မြွေကိုက်ခံလူနာများ အချိန်မီ အသက်ကယ်တင်နိုင်ရေး အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှစ၍ မြွေဆိပ်ဖြေဆေးအေးခဲခြောက် များထုတ်လုပ်သွားမည်

မြွေကိုက်ခံလူနာများ အချိန်မီအသက်ကယ်တင်နိုင်ရေး အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှစ၍ မြွေဆိပ်ဖြေဆေးအေးခဲခြောက် များထုတ်လုပ်သွားမည်

မြွေကိုက်ခံလူနာများအချိန်မီအသက်ကယ်တင်နိုင်ရေးအတွက်  ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍မြွေ ဆိပ်ဖြေဆေးအေးခဲခြောက် များကိုထုတ်လုပ်သွားမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော၊်ဒဿမပုံမှန် အစည်းအဝေး(၁၅)ရက်မြောက်နေ့အစီအစဉ်မှာပြောကြားခဲ့ပါတယ်။ယနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချိုကမြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍အနီးစပ်ဆုံး(၅)နှစ် တာကာလအတွင်းမြွေကိုက်ခံရမှုအခြေအနေများကိုသိလိုခြင်း၊ BPIမှထုတ်လုပ်နိုင် သည့်မြွေဆိပ်ဖြေဆေးများပြည်ပသို့တင်ပို့ရောင်းချရန်လျာထားချက်၊ဈေးကွက်အခြေအနေကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးမြန်းမှုအပေါ် စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အထက်ပါအတိုင်း ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

“၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစပြီးမြွေကိုက်ခံရတဲ့လူနာတွေကိုအချိန်မီအသက်ကယ်တင်နိုင်ဖို့မြွေဆိပ်ဖြေဆေးအေးခဲ ခြောက်တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီဆေးဟာသာမန်အခန်းအပူချိန်မှာထားရှိနိုင်တဲ့အတွက်မြွေကိုက်မှုနှုန်းမြင့်မားတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးများရှိကျေးလက်ကျန်းမာရေးဆေးပေးခန်းများမှာအလွယ်တကူ ထားရှိနိုင်ရေးကိုလည်းကျန်းမာရေးဝန်ကြီးဌာနကစီမံဆောင်ရွက်လျက်ရှိပါတယ်။၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှယခင်အရည်ပုံ စံအစားသာမန်အခန်းအပူချိန်မှာထားရှိ သိုလှောင် နိုင်တဲ့အေးခဲခြောက်မြွေဆိပ်ဖြေဆေးများကိုမှာယူထားရှိ၍ အေးခဲခြောက်အလုံး(၁၃၀၀၀၀)ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။”လို့ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို ကပြောကြားခဲ့ပါတယ်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးကစက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းအနေနဲ့မြွေကိုက်ခံရသည့်လူနာ များအားအထိရောက်ဆုံး ကုသပေးနိုင်သည့်မြွေဆိပ်ဖြေဆေးများကိုပြည်တွင်းလိုအပ်ချက်နှင့်ပြည်ပဝယ်လိုအားပေါ်မူတည်၍တစ်နှစ်လျင်အလုံးရေ(၂)သိန်းမှ(၃)သိန်းအထိထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးစီမံဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။  

PTG
နေပြည်တော်၊ဒီဇင်ဘာ ၁၇ 

(  Zawgyi   )

 ေႁမြကိုက္ခံလူနာမ်ားအခ်ိန္မီအသက္ကယ္တင္ႏိုင္ေရးအတြက္  ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္မွစတင္၍ေႁမြ ဆိပ္ေျဖေဆးေအးခဲေျခာက္ မ်ားကိုထုတ္လုပ္သြားမွာျဖစ္တယ္လို႔ စက္မႈဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက ယေန႔ ဒီဇင္ဘာ ၁၇ ရက္တြင္ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ၊္ဒႆမပုံမွန္ အစည္းအေဝး(၁၅)ရက္ေျမာက္ေန႔အစီအစဥ္မွာေျပာၾကားခဲ့ပါတယ္။ယေန႔က်င္းပတဲ့ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္လႈိင္းဘြဲ႕မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ခ်ိဳကျမန္မာႏိုင္ငံအတြင္း ေႁမြကိုက္ခံရမႈမ်ားႏွင့္ပတ္သက္၍အနီးစပ္ဆုံး(၅)ႏွစ္ တာကာလအတြင္းေႁမြကိုက္ခံရမႈအေျခအေနမ်ားကိုသိလိုျခင္း၊ BPIမွထုတ္လုပ္ႏိုင္ သည့္ေႁမြဆိပ္ေျဖေဆးမ်ားျပည္ပသို႔တင္ပို႔ေရာင္းခ်ရန္လ်ာထားခ်က္၊ေဈးကြက္အေျခအေနကိုသိလိုျခင္းႏွင့္စပ္လ်ဥ္းသည့္ေမးျမန္းမႈအေပၚ စက္မႈဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားေပးခဲ့တာျဖစ္ပါတယ္။

“၂၀၁၈-၂၀၁၉ဘ႑ာေရးႏွစ္မွစၿပီးေႁမြကိုက္ခံရတဲ့လူနာေတြကိုအခ်ိန္မီအသက္ကယ္တင္ႏိုင္ဖို႔ေႁမြဆိပ္ေျဖေဆးေအးခဲ ေျခာက္ေတြကို ထုတ္လုပ္သြားမွာျဖစ္ပါတယ္။အဲ့ဒီေဆးဟာသာမန္အခန္းအပူခ်ိန္မွာထားရွိႏိုင္တဲ့အတြက္ေႁမြကိုက္မႈႏႈန္းျမင့္မားတဲ့ျပည္နယ္နဲ႔တိုင္းေဒသႀကီးမ်ားရွိေက်းလက္က်န္းမာေရးေဆးေပးခန္းမ်ားမွာအလြယ္တကူ ထားရွိႏိုင္ေရးကိုလည္းက်န္းမာေရးဝန္ႀကီးဌာနကစီမံေဆာင္႐ြက္လ်က္ရွိပါတယ္။၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္အတြင္းမွာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွယခင္အရည္ပုံ စံအစားသာမန္အခန္းအပူခ်ိန္မွာထားရွိ သိုေလွာင္ ႏိုင္တဲ့ေအးခဲေျခာက္ေႁမြဆိပ္ေျဖေဆးမ်ားကိုမွာယူထားရွိ၍ ေအးခဲေျခာက္အလုံး(၁၃၀၀၀၀)ထုတ္လုပ္ေပးရမွာျဖစ္ပါတယ္။”လို႔ ျပည္ေထာင္စုဝန္ႀကီးဦးခင္ေမာင္ခ်ိဳ ကေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ျပည္ေထာင္စုဝန္ႀကီးကစက္မႈဝန္ႀကီးဌာန၊ျမန္မာ့ေဆးဝါးလုပ္ငန္းအေနနဲ႔ေႁမြကိုက္ခံရသည့္လူနာ မ်ားအားအထိေရာက္ဆုံး ကုသေပးႏိုင္သည့္ေႁမြဆိပ္ေျဖေဆးမ်ားကိုျပည္တြင္းလိုအပ္ခ်က္ႏွင့္ျပည္ပဝယ္လိုအားေပၚမူတည္၍တစ္ႏွစ္လ်င္အလုံးေရ(၂)သိန္းမွ(၃)သိန္းအထိထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ေရးစီမံေဆာင္႐ြက္ထားရွိၿပီး ျဖစ္တယ္လို႔လည္းထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။  

PTG
ေနျပည္ေတာ္၊ဒီဇင္ဘာ ၁၇