလဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ဧပြီ၊မေ၊ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လအတွင်း မြန်မာဘက်မှ ဩစတြေးလျှသို့ ပို့ကုန် ကန် ဒေါ်လာ  ၂၄ ဒသမ ၄၅၆ သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ၁၂၅ ဒသမ ၆၉၄ သန်းတင်သွင်းခဲ့ရာစုစုပေါင်းကုန်သွယ်မှု ကန်ဒေါ် လာ၁၅၀ ဒသမ၁၅၀  သန်းရှိခဲ့ပြီး ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်းတစ်ရာကျော်  ဖြစ်ပေါ်ခဲ့ပါတယ်။

ဩစတြေးလျှ -မြန်မာကုန်သွယ်မှုတစ်လျှောက် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းကို ပြန်ကြည့်ပါက  ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀၂  ဒသမ ၀၆၃သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၇၄ ဒသမ၀၁၂ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၈၄  ဒသမ ၆၅၄ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၄၄ ဒသမ ၃၈၅ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၀ ဒသမ ၉၀၄  သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၇၄ ဒသမ ၆၈၉ သန်းထိကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊အောက်တိုဘာ ၃၁

(  Zawgyi  )




PWA
ရန်ကုန်၊အောက်တိုဘာ ၃၁