ယခုနှစ်အတွင်း ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချသူများအား အရေးယူမှု ကိုးထောင်ကျော်ရှိခဲ့ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးမှ ပြော

ယခုနှစ်အတွင်း ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချသူများအား အရေးယူမှု ကိုးထောင်ကျော်ရှိခဲ့ဟု ပြည်ထဲရေး ဒုတိယဝန်ကြီးမှ ပြော

ယခုနှစ်အတွင်း ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချသူများအား အရေးယူမှု (၉၂၂၂) မှုနှင့် ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်သဖြင့် အရေးယူမှု (၂၁၃၁) မှု ရှိခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က  ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေး အဖွဲ့များအနေဖြင့် ယစ်မျိုးဆိုင်ရာ ကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ၂၀၁၇  ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ ကွင်းဆင်းစစ်ဆေးမှု (၂၀၀၅၈) ကြိမ်၊ လိုင်စင်မရှိဘဲ ရောင်းချသူများအား အရေးယူမှု (၉၂၂၂) မှု၊ လိုင်စင်စည်းကမ်း ဖောက်ဖျက်သဖြင့် အရေးယူမှု (၂၁၃၁) မှု ရှိခဲ့တာဖြစ်တယ်လို့  ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောပါတယ်။

ဒါ့အပြင် ယစ်မျိုးလိုင်စင် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန်အတွက် ကြပ်မတ်ခြင်းဖြင့် အခွန်ထမ်းပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က “ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၀-၄-၂၀၀၄) ရက်စွဲပါစာဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များ အပြည့်အဝရရှိစေရန်၊ ယစ်မျိုးဆိုင်ရာ ကိစ္စရပ်များတွင် လိုင်စင်ရယူခြင်းမရှိဘဲ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ လိုင်စင်ခွင့်ပြုချက်မရှိ ဆောင်ရွက်လုပ်ကိုင်နေခြင်းများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်အတွက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေး စိစစ်ကြီးကြပ်မှုဗဟိုအဖွဲ့၊ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် စိစစ်ကြပ်မတ်ရေးအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်၊ ယစ်မျိုးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏ (၂-၁၂-၂၀၁၅) ရက်စွဲပါစာဖြင့် ညွန်ကြားချက်ထုတ်ပြန်ခဲ့ရာ ဖြန့်ဖြူရောင်းချမှု၊ သယ်ဆောင်မှုတို့တွင် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးများနှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် ဌာနမှ ခွင့်ပြုထားသော အရက်ချက်စက်ရုံများအတွက် လိုင်စင်ခွန်ကိုသာ ယစ်မျိုးခွန်အဖြစ် ကောက်ခံခြင်းဖြစ်ပြီး၊ အရက်ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုအပေါ်တွင် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်မှုလငန်းခွန်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံခြင်း ဖြစ်ပါတယ်။နေပြည်တာ်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ် အလိုက် အရက်စက်ရုံ လိုင်စင် (၇၀) ခုကို ခွင့်ပြုထားပါတယ်။ထုတ်လုပ်မှုဂါလံ (၅၀) မှ (၅၀၀) အထိ၊ (၅၀၀) အထက်မှ (၁၀၀၀) အထိနှင့် (၁၀၀၀) အထက်ဟူ၍ စက်ရုံ အကြီးအလတ်အငယ် ခွဲခြား၍ တိုင်းဒေသကြီး ပြည်နယ် အစိုးရများ၏ ယစ်မျိုးခွန်ဥပဒေနှင့်အညီ ယစ်မျိုးခွန်နှုန်းထားများ သတ်မှတ်ကောက်ခံလျက် ရှိပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော၂၀၁၇/၂၀၁၈ ခု၊ ဘဏ္ဍာနှစ် ဒုတိယ (၆) လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က လာရောက်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။  

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ယခုႏွစ္အတြင္း ယစ္မ်ိဳးလိုင္စင္မရွိဘဲ ေရာင္းခ်သူမ်ားအား အေရးယူမႈ (၉၂၂၂) မႈႏွင့္ ယစ္မ်ိဳးလိုင္စင္ စည္းကမ္းေဖာက္ဖ်က္သျဖင့္ အေရးယူမႈ (၂၁၃၁) မႈ ရွိခဲ့တယ္လို႔ ျပည္ထဲေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က  ဒီကေန႔ ဒီဇင္ဘာ ၁၀ ရက္တြင္ က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝး အ႒မေန႔ အစီအစဥ္မွာ ေျပာၾကားခဲ့ပါတယ္။

ယစ္မ်ိဳးလိုင္စင္ခြန္မ်ား တိုးျမႇင့္ေကာက္ခံေရးႏွင့္ စိစစ္ၾကပ္မတ္ေရး အဖြဲ႕မ်ားအေနျဖင့္ ယစ္မ်ိဳးဆိုင္ရာ ကိစၥရပ္မ်ားအား ကြင္းဆင္းစစ္ေဆး ေဆာင္႐ြက္လ်က္ရွိရာ၂၀၁၇  ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလအထိ ကြင္းဆင္းစစ္ေဆးမႈ (၂၀၀၅၈) ႀကိမ္၊ လိုင္စင္မရွိဘဲ ေရာင္းခ်သူမ်ားအား အေရးယူမႈ (၉၂၂၂) မႈ၊ လိုင္စင္စည္းကမ္း ေဖာက္ဖ်က္သျဖင့္ အေရးယူမႈ (၂၁၃၁) မႈ ရွိခဲ့တာျဖစ္တယ္လို႔  ျပည္ထဲေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က ေျပာပါတယ္။

ဒါ့အျပင္ ယစ္မ်ိဳးလိုင္စင္ အမ်ိဳးအစားအလိုက္ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေရာင္းခ်ရန္အတြက္ ၾကပ္မတ္ျခင္းျဖင့္ အခြန္ထမ္းျပည္သူမ်ား၏ အခြင့္အေရးကို ကာကြယ္ေပးရန္ႏွင့္ စပ္လ်ဥ္း၍ ျပည္ထဲေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က “ျပည္ထဲေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံး၏ (၂၀-၄-၂၀၀၄) ရက္စြဲပါစာျဖင့္ ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္သည့္ အခြန္မ်ား အျပည့္အဝရရွိေစရန္၊ ယစ္မ်ိဳးဆိုင္ရာ ကိစၥရပ္မ်ားတြင္ လိုင္စင္ရယူျခင္းမရွိဘဲ ထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္း၊ လိုင္စင္ခြင့္ျပဳခ်က္မရွိ ေဆာင္႐ြက္လုပ္ကိုင္ေနျခင္းမ်ားအား တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ရန္အတြက္ ယစ္မ်ိဳးလိုင္စင္ခြန္မ်ား တိုးျမႇင့္ေကာက္ခံေရး စိစစ္ႀကီးၾကပ္မႈဗဟိုအဖြဲ႕၊ တိုင္းေဒသႀကီး ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားအလိုက္ စိစစ္ၾကပ္မတ္ေရးအဖြဲ႕ အဆင့္ဆင့္ကို ဖြဲ႕စည္းေဆာင္႐ြက္လ်က္ ရွိပါတယ္၊ ယစ္မ်ိဳးစီမံခန႔္ခြဲမႈႏွင့္ ပတ္သက္၍ ဥပေဒႏွင့္အညီ ျဖစ္ေစရန္အတြက္ လိုက္နာေဆာင္႐ြက္ႏိုင္ရန္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (႐ုံးခ်ဳပ္) ၏ (၂-၁၂-၂၀၁၅) ရက္စြဲပါစာျဖင့္ ၫြန္ၾကားခ်က္ထုတ္ျပန္ခဲ့ရာ ျဖန႔္ျဖဴေရာင္းခ်မႈ၊ သယ္ေဆာင္မႈတို႔တြင္ ဥပေဒ၊ နည္းဥပေဒ လုပ္ထုံးမ်ားႏွင့္အညီ ျဖစ္ေစေရး ၾကပ္မတ္ေဆာင္႐ြက္လ်က္ ရွိပါတယ္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအေနႏွင့္ ဌာနမွ ခြင့္ျပဳထားေသာ အရက္ခ်က္စက္႐ုံမ်ားအတြက္ လိုင္စင္ခြန္ကိုသာ ယစ္မ်ိဳးခြန္အျဖစ္ ေကာက္ခံျခင္းျဖစ္ၿပီး၊ အရက္ထုတ္လုပ္မႈ၊ တင္သြင္းမႈ၊ ျဖန႔္ျဖဴးေရာင္းခ်မႈအေပၚတြင္ ေကာက္ခံသည့္ အထူးကုန္စည္ခြန္ႏွင့္ ကုန္သြယ္မႈလငန္းခြန္ကို စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ေကာက္ခံျခင္း ျဖစ္ပါတယ္။ေနျပည္တာ္ေကာင္စီ၊ တိုင္းေဒသႀကီး ျပည္နယ္ အလိုက္ အရက္စက္႐ုံ လိုင္စင္ (၇၀) ခုကို ခြင့္ျပဳထားပါတယ္။ထုတ္လုပ္မႈဂါလံ (၅၀) မွ (၅၀၀) အထိ၊ (၅၀၀) အထက္မွ (၁၀၀၀) အထိႏွင့္ (၁၀၀၀) အထက္ဟူ၍ စက္႐ုံ အႀကီးအလတ္အငယ္ ခြဲျခား၍ တိုင္းေဒသႀကီး ျပည္နယ္ အစိုးရမ်ား၏ ယစ္မ်ိဳးခြန္ဥပေဒႏွင့္အညီ ယစ္မ်ိဳးခြန္ႏႈန္းထားမ်ား သတ္မွတ္ေကာက္ခံလ်က္ ရွိပါတယ္” လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ထို႔အတူ ဒီကေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝး၊ အ႒မေန႔ အစီအစဥ္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕မွ ေပးပို႔ေသာ၂၀၁၇/၂၀၁၈ ခု၊ ဘ႑ာႏွစ္ ဒုတိယ (၆) လပတ္ အခြန္ေကာက္ခံရရွိမႈ အေျခအေန အစီရင္ခံစာႏွင့္ စပ္လ်ဥ္း၍ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာ (၁၁/၂၀၁၈) အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခ်က္မ်ားအေပၚ ျပည္ထဲေရး ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူ က လာေရာက္ရွင္းလင္းရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။  

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၀