ယခုဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပြည်ပနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ၂၆ ဘီလျံကျော်ထိ ရှိလာ

ယခုဘဏ္ဍာနှစ် ကိုးလတာ ကာလအတွင်း ပြည်ပနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ၂၆ ဘီလျံကျော်ထိ ရှိလာ

ကုန်သွယ်ရေးဦးစီးဌာနက သြဂုတ်လအတွင်း ထုတ်ပြန်သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေ စာရင်းဇယားအရ ပြီးခဲ့သည့် ဇွန်လကုန်အထိ ပြည်ပနှင့် ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၂၆ ဘီလျံကျော်ရှိပြီး ဇွန်လအတွင်း သုံးဘီလျံနီးပါး ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ကိုးလတာအတွင်း ပြည်ပသို့ ကန်ဒေါ်လာ ၁၂ ဘီလျံ (၁၂၅၈၉ ဒသမ ၈၃၁ သန်း) ကုန်တင်ပို့ခဲ့ရာမှာ နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၆၈၉၃ ဒသမ ၇၁၄ သန်းနှင့် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၅၆၉၆ ဒသမ ၁၁၇ သန်း တင်ပို့ခဲ့ပြီး ပြည်ပမှ ကန်ဒေါ် လာ ၁၃ ဘီလျံ (၁၃၆၃၂ ဒသမ ၈၈၃ သန်း) ပြန်လည်တင်သွင်းခဲ့ရာမှာ နယ်စပ်မှ ကန်ဒေါ်လာ ၂၃၄၀ ဒသမ ၄၇၇ သန်းနှင့် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၁၂၉၂ ဒသမ ၄၀၆ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလတာအတွင်း ကုန်သွယ်ရာတွင် စုစုပေါင်း ကန်ဒေါ်လာ ၂၆ ဘီလျံကျော် (၂၆၂၂၂ ဒသမ ၅၉၄ သန်း) ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ တစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လအတွင်း ကုန်သွယ်မှုကိုကြည့်ပါက ဇွန်လအတွင်း ပို့ကုန် ၁၃၆၂ ဒသမ ၄၀၉ သန်း တင်ပို့ကာ ပြည်ပမှ သွင်းကုန် ၁၅၂၁ ဒသမ ၄၇၇ သန်း ပြန်လည်တင်ပို့ခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၂၈၈၃ ဒသမ ၈၃၄ သန်း ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။ထိုသို့ကုန်သွယ်ရာမှာ တစ်လအတွင်း ကုန်သွယ်ရေး လိုငွေ ၁၅၉ ဒသမ ၀၅၈ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့လများအတွင်း ပြည်ပနှင့် ကုန်သွယ်ရာမှာ ဖေဖေါ်ဝါရီလအတွင်း ကန်ဒေါ်လာ ၂၇၅၈ ဒသမ ၄၈၁ သန်း၊ မတ်လအတွင်း ကန်ဒေါ်လာ ၃၁၀၇ ဒသမ ၄၈၉ သန်းနှင့် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃၀၁၉ ဒသမ ၅၉၂ သန်း၊ မေလတွင် ကန်ဒေါ်လာ ၃၀၄၇ ဒသမ ၂၅၇ သန်းနှင့် ဇွန်လတွင် ကန်ဒေါ်လာ ၂၈၈၃ ဒသမ ၈၃၄ သန်း ကုန်သွယ်ခဲ့သဖြင့် လစဉ် ကန်ဒါ်လာ သုံးဘီလျံနီးပါး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

၅ နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၃၃ ဘီလျံကျော်ဖြင့် ကုန်သွယ်မှုအများဆုံးဖြစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၇ ဘီလျံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်နှင့် ၂၀၁၈ ကာလတိုဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်သွယ်ခဲ့ပြီး ဘဏ္ဍာရေးနှစ်သစ် ခြောက်လတာ ကာလအတွင်း ကန်ဒေါ်လာ ၁၇ဘီလျံကျော်ထိ ကုန်သွယ်ခဲ့ပါတယ်။     

PWA
ရန်ကုန်၊ သြဂုတ် - ၁၄

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ၾသဂုတ္လအတြင္း ထုတ္ျပန္သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေန စာရင္းဇယားအရ ၿပီးခဲ့သည့္ ဇြန္လကုန္အထိ ျပည္ပႏွင့္ ကုန္သြယ္မႈ စုစုေပါင္းပမာဏမွာ ကန္ေဒၚလာ ၂၆ ဘီလ်ံေက်ာ္ရွိၿပီး ဇြန္လအတြင္း သုံးဘီလ်ံနီးပါး ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ၾသဂုတ္လအတြင္း ထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ကိုးလတာအတြင္း ျပည္ပသို႔ ကန္ေဒၚလာ ၁၂ ဘီလ်ံ (၁၂၅၈၉ ဒသမ ၈၃၁ သန္း) ကုန္တင္ပို႔ခဲ့ရာမွာ နယ္စပ္ကုန္သြယ္ေရးမွ ကန္ေဒၚလာ ၆၈၉၃ ဒသမ ၇၁၄ သန္းႏွင့္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၅၆၉၆ ဒသမ ၁၁၇ သန္း တင္ပို႔ခဲ့ၿပီး ျပည္ပမွ ကန္ေဒၚ လာ ၁၃ ဘီလ်ံ (၁၃၆၃၂ ဒသမ ၈၈၃ သန္း) ျပန္လည္တင္သြင္းခဲ့ရာမွာ နယ္စပ္မွ ကန္ေဒၚလာ ၂၃၄၀ ဒသမ ၄၇၇ သန္းႏွင့္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၁၂၉၂ ဒသမ ၄၀၆ သန္း တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကိုးလတာအတြင္း ကုန္သြယ္ရာတြင္ စုစုေပါင္း ကန္ေဒၚလာ ၂၆ ဘီလ်ံေက်ာ္ (၂၆၂၂၂ ဒသမ ၅၉၄ သန္း) ကုန္သြယ္ႏိုင္ခဲ့ၿပီး ကုန္သြယ္မႈလိုေငြ တစ္ဘီလ်ံေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ဇြန္လအတြင္း ကုန္သြယ္မႈကိုၾကည့္ပါက ဇြန္လအတြင္း ပို႔ကုန္ ၁၃၆၂ ဒသမ ၄၀၉ သန္း တင္ပို႔ကာ ျပည္ပမွ သြင္းကုန္ ၁၅၂၁ ဒသမ ၄၇၇ သန္း ျပန္လည္တင္ပို႔ခဲ့ကာ စုစုေပါင္း ကန္ေဒၚလာ ၂၈၈၃ ဒသမ ၈၃၄ သန္း ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။ထိုသို႔ကုန္သြယ္ရာမွာ တစ္လအတြင္း ကုန္သြယ္ေရး လိုေငြ ၁၅၉ ဒသမ ၀၅၈ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့လမ်ားအတြင္း ျပည္ပႏွင့္ ကုန္သြယ္ရာမွာ ေဖေဖၚဝါရီလအတြင္း ကန္ေဒၚလာ ၂၇၅၈ ဒသမ ၄၈၁ သန္း၊ မတ္လအတြင္း ကန္ေဒၚလာ ၃၁၀၇ ဒသမ ၄၈၉ သန္းႏွင့္ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၃၀၁၉ ဒသမ ၅၉၂ သန္း၊ ေမလတြင္ ကန္ေဒၚလာ ၃၀၄၇ ဒသမ ၂၅၇ သန္းႏွင့္ ဇြန္လတြင္ ကန္ေဒၚလာ ၂၈၈၃ ဒသမ ၈၃၄ သန္း ကုန္သြယ္ခဲ့သျဖင့္ လစဥ္ ကန္ဒၚလာ သုံးဘီလ်ံနီးပါး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

၅ ႏွစ္တာကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ျဖင့္ ကုန္သြယ္မႈအမ်ားဆုံးျဖစ္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္၊ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၇ ဘီလ်ံေက်ာ္၊ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္ႏွင့္ ၂၀၁၈ ကာလတိုဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၁၈ ဘီလ်ံေက်ာ္ ကုန္သြယ္ခဲ့ၿပီး ဘ႑ာေရးႏွစ္သစ္ ေျခာက္လတာ ကာလအတြင္း ကန္ေဒၚလာ ၁၇ဘီလ်ံေက်ာ္ထိ ကုန္သြယ္ခဲ့ပါတယ္။     

PWA
ရန္ကုန္၊ ၾသဂုတ္ - ၁၄