ရခိုင်ပြည်နယ်မြောက်ပိုင်း ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူဖို့ သမ္မတ သဘောတူ

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူဖို့ သမ္မတ သဘောတူ

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရာဇဝတ်မှုကျူးလွန်မှုတွေကို အရေးယူအပြစ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က သဘောတူလိုက်ပါတယ်။

“နိုင်ငံတော်သမ္မတက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူသည်” လို့ ဇန်နဝါရီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့  အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ပေးအပ်ခဲ့ပြီးနောက် သမ္မတက သဘောတူကြောင်း ထုတ်ပြန်လိုက်တာပါ။

အရပ်သားတွေကို သတ်ဖြတ်တာ၊ အင်အားမမျှမတသုံးစွဲတာ၊ လုယက်မှုကျူးလွန်တာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေက မူဆလင်တွေရဲ့ စွန့်ခွာသွားတဲ့ နေအိမ်တွေကို ဖျက်ဆီးတာ စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတာကို ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းရေးထားတာကို တွေ့ရှိရတယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာမှာ နံမည်ကြီးဖြစ်နေတဲ့ တူလာတိုလီ (မင်းကြီးရွာ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတို့ကို ကော်မရှင်အနေနဲ့ စစ်ဆေးခဲ့ရာမှာ အဲ့ဒီရွာတွေမှာ အသက်ဆုံးရှုံးမှု များပြားခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ပေမယ့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့တာမရှိဘူးလို့ ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါပေမယ့် မင်းကြီးနဲ့ ချွတ်ပြင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ မူဆလင်ရွာတွေက နေအိမ်မီးလောင်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာတွေအပေါ် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ကော်မရှင်ရဲ့ အစီရင်ခံစာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ ပေးပို့ခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ကော်မရှင်ရေးသားထားတဲ့ အစီရင်ခံစာဟာ မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေဖြစ်တဲ့ ရခိုင်၊ မွတ်စလင်၊ မြို၊ သက်၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ထဲက လူတွေ စုစုပေါင်း ၁၅၀၀ ဝန်းကျင် အင်တာဗျူးပြီး အခြေခံထားတာလို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတအနေနဲ့ ထိခိုက်ခံစားခဲ့ရသူတွေ အားလုံးအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိစေရေး၊ အဆင့်မီလုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလ ၂၃ ရက်မှာပဲ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ကြားဖြတ်အရေးပေါ်စီမံမှုအတွက် ဆုံးဖြတ်ချက်ချဖို့လည်း ရှိနေပါတယ်။

ဒီအတွက်ကြောင့် ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

ICOE ကော်မရှင်ကို ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စရိုဆာရီယိုမယ်နာလို က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဂျပန်သံအမတ်ကြီးဟောင်း မစ္စတာကိုဇိုအိုရှီးမား နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်း နဲ့ ဒေါက်တာအောင်ထွန်းသက်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြပါတယ်။

ဇေယျာမော်
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
( Zawgyi )
လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြမွာ က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရာဇဝတ္မႈက်ဴးလြန္မႈေတြကို အေရးယူအျပစ္ေပးဖို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က သေဘာတူလိုက္ပါတယ္။

“ႏိုင္ငံေတာ္သမၼတက ေကာ္မရွင္၏ အႀကံျပဳခ်က္အတိုင္း ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္သြားေစရန္ႏွင့္ အေထာက္အထားမ်ားခိုင္လုံပါက တရားစြဲဆိုမႈမ်ား ျပဳလုပ္သြားေစရန္ သေဘာတူသည္” လို႔ ဇန္နဝါရီ ၂၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ သမၼတ႐ုံးရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ရခိုင္ျပည္နယ္ဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕  အၿပီးသတ္အစီရင္ခံစာကို ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံကို ဇန္နဝါရီ ၂၀ ရက္ေန႔ မနက္ပိုင္းက ေပးအပ္ခဲ့ၿပီးေနာက္ သမၼတက သေဘာတူေၾကာင္း ထုတ္ျပန္လိုက္တာပါ။

အရပ္သားေတြကို သတ္ျဖတ္တာ၊ အင္အားမမွ်မတသုံးစြဲတာ၊ လုယက္မႈက်ဴးလြန္တာ၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ေတြက မူဆလင္ေတြရဲ႕ စြန႔္ခြာသြားတဲ့ ေနအိမ္ေတြကို ဖ်က္ဆီးတာ စတဲ့ ရာဇဝတ္မႈေတြကို က်ဴးလြန္ခဲ့ၾကတာကို ေကာ္မရွင္ရဲ႕ အစီရင္ခံစာမွာ ထည့္သြင္းေရးထားတာကို ေတြ႕ရွိရတယ္လို႔ သမၼတ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္လို႔ ႏိုင္ငံတကာမွာ နံမည္ႀကီးျဖစ္ေနတဲ့ တူလာတိုလီ (မင္းႀကီး႐ြာ)၊ ခြၽတ္ျပင္႐ြာနဲ႔ ေမာင္ႏု႐ြာတို႔ကို ေကာ္မရွင္အေနနဲ႔ စစ္ေဆးခဲ့ရာမွာ အဲ့ဒီ႐ြာေတြမွာ အသက္ဆုံးရႈံးမႈ မ်ားျပားခဲ့တာကို စုံစမ္းေတြ႕ရွိခဲ့ေပမယ့္ လူမ်ိဳးျပဳန္းတီးေစရန္ ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္က်ဴးလြန္ခဲ့တယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္မ်ိဳး ျဖစ္ပြားခဲ့တာမရွိဘူးလို႔ ေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ ေရးသားထားပါတယ္။

ဒါေပမယ့္ မင္းႀကီးနဲ႔ ခြၽတ္ျပင္႐ြာမွာ ျဖစ္ပြားခဲ့တဲ့ သတ္ျဖတ္မႈေတြ၊ မူဆလင္႐ြာေတြက ေနအိမ္မီးေလာင္မႈေတြကို တားဆီးဖို႔ ပ်က္ကြက္ခဲ့တာေတြအေပၚ အေရးယူဖို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ က ေကာ္မရွင္ရဲ႕ အစီရင္ခံစာကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆီ ေပးပို႔ခဲ့တယ္လို႔ သမၼတ႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။

ေကာ္မရွင္ေရးသားထားတဲ့ အစီရင္ခံစာဟာ မတူညီတဲ့ လူမႈအသိုင္းဝိုင္းေတြျဖစ္တဲ့ ရခိုင္၊ မြတ္စလင္၊ ၿမိဳ၊ သက္၊ ဒိုင္းနက္ အစရွိတဲ့ တိုင္းရင္းသားေတြ၊ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ထဲက လူေတြ စုစုေပါင္း ၁၅၀၀ ဝန္းက်င္ အင္တာဗ်ဴးၿပီး အေျခခံထားတာလို႔လည္း ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္သမၼတအေနနဲ႔ ထိခိုက္ခံစားခဲ့ရသူေတြ အားလုံးအတြက္ ဝမ္းနည္းေၾကာင္း ေျပာဆိုခဲ့ၿပီး တာဝန္ခံမႈနဲ႔ တရားမွ်တမႈ ရရွိေစေရး၊ အဆင့္မီလုံၿခဳံေရးတပ္ဖြဲ႕မ်ား ျဖစ္လာေစေရးအတြက္ ေဆာင္႐ြက္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အခုလ ၂၃ ရက္မွာပဲ ရခိုင္အေရးကိစၥနဲ႔ပတ္သက္ၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတဲ့အေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်က ၾကားျဖတ္အေရးေပၚစီမံမႈအတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔လည္း ရွိေနပါတယ္။

ဒီအတြက္ေၾကာင့္ ေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာကို ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကပါတယ္။

ICOE ေကာ္မရွင္ကို ဖိလစ္ပိုင္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း မစၥ႐ိုဆာရီယိုမယ္နာလို က ဥကၠ႒အျဖစ္ တာဝန္ယူၿပီး ဂ်ပန္သံအမတ္ႀကီးေဟာင္း မစၥတာကိုဇိုအိုရွီးမား နဲ႔ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးဥကၠ႒ေဟာင္း ဦးျမသိန္း နဲ႔ ေဒါက္တာေအာင္ထြန္းသက္တို႔က အဖြဲ႕ဝင္အျဖစ္ ပါဝင္ၾကပါတယ္။

ေဇယ်ာေမာ္
ေနျပည္ေတာ္၊ ဇန္နဝါရီ - ၂၁