ယုဇနဥယျာဉ်မြို့နယ်အတွင်း နေထိုင်သူများအတွက် လဂွမ်းပြင်ရေလှောင်ကန်မှရေဖြင့် ၂၀၂၀ ခုနှစ်အတွင်း ပေးဝေနိုင်ရေး ဆောင်ရွက်နေဟုဆို

ယုဇနဥယျာဉ်မြို့နယ်အတွင်း နေထိုင်သူများအတွက် လဂွမ်းပြင်ရေလှောင်ကန်မှရေဖြင့် ၂၀၂၀ ခုနှစ်အတွင်း ပေးဝေနိုင်ရေး ဆောင်ရွက်နေဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့နယ်အတွင်း နေထိုင်သူများအတွက် လဂွမ်းပြင်ရေလှောင်ကန်မှရေပေးဝေနိုင်ရေးကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊မြို့နယ်စည်ပင်ရေပေးဝေရေးတာဝန်ခံ ဦးရဲမင်းထွန်း ကပြောပါတယ်။

အဆိုပါ လဂွမ်းပြင်ရေလှောင်ကန်မှရေပေးဝေနိုင်ရေးစီမံကိန်းကို မူလက ၂၀၂၅ ခုနှစ်အတွင်းမှသာပေးဝေနိုင်မည်ဟု လျာထား သတ်မှတ် ထားသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်ကိုတော့ လာမည့် ၂၀၂၀ ခုနှစ်၊သုံးလပိုင်းအတွင်းမှာရေပေးဝေနိုင်ရေး အတွက်ဆောင်ရွက် နေတာဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

 “ယုဇနဥယျာဉ်မြို့တော်ကို အခုလက်ရှိပေးနေတာ ကညောင်နှစ်ပင်ကနေရေပေးနေပါတယ်။ ရေကအဲ့ကနေလာတဲ့ အခါကျတော့ ပါရမီရေတွန်းစက်ရောက်တယ်။အဲ့ကနေမှမြို့ဦး မြို့ဦးကမှ ယုဇနပေါ့လေ၊ကျနော်တို့ဆီကျတော့အဆင့်ဆင့်ဖြစ်နေတယ်။ ညောင်နှစ်ပင်ကေ နပေးတဲ့ရေကလည်းလမ်းတိုင်းလမ်းတိုင်းမှာမီးပျက်တယ်ဆိုတော့ထောက်တာပေါ့နော်။မီးပျက်တော့ ပြန်လုပ်ရတဲ့ဟာကဆင့်ကဲဆင့်ကဲ ဖြစ်နေတာပေါ့။အခုပြန်လုပ်နေတဲ့စီမံကိန်းက ကျနော်တို့က လဂွမ်းပြင်ကနေပေးမယ်။လဂွမ်းပြင်ကနေ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်း ဒဂုံလေးမြို့နယ်လေးခုကိုပေးမယ်။တစ်နေ့ကို ရေဂါလံ ၇ သန်းပေးနေတယ်။အခုပေးတာက ကျနော်တို့က ၆ သိန်းပဲပေးတယ်။

ဒီမှာရှိတဲ့ရေစုကန်က ၁ သိန်းခွဲလေးကန် ၆ သိန်းခွဲပဲဆံ့ပါတယ်။၆ သိန်းခွဲကုန်ရင်ပြီးသွားပါပြီ။လဂွမ်းပြင်ကျတော့ ဟိုကနေ တိုက်ရိုက်လွှတ်မှာရေ ၇ သန်းဒီမှာဝင်ရင်ဆက်တိုက်ရေလွှတ်ပေးလို့ရပြီ။ရေပေးလို့ရပြီ၊အခုကနောက်ရေပြတ်နေတော့ ဒီမှာကရေပြန်ပြန်စုနေရတယ်။ အခုက ကန်ထဲကိုရေတောက်လျှောက် ဝင်မယ်၊တောက်လျှောက်ပေးလို့ရမယ်။ အမှန်မှန်တော့ လဂွမ်းပြင်ကနေရေပေးဝေရေးကို ၂၀၂၅ လို့သတ်မှတ် ထားပေမယ့် ဒဂုံဆိပ်ကမ်းဘက်ကိုပေးမှာကတော့ ၂၀၂၀ မှာ သုံးလပိုင်းကိုအပြီးလုပ်နေပါတယ်။” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊မြို့နယ်စည်ပင်ရေပေးဝေရေး တာဝန်ခံ ဦးရဲမင်းထွန်း ကပြောကြားခဲ့ပါတယ်။

 ယင်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ယုဇနဥယျာဉ်မြို့တော်တွင် အိမ်ထောင်စု စုစုပေါင်း (၁၂၀၂၂)စုရှိပြီး လက်ရှိမှာတော့ အေ၊ဘီ၊စီ၊စစ်တောင်း၊ ချင်းတွင်းအိမ်ယာများသို့အပိုင်းနှစ်ပိုင်းခွဲကာရေပေးဝေလျက်ရှိတယ်လို့လည်းသိရပါတယ်။“ကျနော်တို့ကနှစ်ကြိမ်စီပေါ့။အေချင်းတွင်းတစ်ကြိမ်၊ဘီစစ်တောင်းတစ်ကြိမ်နှစ်ပိုင်းပိုင်းပြီးပေးပါတယ်။ ရေတစ်ခါစုရင် ၁၆ နာရီစုရတယ်။ပြန်ပြီးပေးပြီဆိုရင် ၈ နာရီကိုနှစ်ပိုင်းပိုင်းပြီးတော့ ပြန်လွှတ်ပေးပါတယ်။” လို့ ဦးရဲမင်းထွန်း ကထပ်လောင်းပြောပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၃

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး၊ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ယုဇနဥယ်ာဥ္ၿမိဳ႕နယ္အတြင္း ေနထိုင္သူမ်ားအတြက္ လဂြမ္းျပင္ေရေလွာင္ကန္မွေရေပးေဝႏိုင္ေရးကို လာမည့္ ၂၀၂၀ ခုႏွစ္အတြင္း အၿပီးသတ္ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ၿမိဳ႕နယ္စည္ပင္ေရေပးေဝေရးတာဝန္ခံ ဦးရဲမင္းထြန္း ကေျပာပါတယ္။

အဆိုပါ လဂြမ္းျပင္ေရေလွာင္ကန္မွေရေပးေဝႏိုင္ေရးစီမံကိန္းကို မူလက ၂၀၂၅ ခုႏွစ္အတြင္းမွသာေပးေဝႏိုင္မည္ဟု လ်ာထား သတ္မွတ္ ထားေသာ္လည္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ဘက္ကိုေတာ့ လာမည့္ ၂၀၂၀ ခုႏွစ္၊သုံးလပိုင္းအတြင္းမွာေရေပးေဝႏိုင္ေရး အတြက္ေဆာင္႐ြက္ ေနတာျဖစ္တယ္လို႔လည္း ၎ကဆိုပါတယ္။

 “ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ကို အခုလက္ရွိေပးေနတာ ကေညာင္ႏွစ္ပင္ကေနေရေပးေနပါတယ္။ ေရကအဲ့ကေနလာတဲ့ အခါက်ေတာ့ ပါရမီေရတြန္းစက္ေရာက္တယ္။အဲ့ကေနမွၿမိဳ႕ဦး ၿမိဳ႕ဦးကမွ ယုဇနေပါ့ေလ၊က်ေနာ္တို႔ဆီက်ေတာ့အဆင့္ဆင့္ျဖစ္ေနတယ္။ ေညာင္ႏွစ္ပင္ေက နေပးတဲ့ေရကလည္းလမ္းတိုင္းလမ္းတိုင္းမွာမီးပ်က္တယ္ဆိုေတာ့ေထာက္တာေပါ့ေနာ္။မီးပ်က္ေတာ့ ျပန္လုပ္ရတဲ့ဟာကဆင့္ကဲဆင့္ကဲ ျဖစ္ေနတာေပါ့။အခုျပန္လုပ္ေနတဲ့စီမံကိန္းက က်ေနာ္တို႔က လဂြမ္းျပင္ကေနေပးမယ္။လဂြမ္းျပင္ကေန ဒဂုံေတာင္၊ ဒဂုံအေရွ႕၊ ဒဂုံေျမာက္၊ ဒဂုံဆိပ္ကမ္း ဒဂုံေလးၿမိဳ႕နယ္ေလးခုကိုေပးမယ္။တစ္ေန႔ကို ေရဂါလံ ၇ သန္းေပးေနတယ္။အခုေပးတာက က်ေနာ္တို႔က ၆ သိန္းပဲေပးတယ္။

ဒီမွာရွိတဲ့ေရစုကန္က ၁ သိန္းခြဲေလးကန္ ၆ သိန္းခြဲပဲဆံ့ပါတယ္။၆ သိန္းခြဲကုန္ရင္ၿပီးသြားပါၿပီ။လဂြမ္းျပင္က်ေတာ့ ဟိုကေန တိုက္႐ိုက္လႊတ္မွာေရ ၇ သန္းဒီမွာဝင္ရင္ဆက္တိုက္ေရလႊတ္ေပးလို႔ရၿပီ။ေရေပးလို႔ရၿပီ၊အခုကေနာက္ေရျပတ္ေနေတာ့ ဒီမွာကေရျပန္ျပန္စုေနရတယ္။ အခုက ကန္ထဲကိုေရေတာက္ေလွ်ာက္ ဝင္မယ္၊ေတာက္ေလွ်ာက္ေပးလို႔ရမယ္။ အမွန္မွန္ေတာ့ လဂြမ္းျပင္ကေနေရေပးေဝေရးကို ၂၀၂၅ လို႔သတ္မွတ္ ထားေပမယ့္ ဒဂုံဆိပ္ကမ္းဘက္ကိုေပးမွာကေတာ့ ၂၀၂၀ မွာ သုံးလပိုင္းကိုအၿပီးလုပ္ေနပါတယ္။” လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ၿမိဳ႕နယ္စည္ပင္ေရေပးေဝေရး တာဝန္ခံ ဦးရဲမင္းထြန္း ကေျပာၾကားခဲ့ပါတယ္။

 ယင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ အိမ္ေထာင္စု စုစုေပါင္း (၁၂၀၂၂)စုရွိၿပီး လက္ရွိမွာေတာ့ ေအ၊ဘီ၊စီ၊စစ္ေတာင္း၊ ခ်င္းတြင္းအိမ္ယာမ်ားသို႔အပိုင္းႏွစ္ပိုင္းခြဲကာေရေပးေဝလ်က္ရွိတယ္လို႔လည္းသိရပါတယ္။“က်ေနာ္တို႔ကႏွစ္ႀကိမ္စီေပါ့။ေအခ်င္းတြင္းတစ္ႀကိမ္၊ဘီစစ္ေတာင္းတစ္ႀကိမ္ႏွစ္ပိုင္းပိုင္းၿပီးေပးပါတယ္။ ေရတစ္ခါစုရင္ ၁၆ နာရီစုရတယ္။ျပန္ၿပီးေပးၿပီဆိုရင္ ၈ နာရီကိုႏွစ္ပိုင္းပိုင္းၿပီးေတာ့ ျပန္လႊတ္ေပးပါတယ္။” လို႔ ဦးရဲမင္းထြန္း ကထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၃