မြို့နယ်အလိုက်စုစည်း၍ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်မည်

 
မြို့နယ်အလိုက်စုစည်း၍ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေဖွံ့ဖြိုးဖို့အတွက် မြို့နယ် အလိုက်စုစည်းကာ ကော်မတီဖွဲ့လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ယခု ကျောင်းအပ်နှံရေးကာလတွေ ပြီးတဲ့အခါ နယ်မြေအလိုက်၊ မြို့နယ်အလိုက်စုစည်းပြီး ကိုယ့်မြို့နယ် ရပ်ရွာထဲမှာရှိတဲ့ ကျောင်းတွေကို ပိုမိုပြီးဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အစီအစဉ်တွေနဲ့ ကော်မတီ တွေဖွဲ့ပြီး လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့(မေလ ၂၅ရက်) မနက်က အလုံမြို့နယ်၊ အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းမှာ ကျင်းပတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောင်းအပ်နှံရေးအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုသို့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်တဲ့အခါ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များရဲ့ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုပညာသင်နှစ်မှာ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူတွေကို ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ် ခြောက်အုပ်အပြင် ယခင်နှစ်က ကျောင်းဝတ်စုံ ထုတ်ပေးပေမယ့် ယခုနှစ်မှာ ဝတ်စုံအစား ဗလာစာအုပ် နောက်ထပ်ခြောက်အုပ်ပေါင်းပြီး တစ်ဒါဇင် အဖြစ်လည်းကောင်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ပေးတဲ့အပြင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာကြေး၊ စာကြည့်တိုက်ကြေးအပါအဝင် တခြားမည်သည့်အခကြေးငွေမှ ကောက်ခံတာမျိုး မပြုရန် တားမြစ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ မေ ၂၅

(  Zawgyi   )

 ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္ေတြမွာရွိတဲ့ စာသင္ေက်ာင္းေတြဖြံ႕ၿဖိဳးဖို႔အတြက္ ၿမိဳ႕နယ္ အလိုက္စုစည္းကာ ေကာ္မတီဖြဲ႕လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

“ယခု ေက်ာင္းအပ္ႏွံေရးကာလေတြ ၿပီးတဲ့အခါ နယ္ေျမအလိုက္၊ ၿမိဳ႕နယ္အလိုက္စုစည္းၿပီး ကိုယ့္ၿမိဳ႕နယ္ ရပ္႐ြာထဲမွာရွိတဲ့ ေက်ာင္းေတြကို ပိုမိုၿပီးဖြံ႕ၿဖိဳးေအာင္ ဘယ္လိုလုပ္ၾကမယ္ဆိုတဲ့ အစီအစဥ္ေတြနဲ႔ ေကာ္မတီ ေတြဖြဲ႕ၿပီး လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္”လို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဒီကေန႔(ေမလ ၂၅ရက္) မနက္က အလုံၿမိဳ႕နယ္၊ အမွတ္(၄) အေျခခံ ပညာ အထက္တန္းေက်ာင္းမွာ က်င္းပတဲ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ရဲ႕ ရန္ကုန္တိုင္းေဒသႀကီး ေက်ာင္းအပ္ႏွံေရးအခမ္းအနားမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထိုသို႔ေသာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္တဲ့အခါ ၿမိဳ႕နယ္ပညာေရးမႉးမ်ား၊ ေက်ာင္းအုပ္ႀကီး မ်ားရဲ႕ ဦးေဆာင္မႈျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံျပည္သူေတြရဲ႕ ပူးေပါင္းပါဝင္မႈေတြနဲ႔ လုပ္ေဆာင္ သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ယခုပညာသင္ႏွစ္မွာ မူလတန္းအ႐ြယ္ေက်ာင္းသား၊ ေက်ာင္းသူေတြကို ပုံႏွိပ္စာအုပ္ေတြ၊ ဗလာစာအုပ္ ေျခာက္အုပ္အျပင္ ယခင္ႏွစ္က ေက်ာင္းဝတ္စုံ ထုတ္ေပးေပမယ့္ ယခုႏွစ္မွာ ဝတ္စုံအစား ဗလာစာအုပ္ ေနာက္ထပ္ေျခာက္အုပ္ေပါင္းၿပီး တစ္ဒါဇင္ အျဖစ္လည္းေကာင္း၊ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပုံႏွိပ္စာအုပ္မ်ား အခမဲ့ထုတ္ေပးတဲ့အျပင္ ေက်ာင္းလခ၊ မိဘဆရာအသင္းေၾကး၊ အားကစားေၾကး၊ စာေရး ကိရိယာေၾကး၊ စာၾကည့္တိုက္ေၾကးအပါအဝင္ တျခားမည္သည့္အခေၾကးေငြမွ ေကာက္ခံတာမ်ိဳး မျပဳရန္ တားျမစ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေမ ၂၅