ယခုဘဏ္ဍာရေးနှစ် သုံးလအတွင်း အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်းသုံးရာကျော်ရှိ

ယခုဘဏ္ဍာရေးနှစ် သုံးလအတွင်း အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်းသုံးရာကျော်ရှိ

မြန်မာနှင့် အိန္ဒိယအကြား ယခုဘဏ္ဍာရေးနှစ်သစ် သုံးလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ  အမေရိကန်ဒေါ်လာ သန်းသုံးရာကျော်ရှိပြီး ထိုပမာဏမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း လစဉ် ပျမ်းမျှကုန်သွယ်မှုပမာဏနီးပါးရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဖော်ပြတဲ့ စာရင်းအချက်အလက်များအရ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက ဖေဖေါ်ဝါရီ ပထမအပတ်အတွင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သုံးလတာကာလအတွင်း မြန်မာဘက်မှ အိန္ဒိယဘက်သို့ ကန်ဒေါ်လာ ၁၅၁ ဒသမ ၅၅၂ သန်း တင်ပို့ကာ အိန္ဒိယဘက်မှ မြန်မာဘက်သို့ ကန်ဒေါ်လာ ၁၈၀ ဒသမ ၃၅၈ သန်း ပြန်လည်တင်ပို့ခဲ့ကာ သုံးလအတွင်း မြန်မာနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၃၁ ဒသမ ၉၁၀ သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီဘက်နှစ်မှာ အိန္ဒိယဘက်က မြန်မာနဲ့ ကုန်သွယ်ရေးကို ပြန်လုပ်လာတယ်။ကုန်တွင်းပိတ်ဖြစ်နေတဲ့  သူ့ပြည်နယ်တွေအတွက် ပင်လယ်ထွက်ပေါက်ကို ရှာတဲ့သဘောပဲ။ပြီးတော့ အရင်က လီဒိုလမ်းမကြီးဆို သူ့ဘက်က အတော်လေးပြင်ဆင်နေတာ။အဲဒီကနေ ဝင်လာရင် ကချင်ဘက်၊ ပြီးရင် တရုတ်ဘက်ကိုဆက်တယ်။
အဲဒီလမ်းကိုလည်း အားစိုက်နေတာတွေ့ရတဲ့အတွက် နောက်ပိုင်းမှာ ပလက်၀တံတားသာပြီးလာရင် ကုန်သွယ်ရေးလမ်းကြောင်းတွေက တောက်လျှောက်ပွင့်လာမယ့် အနေအထားရှိတယ်” လို့ ကလေးမြို့အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။    

မြန်မာနှင့် အိန္ဒိယအကြား ငါးနှစ်တာကာလအတွင်း ကုန်သွယ်မှုမှာကို ပြန်ကြည့်ပါက  ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၃၆ ဒသမ ၉၃၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၅၈၁ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁၁ ဒသမ ၅၁၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၁၆၄သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၆၈ ဒသမ ၁၉၅ သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀ဝ ဒသမ ၄၃၇ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ကန်ဒေါ်လာ ၁၄၄၄ ဒသမ ၀၀၄ သန်းဖြင့် အသီးသီးကုန်သွယ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ လစဉ် ပျမ်းမျှ ကန်ဒေါ်လာ သန်း ၁၂၀ ကျော်ရှိပြီး ယခုနှစ်တွင် သုံးလအတွင်း လစဉ်ပျမ်းမျှကုန်သွယ်မှုမှာ သန်း ၁၁၀ ကျော်သာရှိသဖြင့် ကုန်သွယ်ရေးလျော့ကျနေကြောင်း သိရပါတယ်။

PWA
Photo Credit : google map
ရန်ကုန်၊ ဖေဖေါ်ဝါရီ - ၁၅
( Zawgyi )
ျမန္မာႏွင့္ အိႏၵိယအၾကား ယခုဘ႑ာေရးႏွစ္သစ္ သုံးလအတြင္း ကုန္သြယ္မႈတန္ဖိုးမွာ  အေမရိကန္ေဒၚလာ သန္းသုံးရာေက်ာ္ရွိၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ဘ႑ာႏွစ္အတြင္း လစဥ္ ပ်မ္းမွ်ကုန္သြယ္မႈပမာဏနီးပါးရွိခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ေဖာ္ျပတဲ့ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနက ေဖေဖၚဝါရီ ပထမအပတ္အတြင္း ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအထိ သုံးလတာကာလအတြင္း ျမန္မာဘက္မွ အိႏၵိယဘက္သို႔ ကန္ေဒၚလာ ၁၅၁ ဒသမ ၅၅၂ သန္း တင္ပို႔ကာ အိႏၵိယဘက္မွ ျမန္မာဘက္သို႔ ကန္ေဒၚလာ ၁၈၀ ဒသမ ၃၅၈ သန္း ျပန္လည္တင္ပို႔ခဲ့ကာ သုံးလအတြင္း ျမန္မာႏွင့္ အိႏၵိယၾကား ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၃၃၁ ဒသမ ၉၁၀ သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

“ဒီဘက္ႏွစ္မွာ အိႏၵိယဘက္က ျမန္မာနဲ႔ ကုန္သြယ္ေရးကို ျပန္လုပ္လာတယ္။ကုန္တြင္းပိတ္ျဖစ္ေနတဲ့  သူ႔ျပည္နယ္ေတြအတြက္ ပင္လယ္ထြက္ေပါက္ကို ရွာတဲ့သေဘာပဲ။ၿပီးေတာ့ အရင္က လီဒိုလမ္းမႀကီးဆို သူ႔ဘက္က အေတာ္ေလးျပင္ဆင္ေနတာ။အဲဒီကေန ဝင္လာရင္ ကခ်င္ဘက္၊ ၿပီးရင္ တ႐ုတ္ဘက္ကိုဆက္တယ္။
အဲဒီလမ္းကိုလည္း အားစိုက္ေနတာေတြ႕ရတဲ့အတြက္ ေနာက္ပိုင္းမွာ ပလက္၀တံတားသာၿပီးလာရင္ ကုန္သြယ္ေရးလမ္းေၾကာင္းေတြက ေတာက္ေလွ်ာက္ပြင့္လာမယ့္ အေနအထားရွိတယ္” လို႔ ကေလးၿမိဳ႕အေျခစိုက္ လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။    

ျမန္မာႏွင့္ အိႏၵိယအၾကား ငါးႏွစ္တာကာလအတြင္း ကုန္သြယ္မႈမွာကို ျပန္ၾကည့္ပါက  ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၃၆ ဒသမ ၉၃၁ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၄၀ ဒသမ ၅၈၁ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၇၁၁ ဒသမ ၅၁၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၄၃ ဒသမ ၁၆၄သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၄၆၈ ဒသမ ၁၉၅ သန္း၊ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၈၀ဝ ဒသမ ၄၃၇ သန္း၊ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္  ကန္ေဒၚလာ ၁၄၄၄ ဒသမ ၀၀၄ သန္းျဖင့္ အသီးသီးကုန္သြယ္ခဲ့ပါတယ္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ လစဥ္ ပ်မ္းမွ် ကန္ေဒၚလာ သန္း ၁၂၀ ေက်ာ္ရွိၿပီး ယခုႏွစ္တြင္ သုံးလအတြင္း လစဥ္ပ်မ္းမွ်ကုန္သြယ္မႈမွာ သန္း ၁၁၀ ေက်ာ္သာရွိသျဖင့္ ကုန္သြယ္ေရးေလ်ာ့က်ေနေၾကာင္း သိရပါတယ္။

PWA
Photo Credit : google map
ရန္ကုန္၊ ေဖေဖၚဝါရီ - ၁၅