ယခုဘဏ္ဍာနှစ်သစ် ၁၈ ရက်အတွင်း ပြည်ပနှင့် ကုန်သွယ်မှု တစ်ဘီလျံခွဲကျော် ရှိနေ

ယခုဘဏ္ဍာနှစ်သစ် ၁၈ ရက်အတွင်း ပြည်ပနှင့် ကုန်သွယ်မှု တစ်ဘီလျံခွဲကျော် ရှိနေ

ယခုအောက်တိုဘာ ၁ ရက်က ပြန်လည်စတင်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၈ ရက်ကာလအတွင်း ပြည်ပနှင့်ကုန်သွယ်မှုမှာ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ရှိကာ ယခင်ကာလတူထက် ကန်ဒေါ်လာသန်း၂၀ဝ လျော့နည်းခဲ့ကြောင်း အောက်တိုဘာလစတုတ္ထအပတ်အတွင်း ထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ် ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုပမာဏ နိူင်း ယှဉ်သည့် စာရင်းအချက် အလက်အရ သိရပါတယ်။    

အဆိုပါစာရင်းအချက်အလက်အရ ၂၀၁၉ ခုနှစ်အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ၁၈ ရက် ကာလ အတွင်း ပြည်ပသို့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၇၅၀ ဒသမ ၃၀၁ သန်း တင် ပို့ခဲ့ပြီး ပြည်ပမှ ကုန်ပစ္စည်း ကန်ဒေါ်လာ ၈၄၇ ဒသမ ၆၀၇  သန်း ပြန်လည်တင်သွင်း ခဲ့ကြောင်းသိရပါတယ်။

“ ဒီနှစ်က အများကြီးမျှော်လင့်ထားပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေးမှာ စပါးကို ခွင့်ပြုထားတယ်။ ဆန်တင်ပို့မှု ကိုယ်တာခွဲတမ်း လည်း ရထားတယ် ။အိန္ဒိယဘက်က ပဲခွဲတမ်းလည်း ရတယ်။ ဒါကြောင့် အဆင့်မြေမယ်ထင်တယ်။ ပြီးတော့ သီလဝါဘက်မှာ စက်မှုဇုန်ကနေ ဂျပန်ဘက်က လာဆောက်ထားတဲ့ လယ်ယာသီးနှံကုန်ချောစက်ရုံတွေ ရှိတယ်။ဒီအတွက် ဒီဘက်နှစ်ကို ပိုပြီး မျှော်လင့်ပါတယ်။ လမ်းတွေ လုံခြုံရေးကောင်းရင်ပေါ့”လို့ ရန်ကုန်အခြေစိုက် ကုန်တင်ပို့သူတစ်ဦးကဆိုပါတယ်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ၁၀၂၁၆ ဒသမ ၀၁၆ သန်းနှင့် ပင်လယ်ရေကြောင်း မှ အမေရိကန်ဒေါ်လာ ၂၄၇၆၃ ဒသမ ၈၄၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၉၇၉ ဒသမ ၈၆၃ သန်း (၃၅ ဘီလျံနီးပါး ) ကုန်သွယ် ခဲ့ကြောင်း သိရပါတယ်။      

PWA
ရန်ကုန်၊အောက်တိုဘာ ၃၁

(  Zawgyi  )

ယခုေအာက္တိုဘာ ၁ ရက္က ျပန္လည္စတင္သည့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ၁၈ ရက္ကာလအတြင္း ျပည္ပႏွင့္ကုန္သြယ္မႈမွာ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ ရွိကာ ယခင္ကာလတူထက္ ကန္ေဒၚလာသန္း၂၀ဝ ေလ်ာ့နည္းခဲ့ေၾကာင္း ေအာက္တိုဘာလစတုတၳအပတ္အတြင္း ထုတ္ျပန္သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ကာလတူ ပုံမွန္/နယ္စပ္ ပို႔ကုန္/သြင္းကုန္ ကုန္သြယ္မႈပမာဏ ႏိူင္း ယွဥ္သည့္ စာရင္းအခ်က္ အလက္အရ သိရပါတယ္။    

အဆိုပါစာရင္းအခ်က္အလက္အရ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာ ၁ ရက္မွ ေအာက္တိုဘာ ၁၈ ရက္အထိ ၁၈ ရက္ ကာလ အတြင္း ျပည္ပသို႔ ကုန္ပစၥည္း ကန္ေဒၚလာ ၇၅၀ ဒသမ ၃၀၁ သန္း တင္ ပို႔ခဲ့ၿပီး ျပည္ပမွ ကုန္ပစၥည္း ကန္ေဒၚလာ ၈၄၇ ဒသမ ၆၀၇  သန္း ျပန္လည္တင္သြင္း ခဲ့ေၾကာင္းသိရပါတယ္။

“ ဒီႏွစ္က အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။ တ႐ုတ္နဲ႔ ကုန္သြယ္ေရးမွာ စပါးကို ခြင့္ျပဳထားတယ္။ ဆန္တင္ပို႔မႈ ကိုယ္တာခြဲတမ္း လည္း ရထားတယ္ ။အိႏၵိယဘက္က ပဲခြဲတမ္းလည္း ရတယ္။ ဒါေၾကာင့္ အဆင့္ေျမမယ္ထင္တယ္။ ၿပီးေတာ့ သီလဝါဘက္မွာ စက္မႈဇုန္ကေန ဂ်ပန္ဘက္က လာေဆာက္ထားတဲ့ လယ္ယာသီးႏွံကုန္ေခ်ာစက္႐ုံေတြ ရွိတယ္။ဒီအတြက္ ဒီဘက္ႏွစ္ကို ပိုၿပီး ေမွ်ာ္လင့္ပါတယ္။ လမ္းေတြ လုံၿခဳံေရးေကာင္းရင္ေပါ့”လို႔ ရန္ကုန္အေျခစိုက္ ကုန္တင္ပို႔သူတစ္ဦးကဆိုပါတယ္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကာလအတြင္း နယ္စပ္မွ ကန္ေဒၚလာ၁၀၂၁၆ ဒသမ ၀၁၆ သန္းႏွင့္ ပင္လယ္ေရေၾကာင္း မွ အေမရိကန္ေဒၚလာ ၂၄၇၆၃ ဒသမ ၈၄၇ သန္း စုစုေပါင္း အေမရိကန္ေဒၚလာ ၃၄၉၇၉ ဒသမ ၈၆၃ သန္း (၃၅ ဘီလ်ံနီးပါး ) ကုန္သြယ္ ခဲ့ေၾကာင္း သိရပါတယ္။      

PWA
ရန္ကုန္၊ေအာက္တိုဘာ ၃၁