ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြုပ်နှံမှု နှစ်ဘီလျံ အပါအဝင် စင်ကာပူရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၂၁ ဘီလျံထိ ရှိလာ

ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြုပ်နှံမှု နှစ်ဘီလျံ အပါအဝင် စင်ကာပူရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၂၁ ဘီလျံထိ ရှိလာ

မြန်မာနိုင်ငံအတွင်း စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ ၂၀၁၉ ဇွန်လကုန် အမေရိကန်ဒေါ်လာ ၂၁၇၃၇ ဒသမ ၀၄၉ သန်းထိ ရှိလာပြီး မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြုပ်နှံခဲ့သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံထဲ အများဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်လာကြာင်း DICA က ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သိရပါတယ်။

၂၀၁၀ နောက်ပိုင်း စင်ကာပူမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ ကန်ဒေါ်လာ ဘီလျံ ၂၀ ခန့် (၁၉၉၃၃ ဒသမ ၀၃၆ သန်း) ရှိကာ ထိုပမာဏမှာ ဘဏ္ဍာရေးနှစ် ၉ နှစ်တာ ကာလအတွင်း လာရောက်ရင်းနှီးမြုပ်နှံခဲ့တာ ဖြစ်ပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ၉ လတာ ကာလအထိ ရင်းနှီးမြုပ်နှံမှုမှာ ကန်ဒေါ်လာ နှစ်ဘီလျံကျော်ရှိပြီး ထိုပမာဏမှာ ၂၀၁၀ နောက်ပိုင်း စတုတ္ထမြောက် အများဆုံးရင်းနှီးမြုပ်နှံသည့်နှစ် ဖြစ်လာဖွယ် ရှိနေပါတယ်။၂၀၁၀ နောက်ပိုင်း စင်ကာပူမှ လာရောက်ရင်းနှီးမြုပ်နှံမှု ပမာဏမှာ ၂၀၁၂-၂၀၁၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၁၈ ဒသမ ၂၃၃ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၃၀၀ ဒသမ ၁၂၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၂၉၇ ဒသမ ၁၈၅ သန်း၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၅၁ ဒသမ ၂၂၃သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈၂၀ ဒသမ ၇၆၄ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၆၃ ဒသမ ၉၆၃ သန်း၊ ကာလတို ဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၇၂၄ ဒသမ ၄၂၄ သန်း အသီးသီး လာရောက်ရင်းနှီးမြုပ်နှံခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြုပ်နှံမှုကို ပြန်ကြည့်ပါက ဘဏ္ဍာနှစ်အစ အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၅၇၄ သန်း၊ နိုဝင်ဘာလတွင် ၃၃၆ ဒသမ ၂၆၉  သန်း၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂၄၈ ဒသမ ၇၉၇ သန်း၊ ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၃၃၆ ဒသမ ၃၉ သန်း၊ ဖေဖေါ်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၅၄  ဒသမ ၆၅ သန်း၊ မတ်လတွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၅၇ သန်း၊ဧပြီလတွင် ကန်ဒေါ်လာ ၄၆၂ ဒသမ ၀၉၆ သန်း၊ မေလတွင် ကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်းနှင့် ဇွန်လတွင် ကန်ဒေါ်လာ ၄၀၅ ဒသမ ၉၃၃ သန်း စုစုပေါင်း ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ၂၀၀၅ ဒသမ ၉၈၆ သန်း  ရင်းနှီးမြုပ်နှံခဲ့ရာ စင်ကာပူ၏ ရင်းနှီးမြုပ်နှံမှုမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံအနက် အများဆုံးဖြစ်ကာ ယခုဘဏ္ဍာနှစ်ဝင်ရောက်သည့် FDI စုစုပေါင်းပမာဏ ကန်ဒေါ်လာ ၃၁၅၉ ဒသမ ၇၄၁ သန်း၏ ရာခိုင်နှုန်း ၆၀ ကျော် ရှိကြောင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သိရပါတယ်။

PWA
ရန်ကုန်၊ ဇူလိုင် - ၂၃

( Zawgyi )

ျမန္မာနိုင္ငံအတြင္း စင္ကာပူနိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွာ ၂၀၁၉ ဇြန္လကုန္ အေမရိကန္ေဒၚလာ ၂၁၇၃၇ ဒသမ ၀၄၉ သန္းထိ ရွိလာၿပီး ျမန္မာနိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့သည့္ နိုင္ငံေပါင္း ၄၉ နိုင္ငံထဲ အမ်ားဆုံးရင္းႏွီးျမဳပ္ႏွံသည့္ နိုင္ငံျဖစ္လာၾကာင္း DICA က ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

၂၀၁၀ ေနာက္ပိုင္း စင္ကာပူမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွာ ကန္ေဒၚလာ ဘီလ်ံ ၂၀ ခန႔္ (၁၉၉၃၃ ဒသမ ၀၃၆ သန္း) ရွိကာ ထိုပမာဏမွာ ဘ႑ာေရးႏွစ္ ၉ ႏွစ္တာ ကာလအတြင္း လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့တာ ျဖစ္ပါတယ္။

ယခုဘ႑ာႏွစ္အတြင္း ၉ လတာ ကာလအထိ ရင္းႏွီးျမဳပ္ႏွံမႈမွာ ကန္ေဒၚလာ ႏွစ္ဘီလ်ံေက်ာ္ရွိၿပီး ထိုပမာဏမွာ ၂၀၁၀ ေနာက္ပိုင္း စတုတၳေျမာက္ အမ်ားဆုံးရင္းႏွီးျမဳပ္ႏွံသည့္ႏွစ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။၂၀၁၀ ေနာက္ပိုင္း စင္ကာပူမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ ၂၀၁၂-၂၀၁၂၃ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၄၁၈ ဒသမ ၂၃၃ သန္း၊ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၂၃၀၀ ဒသမ ၁၂၁ သန္း၊ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၄၂၉၇ ဒသမ ၁၈၅ သန္း၊  ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၂၅၁ ဒသမ ၂၂၃သန္း၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၃၈၂၀ ဒသမ ၇၆၄ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၁၆၃ ဒသမ ၉၆၃ သန္း၊ ကာလတို ဘတ္ဂ်က္ကာလတြင္ ကန္ေဒၚလာ ၇၂၄ ဒသမ ၄၂၄ သန္း အသီးသီး လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ပါတယ္။

ယခုဘ႑ာႏွစ္အတြင္း ရင္းႏွီးျမဳပ္ႏွံမႈကို ျပန္ၾကည့္ပါက ဘ႑ာႏွစ္အစ ေအာက္တိုဘာလတြင္ ကန္ေဒၚလာ ၂၁ ဒသမ ၅၇၄ သန္း၊ နိုဝင္ဘာလတြင္ ၃၃၆ ဒသမ ၂၆၉  သန္း၊ ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၂၄၈ ဒသမ ၇၉၇ သန္း၊ ဇန္နဝါရီလတြင္ ကန္ေဒၚလာ ၃၃၆ ဒသမ ၃၉ သန္း၊ ေဖေဖၚဝါရီလတြင္ အေမရိကန္ေဒၚလာ ၁၅၄  ဒသမ ၆၅ သန္း၊ မတ္လတြင္ အေမရိကန္ ေဒၚလာ ၁၁ ဒသမ ၆၅၇ သန္း၊ဧၿပီလတြင္ ကန္ေဒၚလာ ၄၆၂ ဒသမ ၀၉၆ သန္း၊ ေမလတြင္ ကန္ေဒၚလာ ၂၈ ဒသမ ၆၂ သန္းႏွင့္ ဇြန္လတြင္ ကန္ေဒၚလာ ၄၀၅ ဒသမ ၉၃၃ သန္း စုစုေပါင္း ယခုဘ႑ာႏွစ္အတြင္း ကန္ေဒၚလာ ၂၀၀၅ ဒသမ ၉၈၆ သန္း  ရင္းႏွီးျမဳပ္ႏွံခဲ့ရာ စင္ကာပူ၏ ရင္းႏွီးျမဳပ္ႏွံမႈမွာ နိုင္ငံေပါင္း ၁၈ နိုင္ငံအနက္ အမ်ားဆုံးျဖစ္ကာ ယခုဘ႑ာႏွစ္ဝင္ေရာက္သည့္ FDI စုစုေပါင္းပမာဏ ကန္ေဒၚလာ ၃၁၅၉ ဒသမ ၇၄၁ သန္း၏ ရာခိုင္ႏႈန္း ၆၀ ေက်ာ္ ရွိေၾကာင္း ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

PWA
ရန္ကုန္၊ ဇူလိုင္ - ၂၃