မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ယခုနှစ်ကုန်အထိ အပစ်ရပ်မည်ဟု ထုတ်ပြန်ကြေညာ

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ယခုနှစ်ကုန်အထိ အပစ်ရပ်မည်ဟု ထုတ်ပြန်ကြေညာ

တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယခုနှစ်ကုန်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့သည် ယခုနှစ်ကုန်အထိ တစ်ဖက်သတ် အပစ်ရပ်ဆိုင်းလိုက်ကြောင်း၊ ပြည်တွင်းစစ် ရပ်တန့်ပြီး အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံညှိနှိုင်းရေး လုပ်ငန်းများကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကို လျှော့ချရပ်တန့်ရန်အလို့ငှာ ယခုကဲ့သို့ အပစ်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တစ်လတာအပစ်ရပ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်ရပ် သက်တမ်းတိုးလိုက်ခြင်း ဖြစ်ပါတယ်။

ထို့သို့အပစ်ရပ်ထားသော်လည်း တပ်မတော်ဘက်မှ စတင်ထိုးစစ်ဆင်၍ နည်းမျိုးစုံဖြင့် တိုက်ခိုက်လာပါကမူ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါတယ်။

ပြေသိ်မ်း
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

တိုင္းရင္းသားလက္နက္ကိုင္ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕က ယခုႏွစ္ကုန္အထိ အပစ္ရပ္ထားမည္ျဖစ္ေၾကာင္း စက္တင္ဘာ ၂၀ ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဆိုပါ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕ျဖစ္ေသာ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ (MNDAA)၊ တေအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA) တို႔သည္ ယခုႏွစ္ကုန္အထိ တစ္ဖက္သတ္ အပစ္ရပ္ဆိုင္းလိုက္ေၾကာင္း၊ ျပည္တြင္းစစ္ ရပ္တန႔္ၿပီး အပစ္အခတ္ ရပ္ဆိုင္းေရးစာခ်ဳပ္ သေဘာတူလက္မွတ္ေရးထိုးႏိုင္မည့္ ေတြ႕ဆုံညႇိႏႈိင္းေရး လုပ္ငန္းမ်ားကို လက္ေတြ႕က်က်ႏွင့္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ လက္ရွိျဖစ္ပြားေနေသာ တိုက္ပြဲမ်ားကို ေလွ်ာ့ခ်ရပ္တန႔္ရန္အလို႔ငွာ ယခုကဲ့သို႔ အပစ္ရပ္ဆိုင္းလိုက္ျခင္းျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕သည္ စက္တင္ဘာလ ၉ ရက္မွ ေအာက္တိုဘာလ ၈ ရက္အထိ တစ္လတာအပစ္ရပ္ေၾကာင္း ၿပီးခဲ့သည့္ စက္တင္ဘာလ ၉ ရက္က ေၾကညာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ အပစ္ရပ္ သက္တမ္းတိုးလိုက္ျခင္း ျဖစ္ပါတယ္။

ထို႔သို႔အပစ္ရပ္ထားေသာ္လည္း တပ္မေတာ္ဘက္မွ စတင္ထိုးစစ္ဆင္၍ နည္းမ်ိဳးစုံျဖင့္ တိုက္ခိုက္လာပါကမူ မိမိကိုယ္ကိုယ္ ခုခံကာကြယ္ရမည္ျဖစ္ေၾကာင္း အဆိုပါေၾကညာခ်က္တြင္ ေဖာ္ျပထားပါတယ္။

ေျပသိ္မ္း
ရန္ကုန္၊ စက္တင္ဘာ - ၂၁