ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ အကူအညီပေးရေးအတွက် အစိုးရက လုံလောက်စွာ ထောက်ပံ့ပေးနိုင်ကြောင်း လူကယ်ပြန်ဒု-ဝန်ကြီးဆို
  ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ အကူအညီပေးရေးအတွက် အစိုးရက လုံလောက်စွာ ထောက်ပံ့ပေးနိုင်ကြောင်း လူကယ်ပြန်ဒု-ဝန်ကြီးဆို
နေပြည်တော်၊သြဂုတ်-၈ နိုင်ငံတော်အစိုးရအနေနှင့်ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်ဒုက္ခသည်များအကူအညီပေးရေးအတွက် လုံလောက် စွာထောက်ပံ့ပေးနိုင်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က ယနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“စစ်ဘေးရှောင်ဒုက္ခသည်များအတွက်လက်ရှိနိုင်ငံတော်အနေနဲ့ထောက်ပံ့ပေးနိုင်မှုအခြေအနေလုံ လောက်မှုရှိရဲ့လားဆိုတဲ့အပိုင်းမှာ ကျနော်တို့ဒီအပိုင်းမှာ နိုင်ငံတော်အနေနဲ့လုံလောက်စွာနဲ့ ထောက်ပံ့ ပေးနိုင် ပါတယ်ဆိုတဲ့ အကြောင်းတင်ပြလိုပါတယ်။ နိုင်ငံတော်အနေနဲ့ဆောင်ရွက် တဲ့နေရာမှာလည်း နိုင်ငံတော် ကိုယ်စားကျနော်တို့ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ပါဘူး။ သက်ဆိုင်ရာဌာန အလိုက် ဝန်ကြီးဌာန အသီးသီးက လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျန်းမာရေးဆို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆောင် ရွက်ပေးသလို လယ်ယာ စိုက်ပျိုးရေးကိစ္စတွေနဲ့ဆို သက်ဆိုင်ရာစိုက်/မွေး/ဆည်ဝန်ကြီးဌာနက သူတို့နဲ့ ဆက် စပ်နေတဲ့ဲအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါတယ်။ပညာရေးကဏ္ဍလည်းထို့အတူပါဘဲ။
နောက်တစ်ခါလူ့မှုအဖွဲ့အစည်းတွေရဲ့လာရောက်ထောက်ပံ့ပေးနိုင်မှုအပိုင်းကိုလည်း နိုင်ငံတော်အနေနဲ့ပြည်နယ် အစိုးရ အနေနဲ့ ကန့်သတ် ထားခြင်း၊ကန့်ကွက်ထားခြင်းမရှိပါဘူး။လာရောက်ထောက်ပံ့မှုတွေကိုလည်းလက်ခံ ဆောင် ရွက် ပေးလျက်ရှိပါတယ်။ ဒီအခြေအနေမှာ ဘာတစ်ခုဘဲကန့်သတ်မှုရှိနေလည်းဆို လုံခြုံရေး အခြေအနေ အရဖြစ် ပါတယ်။ လုံခြုံရေးအခြေအနေအရသွားရောက်နိုင်မှုမရှိနိုင်တဲ့ နေရာတွေအတွက် ကိုကျနော် တို့ အနေနဲ့ဒီအပိုင်းကိုဘဲအဓိကထားပြီးဆောင်ရွက်ပေးနေလျက်ရှိပါတယ်။များပြားလာတဲ့လူတွေအတွက်ကို လည်းကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်းသူတို့ရဲ့အရေးပေါ်ရန်ပုံငွေဒီလိုအနေအထားမျိုးနဲ့သူတို့ဆီမှာ ရရှိနေတဲ့ အပိုင်းမျိုး ကိုသူတို့ရဲ့ ကဏ္ဍအသီးသီးမှာ ကဏ္ဍအလိုက်ပါဝင်ဆောင်ရွက်နေတဲ့အဖွဲအစည်းတွေက ပူးပေါင်းဆောင်ရွက်လိုတဲ့အကြောင်းကျနော်တို့ဆီကို ပြီးခဲ့တဲ့ လနောက်ဆုံးပတ်ထဲမှာလာရောက်ဆွေးနွေး တာဖြစ်တဲ့အတွက် ဒါတွေနဲ့လည်းပူးပေါင်းပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်သူလူထု တွေ၊လူမှုအဖွဲ့အစည်းတွေရဲ့စေတနာရှင်တွေရဲ့ပူးပေါင်းပါဝင်ကူညီမှုကိုလည်းလက်တွဲပြီးမှ ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် “ ဟုဒုတိယဝန်ကြီးဦးစိုးအောင်မှပြောပါတယ်။ ယနေ့ကျင်းပသည့်ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်မြေပုံမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမှရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်ဒုက္ခသည်များအားနိုင်ငံတော်မှ မည်သို့ ကူညီစောင်ရှောက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းမှုအား ဒုတိယဝန်ကြီး မှပြန်လည် ဖြေကြားခဲ့ပြီး၊ ကိုယ်စားလှယ် ဦးဖေသန်းမှ ဝန်ကြီးဌာန၏အကူအညီတွေဟာ လုံလောက်ရဲ့ လား၊ စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ အချိန်နဲ့တပြေးညီ စားသုံးနိုင်ဖို့ အတွက်ဆေးဝါး၊ရိက္ခာအကုန်လုံးအတွက်လုံ လောက်ရဲ့လားဆိုသည့် ဆက်စပ်မေးမြန်းမှုအပေါ်ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
PTG
နေပြည်တော်၊ သြဂုတ် ၈
( Zawgyi )
PTG
နေပြည်တော်၊ သြဂုတ် ၈