ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ခြောက်ဘီလျံကျော်ထိရှိ

ယခုဘဏ္ဍာနှစ် ပထမလေးလအတွင်း ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ခြောက်ဘီလျံကျော်ထိရှိ

ယခုဘဏ္ဍာရေးနှစ် ပထမလေးလကာလအတွင်း ပြည်ပသို့ ပို့ကုန် တင်ပို့မှု ကန်ဒေါ်လာ ၆ ဘီလျံကျော်ဖိုး ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူ ထက် ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီး ဌာနက ထုတ်ပြန်တဲ့ စာရင်းအချက်အလက်များအရ သိရပါတယ်။

ဖေဖေါ်ဝါရီ ပထမအပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ်ပြည်ပ ပို့ကုန် အုပ်စုအလိုက် နိုင်းယှဉ် တင်ပြတဲ့ စာရင်းအချက်အလက်အရ ပြည်ပသို့ ပို့ကုန်အုပ်စု (၇)စုဖြင့် အမေရိကန်ဒေါ်လာ ၆၁၁၅ ဒသမ ၃၉၈ သန်းဖိုး ကုန်တင်ပို့ခဲ့ရာမှာ နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၁၆၀၉ ဒသမ ၈၇၄ သန်းပါဝင်ပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ၄၅၀၅ ဒသမ ၅၂၄သန်း ပါဝင်ခဲ့ပါတယ်။

“လက်ရှိမှာတော့ သိတဲ့ အတိုင်းဘဲ။တစ်ရက်ကို ကားတစ်စီးနှစ်စီးထွက်ဖို့တောင် မနည်းဘဲ။ အရောင်း အဝယ်မဖြစ်သလောက်ဘဲ။ဟိုဘက်မှာ ဗိုင်းရပ်စ်က ပြင်းထန်တော့ ဒီဘက်ကို ကုန်သည်တွေ လာဖို့က မလွယ် ဘူး။လမ်းတွေကလည်း ပိတ်ထားတော့ အရောင်းအဝယ်က ရပ်ဆိုင်းလုနီးပဲ။ အခုတော့ တချို့အလုပ်တွေ ပြန်စပြီလို့ ဆိုတယ်။ ဒီဘက်က သစ်သီးတွေ၊ ရေထွက်ကုန်တွေကအစ အကုန်ဒီဘက်မှာဘဲ ပိတ်မိနေတယ် ”လို့ မူဆယ်သို့ ကုန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။

ဘဏ္ဍာရေးနှစ်သစ် လေးလကာလဖြစ်သည့် ၂၀၁၉ ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ ဇန်နဝါရီ ၃၁ ရက် အထိ ပြည်ပသို့ ကုန်တင်ပို့မှုတွင် လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၁၂၂၀ဒသမ ၁၇၅ သန်း၊ တိရစ္ဆာန်ထွက် ကုန်မှ ကန်ဒေါ်လာ ၅၀ ဒသမ ၃၇၉ သန်း၊ ရေထွက်ကုန်မှကန်ဒေါ်လာ ၃၄၃ ဒသမ ၆၅၅ သန်း၊ သတ္တူတွင်းထွက်မှ ကန်ဒေါ်လာ ၉၀၇ ဒသမ၃၃၀သန်း၊သစ်တောထွက်ကုန်မှ ကန်ဒေါ်လာ ၅၈ ဒသမ ၅၉၁ သန်း၊စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၃၄၂၀ ဒသမ ၆၃၇ သန်းနှင့် အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ၁၁၄ ဒသမ ၆၃၁ သန်း တင်ပို့နိုင်ခဲ့ ကြောင်းသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ ပြည်ပသို့ ပို့ကုန်အုပ်စု (၇)စုဖြင့် ကုန်တင်ပို့ခဲ့ရာမှာ စက်မှုကုန်ချော ကဏ္ဍတစ်ခုတည်းမှ ကန်ဒေါ်လာ သုံးဘီလျံခွဲနီးပါးတင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုအနည်းဆုံးကဏ္ဍဖြစ်သည့် တိရစ္ဆာန် ထွက် ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်းငါးဆယ် ကျော်တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

PWA
Photo Credit - Global New Light of Myanmar
ရန်ကုန်၊ ဖေဖေါ်ဝါရီ - ၁၂

( Zawgyi )

ယခုဘ႑ာေရးႏွစ္ ပထမေလးလကာလအတြင္း ျပည္ပသို႔ ပို႔ကုန္ တင္ပို႔မႈ ကန္ေဒၚလာ ၆ ဘီလ်ံေက်ာ္ဖိုး ရွိၿပီး ယခင္ ဘ႑ာႏွစ္ ကာလတူ ထက္ ကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ ပိုမိုတင္ပို႔ႏိုင္ခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီး ဌာနက ထုတ္ျပန္တဲ့ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ေဖေဖၚဝါရီ ပထမအပတ္အတြင္း ထုတ္ျပန္ခဲ့တဲ့ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ကာလတူ ပုံမွန္/နယ္စပ္ျပည္ပ ပို႔ကုန္ အုပ္စုအလိုက္ ႏိုင္းယွဥ္ တင္ျပတဲ့ စာရင္းအခ်က္အလက္အရ ျပည္ပသို႔ ပို႔ကုန္အုပ္စု (၇)စုျဖင့္ အေမရိကန္ေဒၚလာ ၆၁၁၅ ဒသမ ၃၉၈ သန္းဖိုး ကုန္တင္ပို႔ခဲ့ရာမွာ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၁၆၀၉ ဒသမ ၈၇၄ သန္းပါဝင္ၿပီး ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ၄၅၀၅ ဒသမ ၅၂၄သန္း ပါဝင္ခဲ့ပါတယ္။

“လက္ရွိမွာေတာ့ သိတဲ့ အတိုင္းဘဲ။တစ္ရက္ကို ကားတစ္စီးႏွစ္စီးထြက္ဖို႔ေတာင္ မနည္းဘဲ။ အေရာင္း အဝယ္မျဖစ္သေလာက္ဘဲ။ဟိုဘက္မွာ ဗိုင္းရပ္စ္က ျပင္းထန္ေတာ့ ဒီဘက္ကို ကုန္သည္ေတြ လာဖို႔က မလြယ္ ဘူး။လမ္းေတြကလည္း ပိတ္ထားေတာ့ အေရာင္းအဝယ္က ရပ္ဆိုင္းလုနီးပဲ။ အခုေတာ့ တခ်ိဳ႕အလုပ္ေတြ ျပန္စၿပီလို႔ ဆိုတယ္။ ဒီဘက္က သစ္သီးေတြ၊ ေရထြက္ကုန္ေတြကအစ အကုန္ဒီဘက္မွာဘဲ ပိတ္မိေနတယ္ ”လို႔ မူဆယ္သို႔ ကုန္တင္ပို႔သူတစ္ဦးက ဆိုပါတယ္။

ဘ႑ာေရးႏွစ္သစ္ ေလးလကာလျဖစ္သည့္ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလမွ ၂၀၂၀ ဇန္နဝါရီ ၃၁ ရက္ အထိ ျပည္ပသို႔ ကုန္တင္ပို႔မႈတြင္ လယ္ယာထြက္ကုန္မွ ကန္ေဒၚလာ ၁၂၂၀ဒသမ ၁၇၅ သန္း၊ တိရစာၦန္ထြက္ ကုန္မွ ကန္ေဒၚလာ ၅၀ ဒသမ ၃၇၉ သန္း၊ ေရထြက္ကုန္မွကန္ေဒၚလာ ၃၄၃ ဒသမ ၆၅၅ သန္း၊ သတၱဴတြင္းထြက္မွ ကန္ေဒၚလာ ၉၀၇ ဒသမ၃၃၀သန္း၊သစ္ေတာထြက္ကုန္မွ ကန္ေဒၚလာ ၅၈ ဒသမ ၅၉၁ သန္း၊စက္မႈကုန္ေခ်ာမွ ကန္ေဒၚလာ ၃၄၂၀ ဒသမ ၆၃၇ သန္းႏွင့္ အျခားတင္ပို႔ကုန္မွ ကန္ေဒၚလာ၁၁၄ ဒသမ ၆၃၁ သန္း တင္ပို႔ႏိုင္ခဲ့ ေၾကာင္းသိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္အရ ျပည္ပသို႔ ပို႔ကုန္အုပ္စု (၇)စုျဖင့္ ကုန္တင္ပို႔ခဲ့ရာမွာ စက္မႈကုန္ေခ်ာ က႑တစ္ခုတည္းမွ ကန္ေဒၚလာ သုံးဘီလ်ံခြဲနီးပါးတင္ပို႔ႏိုင္ခဲ့ၿပီး တင္ပို႔မႈအနည္းဆုံးက႑ျဖစ္သည့္ တိရစာၦန္ ထြက္ ပစၥည္းတင္ပို႔မႈမွ ကန္ေဒၚလာ သန္းငါးဆယ္ ေက်ာ္တင္ပို႔ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

PWA
Photo Credit - Global New Light of Myanmar
ရန္ကုန္၊ ေဖေဖၚဝါရီ - ၁၂