ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အား မိုးရာသီ မတိုင်မီလုံခြုံသောနေရာများ တွင် ယာယီနေရာ ချထားပေးမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အား မိုးရာသီ မတိုင်မီလုံခြုံသောနေရာများ တွင် ယာယီနေရာ ချထားပေးမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအားမိုးရာသီမတိုင်မီလုံခြုံသောနေရာများတွင်ယာယီနေရာချထားပေးသွားမှာဖြစ်တယ်လို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနမှသိရပါတယ်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း မေ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း မတွင်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြ န်လည်နေရာချထာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပု၊ဒုတိယဝန်ကြီးဦးစိုးအောင်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူ ဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကအမှာစကားပြောကြားရာတွင် “အစိုးရကပြည်သူများအတွက် သာ တူညီမျှ ခံစားရရှိရေးမူနှင့်ပြုပြင်ပြောင်း လဲမှူများ၊လို အပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းများကိုတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ သာတူညီမျှခံစားရရှိရေးဆောင်ရွက်ရာတွင်လို အပ်ချက်များသောနေရာများကို ဦးစားပေးဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်သည်လိုအပ်ချက်များသည့်အတွက်ဦးစားပေးအစီအစဉ်များဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ရခိုင်ပြည်နယ်အရေးကိစ္စဆောင်ရွက်ရာမှာတရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည်အစိုးရကရခိုင်ပြည်နယ်အတွက်အလေးထားသည့်အချက်(၂)ချက်ဖြစ်ပါတယ်။မိမိတို့ဝန်ကြီးဌာနအနေနဲ့ဲဘေးဒုက္ခရောက်နေသောပြည်သူများအတွက်လိုအပ်ချက်များကိုစီမံဆောင်ရွက်တာဝန်ယူရသည့်အစိုးရဌာနဖြစ်ပါတယ်။

ထို့ကြောင်ရခိုင်ပြည်နယ်မှာလတ်တလောဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်မိမိတို့နေအိမ်များကိုစွန့်ခွာတိမ်းရှောင်နေရသောပြည်သူများ၏ဒုက္ခများကိုဖြည့်ဆည်းပးနိုင်ရေးအတွက်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။အခုအချိန်ရခိုင်ပြည်သို့လာရောက်ခြင်းသည်လည်းတိုက်ပွဲရှောင်ပြည်သူများအတွက်မိုးမကျမီယာယီနေရာချထားပေးနိုင်ရေးကိစ္စဖြစ်ပါတယ်။အစိုးရအနေနဲ့ရေရှည်မှာရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး၊ရေရှည်ပဋိပက္ခကင်းဝေးရေး၊တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေသကဲ့သို့လတ်တလောရခိုင်ပြည်သူများ၏ဘေးဒုက္ခများကိုအမြန်ဆုံးမိုးမကျမီအချိန်မီဒုက္ခများကင်းဝင်းစေရေးယာယီနေရာချထားရေးကိုတာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကြောင့်လည်းသက်ဆိုင်ရာဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများ၊ပြည်သူများကပူးပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်။”လို့  ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရားဥပဒေစိုးမိုးရေးကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများ ၊ကော်မတီများ၊ အဖွဲ့အစည်းများ နှင့်ပြည်သူ များကဝိုင်းဝန်းဆောင်ရွက်နေသလိုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ေ ပးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့်ပြည်သူများအားလုံးကရခိုင်ပြည်နယ်အတွက်ဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။

ထို့အတူလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန အနေဖြင့်လတ်လလောအခြေအနေတွင်ဘေးဒဏ် ခံစားနေ ရသောပြည်သူများလတ်တလောစားဝတ်နေရေးအဆင်ပြေစေရန်ဆန်ရိက္ခာ၊အဝတ်အထည်အိမ်ထောင်စုသုံးပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့ပြီးရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီမှတဆင့်(၂) ကြိမ်ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း နှင့်စုစုပေါင်းငွေ ကျပ်သိန်းပေါင်း(၉၂၇၉)ကျော်ကို ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြေသိမ်း
စစ်တွေ၊မေ ၂၀
ဓါတ်ပုံ - ရခိုင်ပြည်နယ်အစိုးရအဖွဲ့။

(  Zawgyi   )

 ရခိုင္ျပည္နယ္အတြင္းရွိတိုက္ပြဲေရွာင္ျပည္သူမ်ားအားမိုးရာသီမတိုင္မီလုံၿခဳံေသာေနရာမ်ားတြင္ယာယီေနရာခ်ထားေပးသြားမွာျဖစ္တယ္လို႔လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထာေရးဝန္ႀကီးဌာနမွသိရပါတယ္။

အဆိုပါကိစၥရပ္ႏွင့္ပတ္သက္၍ ညႇိႏႈိင္းေဆြးေႏြးပြဲတစ္ရပ္ကိုလည္း ေမ ၁၉ ရက္ေန႔က ရခိုင္ျပည္နယ္အစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္း မတြင္က်င္းပခဲ့ရာ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပ န္လည္ေနရာခ်ထာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာဝင္းျမတ္ေအး၊ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဦးညီပု၊ဒုတိယဝန္ႀကီးဦးစိုးေအာင္၊ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႉ ဦးစီးဌာနၫြန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာကိုကိုႏိုင္ႏွင့္တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါတယ္။

အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာဝင္းျမတ္ေအး ကအမွာစကားေျပာၾကားရာတြင္ “အစိုးရကျပည္သူမ်ားအတြက္ သာ တူညီမွ် ခံစားရရွိေရးမူႏွင့္ျပဳျပင္ေျပာင္း လဲမႉမ်ား၊လို အပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ျခင္းမ်ားကိုတာဝန္ယူေဆာင္႐ြက္လ်က္ရွိပါတယ္။ သာတူညီမွ်ခံစားရရွိေရးေဆာင္႐ြက္ရာတြင္လို အပ္ခ်က္မ်ားေသာေနရာမ်ားကို ဦးစားေပးေဆာင္႐ြက္ေနပါတယ္။ ရခိုင္ျပည္နယ္သည္လိုအပ္ခ်က္မ်ားသည့္အတြက္ဦးစားေပးအစီအစဥ္မ်ားျဖင့္ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ရခိုင္ျပည္နယ္အေရးကိစၥေဆာင္႐ြက္ရာမွာတရားဥပေဒစိုးမိုးေရးႏွင့္လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးသည္အစိုးရကရခိုင္ျပည္နယ္အတြက္အေလးထားသည့္အခ်က္(၂)ခ်က္ျဖစ္ပါတယ္။မိမိတို႔ဝန္ႀကီးဌာနအေနနဲ႔ဲေဘးဒုကၡေရာက္ေနေသာျပည္သူမ်ားအတြက္လိုအပ္ခ်က္မ်ားကိုစီမံေဆာင္႐ြက္တာဝန္ယူရသည့္အစိုးရဌာနျဖစ္ပါတယ္။

ထို႔ေၾကာင္ရခိုင္ျပည္နယ္မွာလတ္တေလာျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားေၾကာင့္မိမိတို႔ေနအိမ္မ်ားကိုစြန႔္ခြာတိမ္းေရွာင္ေနရေသာျပည္သူမ်ား၏ဒုကၡမ်ားကိုျဖည့္ဆည္းပးႏိုင္ေရးအတြက္ေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။အခုအခ်ိန္ရခိုင္ျပည္သို႔လာေရာက္ျခင္းသည္လည္းတိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္မိုးမက်မီယာယီေနရာခ်ထားေပးႏိုင္ေရးကိစၥျဖစ္ပါတယ္။အစိုးရအေနနဲ႔ေရရွည္မွာရခိုင္ျပည္နယ္တစ္ခုလုံးဖြံ႕ၿဖိဳးတိုးတက္ေရး၊ေရရွည္ပဋိပကၡကင္းေဝးေရး၊တရားဥပေဒစိုးမိုးေရးကိုေဆာင္႐ြက္ေနသကဲ့သို႔လတ္တေလာရခိုင္ျပည္သူမ်ား၏ေဘးဒုကၡမ်ားကိုအျမန္ဆုံးမိုးမက်မီအခ်ိန္မီဒုကၡမ်ားကင္းဝင္းေစေရးယာယီေနရာခ်ထားေရးကိုတာဝန္ယူေဆာင္႐ြက္မွာျဖစ္ပါတယ္။ဒါေၾကာင့္လည္းသက္ဆိုင္ရာဌာနဆိုင္ရာမ်ား၊လူမႈအဖြဲ႕အစည္းမ်ား၊ျပည္သူမ်ားကပူးေပါင္းေဆာင္႐ြက္ေပးၾကဖို႔တိုက္တြန္းလိုပါတယ္။”လို႔  ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက တရားဥပေဒစိုးမိုးေရးကိုလည္းသက္ဆိုင္ရာဝန္ႀကီးဌာနမ်ား ၊ေကာ္မတီမ်ား၊ အဖြဲ႕အစည္းမ်ား ႏွင့္ျပည္သူ မ်ားကဝိုင္းဝန္းေဆာင္႐ြက္ေနသလိုလူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ရခိုင္ျပည္နယ္တြင္းလူသားခ်င္းစာနာမႈအကူအညီအေထာက္အပံ့ေ ပးေရး၊ျပန္လည္ေနရာခ်ထားေရး၊ဖြံ႕ၿဖိဳးေရးစီမံကိန္း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၊ ဆက္စပ္ဝန္ႀကီးဌာနမ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းမ်ား၊ ပုဂၢလိကစီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ျပည္သူမ်ားအားလုံးကရခိုင္ျပည္နယ္အတြက္ဦးစားေပးေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္းေျပာၾကားခဲ့ပါေသးတယ္။

ထို႔အတူလူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထာေရးဝန္ႀကီးဌာန အေနျဖင့္လတ္လေလာအေျခအေနတြင္ေဘးဒဏ္ ခံစားေန ရေသာျပည္သူမ်ားလတ္တေလာစားဝတ္ေနေရးအဆင္ေျပေစရန္ဆန္ရိကၡာ၊အဝတ္အထည္အိမ္ေထာင္စုသုံးပစၥည္းမ်ားကိုေထာက္ပံ့ေပးအပ္ခဲ့ၿပီးရခိုင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးအေထာက္အကူျပဳေကာ္မတီမွတဆင့္(၂) ႀကိမ္ေထာက္ပံ့မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ႏွင့္စုစုေပါင္းေငြ က်ပ္သိန္းေပါင္း(၉၂၇၉)ေက်ာ္ကို ကူညီေထာက္ပံ့ေပးခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ေျပသိမ္း
စစ္ေတြ၊ေမ ၂၀
ဓါတ္ပုံ - ရခိုင္ျပည္နယ္အစိုးရအဖြဲ႕။