ယခုနှစ်သစ်အစ ဗားဂရာ အုန်းသီးစျေးကွက် အနည်းငယ်ပြန်ကောင်းလာ

ယခုနှစ်သစ်အစ ဗားဂရာ အုန်းသီးစျေးကွက် အနည်းငယ်ပြန်ကောင်းလာ

COVID 19 ကြောင့် အခက်အခဲများကြုံကာ အရောင်းအဝယ်အေးခဲ့တဲ့ အုန်းသီးစျေးကွက်ဟာ ယခု ဇန်နဝါရီလလယ်ပိုင်းလောက်မှစတင်ကာ အရောင်းအဝယ် အနည်းငယ်ပြန်ကောင်းလာတယ်လို့ ဗားဂရာ ကုန်စည်ဒိုင်ရှိ အုန်း/ငှက်ပျော ပွဲရုံတွေမှ သိရပါတယ်။
 
“ဟိုဘက်က သင်္ဘောတွေကလည်း လုပ်လို့ရတဲ့နည်းတွေပေါ့၊ တစ်စင်းက ရွာထဲနေတယ်၊ တစ်စင်းက မြစ်လယ်ခေါင်နေတယ်၊ အဲ့လိုနဲ့ ပြန်တက်လာရင်းနဲ့ ကုန်တော့ပြန်ပါလာပြီ၊ အုန်းသီးရော ငှက်ပျောသီးရော ရောင်းလာရတယ်၊ ကျွန်တော်တို့ဆီမှာ အုန်းသီးကနှစ်မျိုးရှိတယ်၊ ဆွဲအုန်းနဲ့ ခွာအုန်းပေါ့၊ ဆွဲအုန်းက အခုအချိန်မှာ နည်းနည်းတော့ရောင်းဝယ်နေရတယ်၊ ခွာအုန်းက မရောင်းရဘူးပေါတယ်၊ စျေးလည်းလျော့နေတယ်၊ ပစ္စည်းလည်း အရောင်းအဝယ်နည်းတယ်၊ နယ်ကသိပ်မဆွဲတဲ့အတွက် တောတွေမှာပုံနေတယ်၊ အခုကတော့ နည်းနည်းလေးပြန်ပြီး အဝယ်ရှိလာတယ်၊ နောက်တစ်ခုက COVID ကာလမှာ မခူးတဲ့အတွက် အသီးတွေကများကုန်တယ်၊ ခြောက်ကုန်တယ်” လို့ ဗားကရာ ကုန်စည်ဒိုင် ကြီးကြပ်မှုကော်မတီဝင် ဦးသန့်ဇော်ကပြောပါတယ်။
 
အုန်းစျေးကွက်သို မြစ်၀ကျွန်းပေါ်ဒေသတွေကနေ ရေလမ်း၊ ကုန်းလမ်းဖြင့် တင်ပို့ကြပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေဆီကို တင်ပို့ရောင်းချကြပေမယ့် Home Stay သတ်မှတ်ချက်တွေကြောင့် စျေးကွက်ထဲကိုလည်း အဝင်ကျဆင်းလာသလို ဝယ်လက်တွေရဲ့ အဝယ်လည်း ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းမှာ အရောင်းအဝယ်လေး အနည်းငယ်ပြန်ကောင်းလာတာဖြစ်ပါတယ်။
 
လက်ရှိမှာ မြစ်၀ကျွန်းပေါ်ကနေ ရန်ကုန်သို့ ကုန်ပို့ဆောင်ရာတွင် ကုန်ပို့ပြီး ဒေသကိုပြန်တဲ့အခါ ဒေသဆိုင်ရာ COVID ကော်မတီရဲ့ သတ်မှတ်ချက်အရ ကွာရန်တင်းဝင်ရ့တာတွေကြောင့် အစပိုင်းမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်သလိုဖြစ်ခဲ့ရာမှ ယခုနောက်ပိုင်း သတ်မှတ်စည်းကမ်းများအတိုင်း နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ကြတာကြောင့် ကုန်ဝင်ရောက်မှုဟာလည်း အထိုက်အလျောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 
 
လက်ရှိတွင် မြစ်၀ကျွန်းပေါ်ဒေသမှ အုန်းသီးများကို ရန်ကုန်စျေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း စျေးကွက်သို့ တင်ပို့ရာတွင် မန္တလေးစျေးကွက်ကို အဓိကထားတင်ပို့နေပြီး ပြည်၊ မုံရွာ၊ မိတ္ထီလာ၊ တာချီလိတ် စတဲ့ စျေးကွက်တွေလည်း အားထားတင်ပို့နေရတယ်လို့ သိရပါတယ်။
 
“အရင်လတွေတုန်းကတော့ အရောင်းအဝယ်မကောင်းဘူး၊ ရောဂါလည်းဖြစ်နေတာရယ်၊ အဝင်လည်းနည်းနေတယ်၊ အရောင်းအဝယ်သမားတွေက အရောင်းအဝယ်ပါးနေတဲ့အခါကျတော့ မလာကြဘူး၊ စျေးတော့ အခုနည်းနည်းတော့တက်တာပေါ့၊ ဆွဲအုန်းက အရင်က ၈၀၀-၉၀၀ လောက်ကနေ အခု ၁၀၀၀-၁၁၀၀ ဖြစ်သွားတယ်၊ ခွာအုန်းဆိုရင် အရင်က ၇၀၀-၇၅၀ ဖြစ်တော့ အခု ၈၀၀-၈၅၀ ဆိုတော့ နည်းနည်းပဲကွာတယ်၊ အရောင်းအဝယ်တွေသွက်လာတယ်၊ ဝယ်လိုအားထက်တော့ အဝင်မပိုပါဘူး၊ ပွဲရုံတိုင်းက ကိုယ်လိုသလောက်ပဲ တိုင်းတိုင်းပြီးလုပ်တဲ့အခါကျတော့ ကွက်တိလောက်ပါပဲ” လို့ အုန်း/ငှက်ပျော ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်စိုး က ဆိုပါတယ်။
 
ဗားဂရာ အုန်း၊ ငှက်ပျောပွဲရုံများသို့ ပွဲရုံတစ်ရုံလျှင် ယခင်က တစ်ရက်ကို အနည်းဆုံး ကား ၄၊ ၅ စီးလောက်ဖြင့် ကုန်တင်ပို့ရောင်းချပေးရလေ့ရှိပြီး ယခုအခါ တစ်ပတ်နေမှ ကား သုံး၊ လေးစီးလောက်ဖြင့် တင်ပို့ရောင်းချပေးနေရ ကြောင်း၊ စျေးကွက်အခြေအနေဟာ လက်ရှိကာလမှာ အနည်းငယ် ပြန်လည်အရောင်းအဝယ်ဖြစ်လာပေမယ့် ဆက်လက်ပြီး အရောင်းအဝယ်အခြေအနေဟာ မှန်းဆမရသေးတဲ့အခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
 
ဇွဲမာန်၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
 
( Zawgyi )
 
COVID 19 ကြောင့် အခက်အခဲများကြုံကာ အရောင်းအဝယ်အေးခဲ့တဲ့ အုန်းသီးဈေးကွက်ဟာ ယခု ဇန်နဝါရီလလယ်ပိုင်းလောက်မှစတင်ကာ အရောင်းအဝယ် အနည်းငယ်ပြန်ကောင်းလာတယ်လို့ ဗားဂရာ ကုန်စည်ဒိုင်ရှိ အုန်း/ငှက်ပျော ပွဲရုံတွေမှ သိရပါတယ်။
 
“ဟိုဘက်က သင်္ဘောတွေကလည်း လုပ်လို့ရတဲ့နည်းတွေပေါ့၊ တစ်စင်းက ရွာထဲနေတယ်၊ တစ်စင်းက မြစ်လယ်ခေါင်နေတယ်၊ အဲ့လိုနဲ့ ပြန်တက်လာရင်းနဲ့ ကုန်တော့ပြန်ပါလာပြီ၊ အုန်းသီးရော ငှက်ပျောသီးရော ရောင်းလာရတယ်၊ ကျွန်တော်တို့ဆီမှာ အုန်းသီးကနှစ်မျိုးရှိတယ်၊ ဆွဲအုန်းနဲ့ ခွာအုန်းပေါ့၊ ဆွဲအုန်းက အခုအချိန်မှာ နည်းနည်းတော့ရောင်းဝယ်နေရတယ်၊ ခွာအုန်းက မရောင်းရဘူးပေါတယ်၊ ဈေးလည်းလျော့နေတယ်၊ ပစ္စည်းလည်း အရောင်းအဝယ်နည်းတယ်၊ နယ်ကသိပ်မဆွဲတဲ့အတွက် တောတွေမှာပုံနေတယ်၊ အခုကတော့ နည်းနည်းလေးပြန်ပြီး အဝယ်ရှိလာတယ်၊ နောက်တစ်ခုက COVID ကာလမှာ မခူးတဲ့အတွက် အသီးတွေကများကုန်တယ်၊ ခြောက်ကုန်တယ်” လို့ ဗားကရာ ကုန်စည်ဒိုင် ကြီးကြပ်မှုကော်မတီဝင် ဦးသန့်ဇော်ကပြောပါတယ်။
 
အုန်းဈေးကွက်သို မြစ်ဝကျွန်းပေါ်ဒေသတွေကနေ ရေလမ်း၊ ကုန်းလမ်းဖြင့် တင်ပို့ကြပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေဆီကို တင်ပို့ရောင်းချကြပေမယ့် Home Stay သတ်မှတ်ချက်တွေကြောင့် ဈေးကွက်ထဲကိုလည်း အဝင်ကျဆင်းလာသလို ဝယ်လက်တွေရဲ့ အဝယ်လည်း ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းမှာ အရောင်းအဝယ်လေး အနည်းငယ်ပြန်ကောင်းလာတာဖြစ်ပါတယ်။
 
 
လက်ရှိတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အုန်းသီးများကို ရန်ကုန်ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဈေးကွက်သို့ တင်ပို့ရာတွင် မန္တလေးဈေးကွက်ကို အဓိကထားတင်ပို့နေပြီး ပြည်၊ မုံရွာ၊ မိတ္ထီလာ၊ တာချီလိတ် စတဲ့ ဈေးကွက်တွေလည်း အားထားတင်ပို့နေရတယ်လို့ သိရပါတယ်။
 
“အရင်လတွေတုန်းကတော့ အရောင်းအဝယ်မကောင်းဘူး၊ ရောဂါလည်းဖြစ်နေတာရယ်၊ အဝင်လည်းနည်းနေတယ်၊ အရောင်းအဝယ်သမားတွေက အရောင်းအဝယ်ပါးနေတဲ့အခါကျတော့ မလာကြဘူး၊ ဈေးတော့ အခုနည်းနည်းတော့တက်တာပေါ့၊ ဆွဲအုန်းက အရင်က ၈၀၀-၉၀၀ လောက်ကနေ အခု ၁၀၀၀-၁၁၀၀ ဖြစ်သွားတယ်၊ ခွာအုန်းဆိုရင် အရင်က ၇၀၀-၇၅၀ ဖြစ်တော့ အခု ၈၀၀-၈၅၀ ဆိုတော့ နည်းနည်းပဲကွာတယ်၊ အရောင်းအဝယ်တွေသွက်လာတယ်၊ ဝယ်လိုအားထက်တော့ အဝင်မပိုပါဘူး၊ ပွဲရုံတိုင်းက ကိုယ်လိုသလောက်ပဲ တိုင်းတိုင်းပြီးလုပ်တဲ့အခါကျတော့ ကွက်တိလောက်ပါပဲ” လို့ အုန်း/ငှက်ပျော ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်စိုး က ဆိုပါတယ်။
 
ဗားဂရာ အုန်း၊ ငှက်ပျောပွဲရုံများသို့ ပွဲရုံတစ်ရုံလျှင် ယခင်က တစ်ရက်ကို အနည်းဆုံး ကား ၄၊ ၅ စီးလောက်ဖြင့် ကုန်တင်ပို့ရောင်းချပေးရလေ့ရှိပြီး ယခုအခါ တစ်ပတ်နေမှ ကား သုံး၊ လေးစီးလောက်ဖြင့် တင်ပို့ရောင်းချပေးနေရ ကြောင်း၊ ဈေးကွက်အခြေအနေဟာ လက်ရှိကာလမှာ အနည်းငယ် ပြန်လည်အရောင်းအဝယ်ဖြစ်လာပေမယ့် ဆက်လက်ပြီး အရောင်းအဝယ်အခြေအနေဟာ မှန်းဆမရသေးတဲ့အခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
 
ဇွဲမာန်၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၁