ယူ-၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်၊ အိမ်ရှင်မြန်မာ အကောင်းဆုံးရလဒ် ဖန်တီးမည်ဟု နည်းပြချုပ် ဆို

ယူ-၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်၊ အိမ်ရှင်မြန်မာ အကောင်းဆုံးရလဒ် ဖန်တီးမည်ဟု နည်းပြချုပ် ဆို

AFC-UEFA Assist ယူ-၁၆ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့မှာ သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမှာပါ။

မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မွန်တီနီဂရိုးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။

ဒီပွဲနှင့်ပတ်သက်ပြီး သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီက မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းရှေ့ Royal Mingalar Hotel မှာ အကြိုစာနယ်ဇင်းရှင်းလင်းပွဲ လုပ်ခဲ့တာမှာ အသင်း ၄ သင်းစလုံးရဲ့ နည်းပြချုပ် ၄ ဦးစလုံး တက်ရောက်ရှင်းလင်းခဲ့ကြပါတယ်။

အိမ်ရှင် မြန်မာအသင်းက ပြိုင်ဘက်အသင်း ၃ သင်းစလုံးနဲ့ တစ်ရက်စီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အကောင်းဆုံးရလဒ်ရရှိဖို့ပဲ အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်တယ်လို့ အသင်းနည်းပြချုပ် ဦးမင်းသူ က ပြောပါတယ်။

ပြိုင်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပြီး ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမှတ်အများဆုံး အသင်းက အနိုင်ရမှာပဲဖြစ်တယ်လို့ သိရပါတယ်။

"မြန်မာအသင်းက အင်ဒိုနီးရှားအသင်းနဲ့ အဖွင့်ပွဲစဉ်မှာ ကစားရမှာပါ အကောင်းဆုံးရလဒ်ရဖို့ ပြင်ထားပါတယ်" လို့ ဦးမင်းသူ က ပြောပါတယ်။

မြန်မာအသင်းဟာ ပြိုင်ပွဲအဖွင့်ပွဲအဖြစ် သြဂုတ်လ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှား၊ ၁၆ ရက်နေ့မှာ တောင်ကိုရီးယား၊၁၈ ရက်နေ့မှာ မွန်တီနီဂရိုးအသင်းတို့နဲ့ အသီးသီးယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ သြဂုတ် - ၁၃

( Zawgyi )

AFC-UEFA Assist ယူ-၁၆ ေလးႏိုင္ငံဖိတ္ေခၚ ေဘာလုံးၿပိဳင္ပြဲကို မႏၲေလးၿမိဳ႕မွာ ၾသဂုတ္ ၁၄ ရက္မွ ၁၈ ရက္အထိ က်င္းပျပဳလုပ္သြားမွာပါ။

မႏၲလာသီရိ အဆင့္ျမင့္အားကစားကြင္းအတြင္း က်င္းပျပဳလုပ္သြားမွာပဲျဖစ္ၿပီး ျမန္မာ၊ အင္ဒိုနီးရွား၊ ေတာင္ကိုရီးယားနဲ႔ မြန္တီနီဂ႐ိုးအသင္းတို႔ ယွဥ္ၿပိဳင္ကစားသြားၾကမွာပါ။

ဒီပြဲႏွင့္ပတ္သက္ၿပီး ၾသဂုတ္ ၁၃ ရက္ မြန္းလြဲ ၂ နာရီက မႏၲလာသီရိ အဆင့္ျမင့္အားကစားကြင္းေရွ႕ Royal Mingalar Hotel မွာ အႀကိဳစာနယ္ဇင္းရွင္းလင္းပြဲ လုပ္ခဲ့တာမွာ အသင္း ၄ သင္းစလုံးရဲ႕ နည္းျပခ်ဳပ္ ၄ ဦးစလုံး တက္ေရာက္ရွင္းလင္းခဲ့ၾကပါတယ္။

အိမ္ရွင္ ျမန္မာအသင္းက ၿပိဳင္ဘက္အသင္း ၃ သင္းစလုံးနဲ႔ တစ္ရက္စီ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အေကာင္းဆုံးရလဒ္ရရွိဖို႔ပဲ အစြမ္းကုန္ႀကိဳးစားသြားမွာ ျဖစ္တယ္လို႔ အသင္းနည္းျပခ်ဳပ္ ဦးမင္းသူ က ေျပာပါတယ္။

ၿပိဳင္ပြဲကို ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ (UEFA) ရဲ႕ ပံ့ပိုးကူညီမႈနဲ႔ က်င္းပျပဳလုပ္သြားမွာပဲျဖစ္ၿပီး ပတ္လည္စနစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အမွတ္အမ်ားဆုံး အသင္းက အႏိုင္ရမွာပဲျဖစ္တယ္လို႔ သိရပါတယ္။

"ျမန္မာအသင္းက အင္ဒိုနီးရွားအသင္းနဲ႔ အဖြင့္ပြဲစဥ္မွာ ကစားရမွာပါ အေကာင္းဆုံးရလဒ္ရဖို႔ ျပင္ထားပါတယ္" လို႔ ဦးမင္းသူ က ေျပာပါတယ္။

ျမန္မာအသင္းဟာ ၿပိဳင္ပြဲအဖြင့္ပြဲအျဖစ္ ၾသဂုတ္လ ၁၄ ရက္ေန႔မွာ အင္ဒိုနီးရွား၊ ၁၆ ရက္ေန႔မွာ ေတာင္ကိုရီးယား၊၁၈ ရက္ေန႔မွာ မြန္တီနီဂ႐ိုးအသင္းတို႔နဲ႔ အသီးသီးယွဥ္ၿပိဳင္ကစားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ - ၁၃