မြို့ဝင်ကြေးကောက်ခံမှုစနစ်ဖျက်သိမ်းရေးအဆို ကန့်ကွက်သူများသဖြင့် အဆိုပျက်ပြယ်

မြို့ဝင်ကြေးကောက်ခံမှုစနစ်ဖျက်သိမ်းရေးအဆို ကန့်ကွက်သူများသဖြင့် အဆိုပျက်ပြယ်

ဒေသတွင်းမှာ မြို့ဝင်ကြေးကောက်ခံနေမှုနဲ့ပတ်သက်လို့ အပြီးဖျက်သိမ်းပေးဖို့အတွက် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အဆိုတင်သွင်းခဲ့မှုက ကန့်ကွက်သူများလို့ ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။ "လွှတ်တော်ရဲ့ အဆုံးအဖြတ် ကိုခံယူခဲ့တာမှာ ကန့်ကွက်သူအများစုမို့လို့ ဒီအဆိုရှူံးနိမ့်ခဲ့ရတာပါ၊ ကျွန်တော်ဒါကိုတင်သွင်းတယ်ဆိုတာကလည်း အများပြည်သူအတွက်ပါ၊ ကန့်ကွက်သူတွေဘက်ကတော့ ဒီ ကောက်ခံတဲ့ငွေက ပြည်သူလူထုအတွက် အကျိုးပြုတာလို့ပြောပါတယ်၊ ဂိတ်စနစ်နဲ့ကောက်တဲ့အခါမှာ ပိုကောက်တာတွေရှိတော့ ပြည်သူနဲ့အမြဲပြဿနာဖြစ်ကြပါတယ်၊ ဒါကြောင့်မို့ဒီအဆိုတင်သွင်းခဲ့တာပါ" လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေရဲ့မြို့ဝင်ကြေးကောက်ခံမှုစနစ်ကို အပြီးတိုင်ဖျက်သိမ်း ပေးဖို့ ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ဇန်နဝါရီလ ၂၉ ရက်နေ့ ကကျင်းပတဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) မှာ တင်သွင်းခဲ့တာပါ။ ဒီအဆိုမှာ ဂိတ်စနစ်နဲ့ ကောက်ခံတဲ့အခါမှာ ပြည်သူလူထုနဲ့ထိတွေ့တဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နေတာကြောင့် ဒါကိုအပြီးတိုင်ဖိက်သိမ်းပေးဖို့ အဆိုတင်သွင်းခဲ့တာလို့ ဦးမြင့်စိုးကပြောပါတယ်။

ဒါပေမယ့်လည်း ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကပြုလုပ်တဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) မှာတော့ ဒီအဆိုကိုမဲခွဲဆုံးဖြတ်စေတာမှာ အများစု ကကန့်ကွက်ကြလို့ အဆိုရှုံးနိမ့်သွားခဲ့ပါတယ်။ "မြို့နယ်အလိုက်ဖွံ့ဖြိုးမှူအသုံးစရိတ်တွေက ဒီလိုအခွန် အခတွေနဲ့ပဲသုံးစွဲရတာပါ၊ ဒါကိုဖျက်သိမ်းလိုက်ရင် မြို့နယ်တစ်ခုချင်းဆီအတွက် ဖွံ့ဖြိုးမှုအသုံးစရိတ်လျော့ ကျသွားမှာပါ ဒါကြောင့်မို့လို့ကန့်ကွက်ရတာပါ" လို့ ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။ ဒီအဆိုအပေါ် မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲက ၁၅ မဲ၊ ကန့်ကွက်မဲက ၄၇ မဲ၊ ကြားနေမဲက ၄ မဲဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး ၊ ဖေဖော်ဝါရီ ၅

(  Zawgyi  )

 ေဒသတြင္းမွာ ၿမိဳ႕ဝင္ေၾကးေကာက္ခံေနမႈနဲ႔ပတ္သက္လို႔ အၿပီးဖ်က္သိမ္းေပးဖို႔အတြက္ မႏၲေလးတိုင္း ေဒသႀကီးလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးရဲ႕အဆိုတင္သြင္းခဲ့မႈက ကန္႔ကြက္သူမ်ားလို႔ ပ်က္ျပယ္သြားခဲ့ၿပီျဖစ္ပါတယ္။ "လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ ကိုခံယူခဲ့တာမွာ ကန္႔ကြက္သူအမ်ားစုမို႔လို႔ ဒီအဆိုရႉံးနိမ့္ခဲ့ရတာပါ၊ ကြၽန္ေတာ္ဒါကိုတင္သြင္းတယ္ဆိုတာကလည္း အမ်ားျပည္သူအတြက္ပါ၊ ကန္႔ကြက္သူေတြဘက္ကေတာ့ ဒီ ေကာက္ခံတဲ့ေငြက ျပည္သူလူထုအတြက္ အက်ိဳးျပဳတာလို႔ေျပာပါတယ္၊ ဂိတ္စနစ္နဲ႔ေကာက္တဲ့အခါမွာ ပိုေကာက္တာေတြရွိေတာ့ ျပည္သူနဲ႔အၿမဲျပႆနာျဖစ္ၾကပါတယ္၊ ဒါေၾကာင့္မို႔ဒီအဆိုတင္သြင္းခဲ့တာပါ" လို႔ အဆိုတင္သြင္းခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဦးျမင့္စိုးက ေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ေတြရဲ႕ၿမိဳ႕ဝင္ေၾကးေကာက္ခံမႈစနစ္ကို အၿပီးတိုင္ဖ်က္သိမ္း ေပးဖို႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္ေျမအမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးျမင့္စိုးက ဇန္နဝါရီလ ၂၉ ရက္ေန႔ ကက်င္းပတဲ့ ဒုတိယအႀကိမ္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္၊ (၁၆)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(ဒုတိယေန႔) မွာ တင္သြင္းခဲ့တာပါ။ ဒီအဆိုမွာ ဂိတ္စနစ္နဲ႔ ေကာက္ခံတဲ့အခါမွာ ျပည္သူလူထုနဲ႔ထိေတြ႕တဲ့အခါ မလိုလားအပ္တဲ့ျပႆနာေတြျဖစ္ေနတာေၾကာင့္ ဒါကိုအၿပီးတိုင္ဖိက္သိမ္းေပးဖို႔ အဆိုတင္သြင္းခဲ့တာလို႔ ဦးျမင့္စိုးကေျပာပါတယ္။

ဒါေပမယ့္လည္း ယမန္ေန႔ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ကျပဳလုပ္တဲ့ ဒုတိယအႀကိမ္ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္၊ ၁၆ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(စတုတၳေန႔) မွာေတာ့ ဒီအဆိုကိုမဲခြဲဆုံးျဖတ္ေစတာမွာ အမ်ားစု ကကန္႔ကြက္ၾကလို႔ အဆိုရႈံးနိမ့္သြားခဲ့ပါတယ္။ "ၿမိဳ႕နယ္အလိုက္ဖြံ႕ၿဖိဳးမႉအသုံးစရိတ္ေတြက ဒီလိုအခြန္ အခေတြနဲ႔ပဲသုံးစြဲရတာပါ၊ ဒါကိုဖ်က္သိမ္းလိုက္ရင္ ၿမိဳ႕နယ္တစ္ခုခ်င္းဆီအတြက္ ဖြံ႕ၿဖိဳးမႈအသုံးစရိတ္ေလ်ာ့ က်သြားမွာပါ ဒါေၾကာင့္မို႔လို႔ကန္႔ကြက္ရတာပါ" လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ေျပာပါတယ္။ ဒီအဆိုအေပၚ မဲခြဲဆုံးျဖတ္တဲ့အခါမွာ ေထာက္ခံမဲက ၁၅ မဲ၊ ကန႔္ကြက္မဲက ၄၇ မဲ၊ ၾကားေနမဲက ၄ မဲျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၅