မြောက်ဒဂုံ CB ဘဏ်တွင် ဗုံးထောင်ကာ သေနတ်ဖြင့်ခြမ်းခြောက် အနုကြမ်းစီး၍ သိန်း ၆၀၀ လုယက်

မြောက်ဒဂုံ CB ဘဏ်တွင် ဗုံးထောင်ကာ သေနတ်ဖြင့်ခြမ်းခြောက် အနုကြမ်းစီး၍ သိန်း ၆၀၀ လုယက်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းရှိ CB ဘဏ်တွင် သေနတ်ဖြင့်ထောက်ပြီး သိန်း ၆၀၀ လုယက်မှုဖြစ်ပွားခဲ့ပြီး ဘဏ်အတွင်း ဗုံးတစ်လုံးထားခဲ့တယ်လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်း က Opinion Leaders Media ရဲ့ မေးမြန်းမှုကို အတည်ပြုဖြေကြားခဲ့ပါတယ်။

“CB ဘဏ်ထဲကို သေနတ်နဲ့ထောက်ပြီး ပိုက်ဆံ သိန်း ၆၀၀ လုပြေးသွားတယ်။နောက်ပြီးတော့ ဘဏ်ထဲမှာ ဗုံးတစ်လုံးထားခဲ့တယ်တဲ့။အခု မြို့နယ်မှူးအဖွဲ့တွေက အဲ့ကိုတော့ ရောက်နေကြပြီ” ဦးနိုင်ဇော်လင်း က ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ  ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲစခန်းမှ တာဝန်ကျရဲအရာရှိကလည်း ဖြစ်စဉ်ကို အတည်ပြုပြောကြားခဲ့ပါတယ်။

“အဲ့ဒါက လူကြီးတွေသွားပြီး စိစစ်နေတုန်းဘဲရှိသေးတယ်။မြို့နယ်မှူးတို့၊ စခန်းမှူးတို့ တာဝန်ရှိသူတွေ သွားပြီးစိစစ်နေတုန်းဘဲရှိသေးတယ်။ကျွန်တော်တို့ ဘာမှဘာမှပြောလို့မရသေးလို့ပါ။(ပ) နံပါတ်တွေဘာတွေ ဘာမှမဖွင့်ရသေးပါဘူး။ဖြစ်စဉ်ကအမှန်ပါ။အတည်ပြုဖို့ စိစစ်နေတယ်” လို့ ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဖေဖော်ဝါရီ - ၇
Photo Credit - Ingyin May (FB)
( Zawgyi )
ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ပင္လုံလမ္းရွိ CB ဘဏ္တြင္ ေသနတ္ျဖင့္ေထာက္ၿပီး သိန္း ၆၀၀ လုယက္မႈျဖစ္ပြားခဲ့ၿပီး ဘဏ္အတြင္း ဗုံးတစ္လုံးထားခဲ့တယ္လို႔ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ေဇာ္လင္း က Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို အတည္ျပဳေျဖၾကားခဲ့ပါတယ္။

“CB ဘဏ္ထဲကို ေသနတ္နဲ႔ေထာက္ၿပီး ပိုက္ဆံ သိန္း ၆၀၀ လုေျပးသြားတယ္။ေနာက္ၿပီးေတာ့ ဘဏ္ထဲမွာ ဗုံးတစ္လုံးထားခဲ့တယ္တဲ့။အခု ၿမိဳ႕နယ္မႉးအဖြဲ႕ေတြက အဲ့ကိုေတာ့ ေရာက္ေနၾကၿပီ” ဦးႏိုင္ေဇာ္လင္း က ဆိုပါတယ္။

အဆိုပါျဖစ္စဥ္မွာ  ယေန႔ ေဖေဖာ္ဝါရီလ ၇ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ရဲစခန္းမွ တာဝန္က်ရဲအရာရွိကလည္း ျဖစ္စဥ္ကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။

“အဲ့ဒါက လူႀကီးေတြသြားၿပီး စိစစ္ေနတုန္းဘဲရွိေသးတယ္။ၿမိဳ႕နယ္မႉးတို႔၊ စခန္းမႉးတို႔ တာဝန္ရွိသူေတြ သြားၿပီးစိစစ္ေနတုန္းဘဲရွိေသးတယ္။ကြၽန္ေတာ္တို႔ ဘာမွဘာမွေျပာလို႔မရေသးလို႔ပါ။(ပ) နံပါတ္ေတြဘာေတြ ဘာမွမဖြင့္ရေသးပါဘူး။ျဖစ္စဥ္ကအမွန္ပါ။အတည္ျပဳဖို႔ စိစစ္ေနတယ္” လို႔ ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၇
Photo Credit - Ingyin May (FB)