ရခိုင်အခြေအနေ မီးလောင်ရာလေပင့်လုပ်ရင် ပိုဆိုးသွားနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ICJ တွင် ပြောကြား

ရခိုင်အခြေအနေ မီးလောင်ရာလေပင့်လုပ်ရင် ပိုဆိုးသွားနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ICJ တွင် ပြောကြား

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေပိုမိုဆိုးဝါးသွားအောင် မီးလောင်ရာလေပင့် မလုပ်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံဘက်ကနေ လျှောက်လဲချက်ကို ကြားနာနေတာဖြစ်ပြီး မြန်မာဘက်က အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နာရီဝက်နီးပါးကြာ ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“ရခိုင်အခြေအနေနဲ့ ပတ်သက်ပြီး အခြေအနေပိုဆိုးအောင် မီးလောင်ရာလေပင့်လုပ်ရင် ပိုဆိုးသွားနိုင်ပါတယ်။ ရခိုင်ပြည်အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာရီဝက်ကြာ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို မလုပ်ခဲ့ကြောင်း၊ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြောင်း၊ အဲ့ဒီအခြေအနေဟာ ရှုပ်ထွေးနေတဲ့အတွက် အိုင်စီဂျေအနေနဲ့ ဒါတွေကိုသိရှိထားဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက လူတွေကို လူမျိုးမခွဲခြားဘဲ မွေးစာရင်းတွေ ထုတ်ပေးနေခဲ့ပြီး ပညာရေးနဲ့ ပတ်သက်တာတွေကို ထောက်ပံ့ပေးနေခဲ့ကြောင်း IDPs စခန်း သုံးခုကိုလည်း ပိတ်ထားနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောဆိုခဲ့ပါတယ်။

“ဒီလိုဆောင်ရွက်ချက်တွေ လုပ်နေတယ်ဆိုရင် ရခိုင်မှာ ဘယ်လိုလုပ် လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်လို့ ပြောနိုင်ပါ့မလဲ။ရခိုင်မှာဖြစ်နေတဲ့ ပြသနာတွေကို ပိုဆိုးသွားအောင် တရားရုံးက မဆုံးဖြတ်ပါနဲ့လို့ မျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ဇေယျာမော်
Photo Credit : theguardian.com
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ရခိုင္ျပည္နယ္ အေရးကိစၥနဲ႔ ပတ္သက္ၿပီး အေျခအေနပိုမိုဆိုးဝါးသြားေအာင္ မီးေလာင္ရာေလပင့္ မလုပ္ဖို႔အတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ ေျပာဆိုခဲ့ပါတယ္။

ဒီကေန႔ ဒီဇင္ဘာ ၁၁ ရက္ေန႔က အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ ျမန္မာႏိုင္ငံဘက္ကေန ေလွ်ာက္လဲခ်က္ကို ၾကားနာေနတာျဖစ္ၿပီး ျမန္မာဘက္က အဖြဲ႕ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က နာရီဝက္နီးပါးၾကာ ေျပာဆိုခဲ့တဲ့ မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့တာပါ။

“ရခိုင္အေျခအေနနဲ႔ ပတ္သက္ၿပီး အေျခအေနပိုဆိုးေအာင္ မီးေလာင္ရာေလပင့္လုပ္ရင္ ပိုဆိုးသြားႏိုင္ပါတယ္။ ရခိုင္ျပည္အေျခအေန ပိုဆိုးသြားႏိုင္ပါတယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ နာရီဝက္ၾကာ မိန႔္ခြန္းထဲမွာ ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈကို မလုပ္ခဲ့ေၾကာင္း၊ ARSA အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့ေၾကာင္း၊ အဲ့ဒီအေျခအေနဟာ ရႈပ္ေထြးေနတဲ့အတြက္ အိုင္စီေဂ်အေနနဲ႔ ဒါေတြကိုသိရွိထားဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္အတြင္းက လူေတြကို လူမ်ိဳးမခြဲျခားဘဲ ေမြးစာရင္းေတြ ထုတ္ေပးေနခဲ့ၿပီး ပညာေရးနဲ႔ ပတ္သက္တာေတြကို ေထာက္ပံ့ေပးေနခဲ့ေၾကာင္း IDPs စခန္း သုံးခုကိုလည္း ပိတ္ထားႏိုင္ခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ဆက္လက္ေျပာဆိုခဲ့ပါတယ္။

“ဒီလိုေဆာင္႐ြက္ခ်က္ေတြ လုပ္ေနတယ္ဆိုရင္ ရခိုင္မွာ ဘယ္လိုလုပ္ လူမ်ိဳးတုံးသတ္ျဖတ္မႈရွိတယ္လို႔ ေျပာႏိုင္ပါ့မလဲ။ရခိုင္မွာျဖစ္ေနတဲ့ ျပသနာေတြကို ပိုဆိုးသြားေအာင္ တရား႐ုံးက မဆုံးျဖတ္ပါနဲ႔လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ဆိုပါတယ္။

ေဇယ်ာေမာ္
Photo Credit : theguardian.com
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁