ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဘီလျံခွဲကျော် ရရှိထား

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဘီလျံခွဲကျော် ရရှိထား

ကုန်သွယ်ရေးဦးစီးဌာနက မတ်လ နောက်ဆုံးရက်သတ္တပတ် အတွင်းထုတ်ပြန်ခဲ့တဲ့ စာရင်းအချက် အလက်များ အရ ယခုဘဏ္ဍာရေးနှစ် မတ်လ ၂၀ ရက်အထိ ပြည်ပသို့ ပို့ကုန်အုပ်စု ၇ ခုဖြင့် ကုန်တင်ပို့မှုမှ အမေရိ ကန် ဒေါ်လာ ၈ ဘီလျံခွဲကျော် ရရှိခဲ့ကာ ဖေဖေါ်ဝါရီ ၂၂ ရက်မှ မတ်လ ၂၀ ရက်ကာလအတွင်း အမေရိကန်ဒေါ် လာ ၁ ဒသမ ၅ ဘီလျံကျော် ဖိုး ကုန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။    

“ ဒီမှာက အကုန်ရပ်လုနီးပါးဘဲ။ အစိုးရပိုင်းက ဘယ်လောက် ကုန်ပို့လဲ မသိဘူး။ပုဂ္ဂုလိက အပိုင်း ကတော့ အခြေအနေမကောင်းဘူး။ မူဆယ်ဟိုဘက် လူအဝင်ပိတ်တာတွေရှိတယ်။ ထိုင်းဘက် လည်း အတူတူဘဲ။ ဒီဗိုင်းရပ်စ်ပြီးမှ ပြန်စနိုင်မှာ။ ထိတာတော့ထိတယ်။ ကိုယ်တွေထက်တောင်သူ တွေက ပိုထိတာ။သူတို့က တချို့ဆို ရာသီသီးနှံတွေဖြစ်လို့ အခုချိန် ဘာမှလုပ်လို့ မရဘူးဖြစ်တာ။

အိန္ဒိယဘက်ကပဲ ပြန်ဆွဲတာရှိတယ်။ တစ်ကယ်ဆို ဗိုင်းရပ်စ်မဖြစ်ရင် အခြေအနေ ကောင်းနိုင် တယ်” လို့ မူဆယ်သို့ ကုန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။မတ်လ နောက်ဆုံးအပတ် အတွင်း ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ်ပြည်ပ ပို့ကုန် အုပ်စုအလိုက် နိုင်းယှဉ် တင်ပြတဲ့ စာရင်းအချက်အလက်အရ ပြည်ပသို့ ပို့ကုန်အုပ်စု (၇)စုဖြင့် အမေရိကန်ဒေါ်လာ ၈၆၆၃ ဒသမ ၅၄၀ သန်းဖိုးကုန်တင်ပို့ခဲ့ရာမှာ နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၃၀၅၄ ဒသမ ၂၁၇ သန်းပါဝင်ပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ၅၆၀၉ ဒသမ ၃၂၃ သန်းပါ ဝင်ခဲ့ပါတယ်။

ယခုဘဏ္ဍာရေးနှစ် ၂၀၁၉ ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ မတ် ၂၀ ရက် အထိ ပြည်ပသို့ ကုန်တင် ပို့မှုတွင် လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၁၉၅၅ ဒသမ ၀၈၆  သန်း၊ တိရစ္ဆာန်ထွက် ကုန်မှ ကန်ဒေါ်လာ ၅၃ ဒသမ ၄၂၀ သန်း၊ ရေထွက်ကုန်မှကန်ဒေါ်လာ ၄၆၉ ဒသမ ၄၄၅ သန်း၊ သတ္တူတွင်းထွက်မှ ကန်ဒေါ်လာ ၁၀၆၅ ဒသမ၅၂၃ သန်း၊သစ်တောထွက်ကုန်မှ ကန်ဒေါ်လာ ၈၆ ဒသမ ၄၀၄ သန်း၊စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၄၈၄၂ ဒသမ ၄၄၆ သန်းနှင့် အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ၁၉၁ ဒသမ၂၁၆ သန်း တင်ပို့နိုင်ခဲ့ ကြောင်းသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ  ပြည်ပသို့ ပို့ကုန်အုပ်စု (၇)စုဖြင့် ကုန်တင်ပို့ခဲ့ရာမှာ စက်မှု ကုန်ချော ကဏ္ဍတစ်ခုတည်းမှ ကန်ဒေါ်လာ ၅ ဘီလျံနီးပါးတင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု အနည်းဆုံး ကဏ္ဍဖြစ်သည့် တိရစ္ဆာန် ထွက် ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်းငါးဆယ် ကျော်တင်ပို့ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

PWA
ရန်ကုန်၊ ဧပြီ ၁  

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနက မတ္လ ေနာက္ဆုံးရက္သတၱပတ္ အတြင္းထုတ္ျပန္ခဲ့တဲ့ စာရင္းအခ်က္ အလက္မ်ား အရ ယခုဘ႑ာေရးႏွစ္ မတ္လ ၂၀ ရက္အထိ ျပည္ပသို႔ ပို႔ကုန္အုပ္စု ၇ ခုျဖင့္ ကုန္တင္ပို႔မႈမွ အေမရိ ကန္ ေဒၚလာ ၈ ဘီလ်ံခြဲေက်ာ္ ရရွိခဲ့ကာ ေဖေဖၚဝါရီ ၂၂ ရက္မွ မတ္လ ၂၀ ရက္ကာလအတြင္း အေမရိကန္ေဒၚ လာ ၁ ဒသမ ၅ ဘီလ်ံေက်ာ္ ဖိုး ကုန္တင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။    

“ ဒီမွာက အကုန္ရပ္လုနီးပါးဘဲ။ အစိုးရပိုင္းက ဘယ္ေလာက္ ကုန္ပို႔လဲ မသိဘူး။ပုဂၢဳလိက အပိုင္း ကေတာ့ အေျခအေနမေကာင္းဘူး။ မူဆယ္ဟိုဘက္ လူအဝင္ပိတ္တာေတြရွိတယ္။ ထိုင္းဘက္ လည္း အတူတူဘဲ။ ဒီဗိုင္းရပ္စ္ၿပီးမွ ျပန္စႏိုင္မွာ။ ထိတာေတာ့ထိတယ္။ ကိုယ္ေတြထက္ေတာင္သူ ေတြက ပိုထိတာ။သူတို႔က တခ်ိဳ႕ဆို ရာသီသီးႏွံေတြျဖစ္လို႔ အခုခ်ိန္ ဘာမွလုပ္လို႔ မရဘူးျဖစ္တာ။

အိႏၵိယဘက္ကပဲ ျပန္ဆြဲတာရွိတယ္။ တစ္ကယ္ဆို ဗိုင္းရပ္စ္မျဖစ္ရင္ အေျခအေန ေကာင္းႏိုင္ တယ္” လို႔ မူဆယ္သို႔ ကုန္တင္ပို႔သူတစ္ဦးက ဆိုပါတယ္။မတ္လ ေနာက္ဆုံးအပတ္ အတြင္း ထုတ္ျပန္ခဲ့တဲ့ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ကာလတူ ပုံမွန္/နယ္စပ္ျပည္ပ ပို႔ကုန္ အုပ္စုအလိုက္ ႏိုင္းယွဥ္ တင္ျပတဲ့ စာရင္းအခ်က္အလက္အရ ျပည္ပသို႔ ပို႔ကုန္အုပ္စု (၇)စုျဖင့္ အေမရိကန္ေဒၚလာ ၈၆၆၃ ဒသမ ၅၄၀ သန္းဖိုးကုန္တင္ပို႔ခဲ့ရာမွာ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၃၀၅၄ ဒသမ ၂၁၇ သန္းပါဝင္ၿပီး ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ၅၆၀၉ ဒသမ ၃၂၃ သန္းပါ ဝင္ခဲ့ပါတယ္။

ယခုဘ႑ာေရးႏွစ္ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလမွ ၂၀၂၀ မတ္ ၂၀ ရက္ အထိ ျပည္ပသို႔ ကုန္တင္ ပို႔မႈတြင္ လယ္ယာထြက္ကုန္မွ ကန္ေဒၚလာ ၁၉၅၅ ဒသမ ၀၈၆  သန္း၊ တိရစာၦန္ထြက္ ကုန္မွ ကန္ေဒၚလာ ၅၃ ဒသမ ၄၂၀ သန္း၊ ေရထြက္ကုန္မွကန္ေဒၚလာ ၄၆၉ ဒသမ ၄၄၅ သန္း၊ သတၱဴတြင္းထြက္မွ ကန္ေဒၚလာ ၁၀၆၅ ဒသမ၅၂၃ သန္း၊သစ္ေတာထြက္ကုန္မွ ကန္ေဒၚလာ ၈၆ ဒသမ ၄၀၄ သန္း၊စက္မႈကုန္ေခ်ာမွ ကန္ေဒၚလာ ၄၈၄၂ ဒသမ ၄၄၆ သန္းႏွင့္ အျခားတင္ပို႔ကုန္မွ ကန္ေဒၚလာ၁၉၁ ဒသမ၂၁၆ သန္း တင္ပို႔ႏိုင္ခဲ့ ေၾကာင္းသိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္အရ  ျပည္ပသို႔ ပို႔ကုန္အုပ္စု (၇)စုျဖင့္ ကုန္တင္ပို႔ခဲ့ရာမွာ စက္မႈ ကုန္ေခ်ာ က႑တစ္ခုတည္းမွ ကန္ေဒၚလာ ၅ ဘီလ်ံနီးပါးတင္ပို႔ႏိုင္ခဲ့ၿပီး တင္ပို႔မႈ အနည္းဆုံး က႑ျဖစ္သည့္ တိရစာၦန္ ထြက္ ပစၥည္းတင္ပို႔မႈမွ ကန္ေဒၚလာ သန္းငါးဆယ္ ေက်ာ္တင္ပို႔ ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

PWA
ရန္ကုန္၊ ဧၿပီ ၁