မွန်ပြည်နယ်သို့ နိုင်ငံတကာဧည့်သည်တွေ ပိုမိုဝင်ရောက်နိုင်ဖို့ ဥပဒေတွေကို ဖြေလျော့ပေးဖို့လိုဟု မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆို

မွန်ပြည်နယ်သို့ နိုင်ငံတကာဧည့်သည်တွေ ပိုမိုဝင်ရောက်နိုင်ဖို့ ဥပဒေတွေကို ဖြေလျော့ပေးဖို့လိုဟု မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆို

မွန်ပြည်နယ်တွင်(Eco Tourism)တွေဖွံ့ဖြိုးလာဖို့နဲ့ မွန်ပြည်နယ်သို့ နိုင်ငံတကာဧည့်သည်တွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် ဥပဒေတွေကို ဖြေလျော့ပေးဖို့လိုတယ်လို့ မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ(ဗဟို)၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ နိုင်ထွန်းလွင် ကပြောပါတယ်။ မွန်ပြည်နယ်၊မော်လမြိုင်မြို့သည် ရှေ့ဟောင်းမြို့ဖြစ်ပြီး သမိုင်းဝင်တဲ့နေရာတွေအများကြီးရှိသလို သက်တမ်းရှိတဲ့ မြို့တစ်မြို့တစ်မြို့ဖြစ်တာကြောင့် (Eco Tourism)တွေကို ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်တယ် လို့လည်း ၎င်းကဆိုပါတယ်။ “Eco Tourism နဲ့ ပတ်သက်ပြီးတော့ကျနော်တို့ပြည်နယ်ရဲ့ အခွင့်အလမ်းတွေထဲမှာဆိုရင်တော့ ခရီးသွားလုပ်ငန်းက ကျနော် ထင်တာက ထိပ်ဆုံံးမှာပါပါတယ်။ထိပ်ဆုံးမှာပါရတဲ့အကြောင်းအရင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဆိုတာက ရှေ့ဟောင်းမြို့လည်း ဖြစ်တယ်။

သက်တမ်းရှိတဲ့ မြို့လည်းဖြစ်တဲ့ အပြင် ကျနော်တို့ရဲ့ကိုလိုနီအစောဆုံးဖြစ်ခဲ့တဲ့မြို့ ဖြစ်တဲ့အတွက်ကြောင့် ကိုလိုနီအဆောက်အအုံတွေ လည်း အများကြီးှရှိတယ်။ပြီးတော့သမိုင်းဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ကျနော်တို့ အင်မတန်ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိတဲ့အတွက်ကြောင့် သမိုင်းတွေဟာမွန်ပြည်နယ် မွန်ဒေသတွေမှာ အများကြီးကျန်နေခဲ့ပါတယ်။ပြီးတော့ကျနော်တို့ကမ်းခြေတွေရှိတယ်။ ကျနော်တို့ရဲ့ တောတောင်တွေ ရှိပါတယ်။ဒါတွေဟာ ကျနော်တို့ Eco Tourism အတွက်အထောက်အကူအများကြီးဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး အခွင့်အလမ်းတွေထဲမှာတေ့ာ ကျနော်တို့ ခရီးသွားလုပ်ငန်းကတော့အများကြီးအခွင့်အရေးတွေ အခွင့်အလမ်းတွေ ကိုဖြစ်စေတာပေါ့နော်။”လို့ မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ(ဗဟို)၏ အထွေထွေအတွင်းရေးမှူး နိုင်ထွန်းလွင် ကပြောပြခဲ့ပါတယ်။
 
ဆက်လက်၍ ၎င်းက “ဒါပေမယ့်ကျနော်တို့မှာဘာအခက်အခဲရှိလဲဆိုတော့ အခြားသောပြည်နယ်တွေ ဥပမာ တနသာင်္ရီတိုင်းကိုပဲဖြစ်ဖြစ် ကရင်ပြည်နယ်ကိုပဲဖြစ်ဖြစ် နယ်စပ်လမ်းကြောင်းကနေ နိုင်ငံခြားသားတွေဝင်လာလို့ရတယ်။ဝင်လာပြီးတော့ဒီနိုင်ငံခြားသားတွေက သူတို့ရဲ့ပြည်နယ်မှာ သူတို့ရဲ့ဒေသတွေမှာ(၇)ရက်အထိလည်ပတ်ခွင့်ရှိတယ်၊သွားလာခွင့်ရှိတယ်။ ကျနော်တို့ မွန်ပြည်နယ်က အဲ့အခွင့်အရေး တွေ အရမ်းနည်းပါတယ်။ဥပမာ- ရန်ကုန်ကပဲဗီဇာနဲ့ပဲလာတဲ့ ဧည့်သည်တွေလောက်ပဲ မွန်ပြည်နယ်ကိုဝင်လာလို့ရတဲ့ အတွက် ကျနော်တို့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါေ့နာ်။အဲ့ဒါကြောင့်ဒီ အခွင့်အရေးတွေရရှိဖို့ကတော့ ကျနော်တို့ပြည်နယ်အစိုးရရဲ့ ကြိုးစားအားထုတ်မှုနဲ့ပြည်ထောင်စုနဲ့ညှိနှိုင်းပြီးတော့ ဒီအခွင့်အရေးတွေရရှိနိုင်အောင် ဥပမာ - ထီခီး၊ တနသာင်္ရီတိုင်းကနေဝင်လာတဲ့ ဧည့်သည်တွေရော မြဝတီကနေဝင်လာတဲ့ဧည့်သည်တွေရော ဝင်ရောက်နိုင်အောင် ကျနော်တို့ပြည်နယ်ထဲကို လေ့လာနိုင်အောင် လာပြီးတော့ လာရောက်လည်ပတ်နိုင်အောင် မွန်ပြည်နယ်အစိုးရက ကြိုးစားပေးရမယ်လို့ထင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဧည့်သည် တွေ လာရောက်နိုင်ဖို့အတွက်ကတော့ ဥပဒေတွေ ဖြေလျော့ပေးနိုင်ဖို့လိုပါတယ်။”လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်က အခြားသောတိုင်းနဲ့ပြည်နယ်တွေထက် စီးပွားရေးအခွင့်အရေးတွေကများပြားတယ်လို့လည်း မွန်တိုင်းရင်းသား လုပ်ငန်းရှင်များကဆိုပါတယ်။ “မွန်ပြည်နယ်က အခြားသောတိုင်းနဲ့ပြည်နယ်တွေထက် အခွင့်အရေးတွေက များပါတယ်။ ဝန်ကြီးချုပ် တွေ ပြောသလို အခွင့်အရေးတွေများတာက ကျနော်တို့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီးရရှိနိုင်တဲ့ အနေအထားတွေ အထူးသဖြင့် ကတော့ကျနော်တို့မှာငြိမ်းချမ်းရေး ရှိပါတယ်။ ကျနော်တို့ပြည်နယ်ကအခြားသောတိုင်းနဲ့ပြည်နယ်ထက်ကို ပိုပြီးတော့ အေးချမ်းတယ် ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့အခါကျတော့ ကျနော်တို့မှာ အများကြီးကို အခွင့်အလမ်းကောင်းပါတယ်။

ပြည်နယ်တော်တော်များများက ကျနော်တို့မွန်ပြည်နယ်လောက် အခွင့်အရေးတွေက မပြည့်စုံဘူးလေ။မွန်ပြည်နယ်ကတော့ ကျန်သော ပြည်နယ်တွေထက် အများကြီးပြည့်စုံပါတယ်။စီးပွားရေးလုပ်ဖို့ကတော့ အခွင့်အရေးတွေကပိုများပါတယ်”လို့ နိုင်ထွန်းလွင် ကပြောပြခဲ့ပါ သေးတယ်။

ပြေသိမ်း၊ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ဒီဇင်ဘာ ၄

(  Zawgyi   )

 မြန္ျပည္နယ္တြင္(Eco Tourism)ေတြဖြံ႕ၿဖိဳးလာဖို႔နဲ႔ မြန္ျပည္နယ္သို႔ ႏိုင္ငံတကာဧည့္သည္ေတြ ပိုမိုဝင္ေရာက္လာႏိုင္ဖို႔အတြက္ ဥပေဒေတြကို ေျဖေလ်ာ့ေပးဖို႔လိုတယ္လို႔ မြန္တိုင္းရင္းသားလုပ္ငန္းရွင္မ်ား(ဗဟို)၏ အေထြေထြအတြင္းေရးမႉး ျဖစ္သူ ႏိုင္ထြန္းလြင္ ကေျပာပါတယ္။ မြန္ျပည္နယ္၊ေမာ္လၿမိဳင္ၿမိဳ႕သည္ ေရွ႕ေဟာင္းၿမိဳ႕ျဖစ္ၿပီး သမိုင္းဝင္တဲ့ေနရာေတြအမ်ားႀကီးရွိသလို သက္တမ္းရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တာေၾကာင့္ (Eco Tourism)ေတြကို ပိုမိုဖြံ႕ၿဖိဳးလာေအာင္ လုပ္ေဆာင္ႏိုင္တယ္ လို႔လည္း ၎ကဆိုပါတယ္။ “Eco Tourism နဲ႔ ပတ္သက္ၿပီးေတာ့က်ေနာ္တို႔ျပည္နယ္ရဲ႕ အခြင့္အလမ္းေတြထဲမွာဆိုရင္ေတာ့ ခရီးသြားလုပ္ငန္းက က်ေနာ္ ထင္တာက ထိပ္ဆုံံးမွာပါပါတယ္။ထိပ္ဆုံးမွာပါရတဲ့အေၾကာင္းအရင္းက မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ဆိုတာက ေရွ႕ေဟာင္းၿမိဳ႕လည္း ျဖစ္တယ္။

သက္တမ္းရွိတဲ့ ၿမိဳ႕လည္းျဖစ္တဲ့ အျပင္ က်ေနာ္တို႔ရဲ႕ကိုလိုနီအေစာဆုံးျဖစ္ခဲ့တဲ့ၿမိဳ႕ ျဖစ္တဲ့အတြက္ေၾကာင့္ ကိုလိုနီအေဆာက္အအုံေတြ လည္း အမ်ားႀကီးွရွိတယ္။ၿပီးေတာ့သမိုင္းဝင္တဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္။က်ေနာ္တို႔ အင္မတန္ရွည္လ်ားတဲ့ သမိုင္းေၾကာင္းေတြ ရွိတဲ့အတြက္ေၾကာင့္ သမိုင္းေတြဟာမြန္ျပည္နယ္ မြန္ေဒသေတြမွာ အမ်ားႀကီးက်န္ေနခဲ့ပါတယ္။ၿပီးေတာ့က်ေနာ္တို႔ကမ္းေျခေတြရွိတယ္။ က်ေနာ္တို႔ရဲ႕ ေတာေတာင္ေတြ ရွိပါတယ္။ဒါေတြဟာ က်ေနာ္တို႔ Eco Tourism အတြက္အေထာက္အကူအမ်ားႀကီးျဖစ္ပါတယ္။ ဒါေၾကာင့္ စီးပြားေရး အခြင့္အလမ္းေတြထဲမွာေတ့ာ က်ေနာ္တို႔ ခရီးသြားလုပ္ငန္းကေတာ့အမ်ားႀကီးအခြင့္အေရးေတြ အခြင့္အလမ္းေတြ ကိုျဖစ္ေစတာေပါ့ေနာ္။”လို႔ မြန္တိုင္းရင္းသားလုပ္ငန္းရွင္မ်ား(ဗဟို)၏ အေထြေထြအတြင္းေရးမႉး ႏိုင္ထြန္းလြင္ ကေျပာျပခဲ့ပါတယ္။
 
ဆက္လက္၍ ၎က “ဒါေပမယ့္က်ေနာ္တို႔မွာဘာအခက္အခဲရွိလဲဆိုေတာ့ အျခားေသာျပည္နယ္ေတြ ဥပမာ တနသာရႌတိုင္းကိုပဲျဖစ္ျဖစ္ ကရင္ျပည္နယ္ကိုပဲျဖစ္ျဖစ္ နယ္စပ္လမ္းေၾကာင္းကေန ႏိုင္ငံျခားသားေတြဝင္လာလို႔ရတယ္။ဝင္လာၿပီးေတာ့ဒီႏိုင္ငံျခားသားေတြက သူတို႔ရဲ႕ျပည္နယ္မွာ သူတို႔ရဲ႕ေဒသေတြမွာ(၇)ရက္အထိလည္ပတ္ခြင့္ရွိတယ္၊သြားလာခြင့္ရွိတယ္။ က်ေနာ္တို႔ မြန္ျပည္နယ္က အဲ့အခြင့္အေရး ေတြ အရမ္းနည္းပါတယ္။ဥပမာ- ရန္ကုန္ကပဲဗီဇာနဲ႔ပဲလာတဲ့ ဧည့္သည္ေတြေလာက္ပဲ မြန္ျပည္နယ္ကိုဝင္လာလို႔ရတဲ့ အတြက္ က်ေနာ္တို႔အခြင့္အေရးေတြ ဆုံးရႈံးေနတာေပါေ့နာ္။အဲ့ဒါေၾကာင့္ဒီ အခြင့္အေရးေတြရရွိဖို႔ကေတာ့ က်ေနာ္တို႔ျပည္နယ္အစိုးရရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ျပည္ေထာင္စုနဲ႔ညႇိႏႈိင္းၿပီးေတာ့ ဒီအခြင့္အေရးေတြရရွိႏိုင္ေအာင္ ဥပမာ - ထီခီး၊ တနသာရႌတိုင္းကေနဝင္လာတဲ့ ဧည့္သည္ေတြေရာ ျမဝတီကေနဝင္လာတဲ့ဧည့္သည္ေတြေရာ ဝင္ေရာက္ႏိုင္ေအာင္ က်ေနာ္တို႔ျပည္နယ္ထဲကို ေလ့လာႏိုင္ေအာင္ လာၿပီးေတာ့ လာေရာက္လည္ပတ္ႏိုင္ေအာင္ မြန္ျပည္နယ္အစိုးရက ႀကိဳးစားေပးရမယ္လို႔ထင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံျခားဧည့္သည္ ေတြ လာေရာက္ႏိုင္ဖို႔အတြက္ကေတာ့ ဥပေဒေတြ ေျဖေလ်ာ့ေပးႏိုင္ဖို႔လိုပါတယ္။”လို႔ ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ မြန္ျပည္နယ္က အျခားေသာတိုင္းနဲ႔ျပည္နယ္ေတြထက္ စီးပြားေရးအခြင့္အေရးေတြကမ်ားျပားတယ္လို႔လည္း မြန္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားကဆိုပါတယ္။ “မြန္ျပည္နယ္က အျခားေသာတိုင္းနဲ႔ျပည္နယ္ေတြထက္ အခြင့္အေရးေတြက မ်ားပါတယ္။ ဝန္ႀကီးခ်ဳပ္ ေတြ ေျပာသလို အခြင့္အေရးေတြမ်ားတာက က်ေနာ္တို႔ လမ္းပန္းဆက္သြယ္ေရး လွ်ပ္စစ္မီးရရွိႏိုင္တဲ့ အေနအထားေတြ အထူးသျဖင့္ ကေတာ့က်ေနာ္တို႔မွာၿငိမ္းခ်မ္းေရး ရွိပါတယ္။ က်ေနာ္တို႔ျပည္နယ္ကအျခားေသာတိုင္းနဲ႔ျပည္နယ္ထက္ကို ပိုၿပီးေတာ့ ေအးခ်မ္းတယ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိတဲ့အခါက်ေတာ့ က်ေနာ္တို႔မွာ အမ်ားႀကီးကို အခြင့္အလမ္းေကာင္းပါတယ္။

ျပည္နယ္ေတာ္ေတာ္မ်ားမ်ားက က်ေနာ္တို႔မြန္ျပည္နယ္ေလာက္ အခြင့္အေရးေတြက မျပည့္စုံဘူးေလ။မြန္ျပည္နယ္ကေတာ့ က်န္ေသာ ျပည္နယ္ေတြထက္ အမ်ားႀကီးျပည့္စုံပါတယ္။စီးပြားေရးလုပ္ဖို႔ကေတာ့ အခြင့္အေရးေတြကပိုမ်ားပါတယ္”လို႔ ႏိုင္ထြန္းလြင္ ကေျပာျပခဲ့ပါ ေသးတယ္။

ေျပသိမ္း၊ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ဒီဇင္ဘာ ၄