ရထားနဲ့ဘတ်စ်ကား ချိတ်ဆက်မှု Pilot Project သမိုင်းဘူတာရုံ မှတ်တိုင်တွင် တစ်ပတ်ကြာလုပ်ဆောင်မည်

ရထားနဲ့ဘတ်စ်ကား ချိတ်ဆက်မှု Pilot Project  သမိုင်းဘူတာရုံ မှတ်တိုင်တွင် တစ်ပတ်ကြာလုပ်ဆောင်မည်

ရထားနဲ့ဘတ်စ်ကား ချိတ်ဆက် ဝန်ဆောင်မှုကို ရှေ့ပြေးစီမံချက် (Pilot Project)အဖြစ် သမိုင်းဘူတာရုံအနီးမှာ လာမယ့် ဒီဇင်ဘာလထဲ တစ်ပတ်အကြာလုပ်ဆောင်သွားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

 “ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားဝန်ဆောင်မှုမှာ ရထားနဲ့ချိတ်ဆက်တာတို့၊ Water Bus နဲ့ ချိတ်ဆက်ပြေးဆွဲတာမျိုး လုပ်သွားကြမှာပါ၊ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့အတူ ညှိနှိုင်းပေါင်းစပ်တာတွေနဲ့ လုပ်ဆောင်နေလျက်ရှိပါတယ်၊ အခုလိုပြုပြင်ပြောင်းလဲ မှုတွေကို ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုတွေအတိုင်း ကျွန်တော်တို့ဟာ တစ်ဆင့်ချင်းအကောင် အထည်ဖော်နေကြတာဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ယခုလိုရထားနဲ့ဘတ်စ်ကားတို့ ချိတ်ဆက်လုပ်ဆောင်မယ့် အစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကား ဝန်ဆောင်မှုကို အဆင့်မြှင့်တင်နေတဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ စီမံကိန်းလုပ်ငန်း တစ်ရပ် အရလည်း အကောင်အထည်ဖော် နေတာဖြစ်သလို ယင်းရှေ့ပြေးစီမံချက်ကို ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ်အကြာ လုပ်ဆောင် သွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

ထိုစီမံချက်မှာ ခရီးသည်တွေအနေနဲ့ ရထားကနေ ဘတ်စ်ကားများသို့ ပြောင်းလဲစီးနင်းတာမျိုးဖြစ်ဖြစ်၊ ဘတ်စ်ကားကနေ ရထားစီးတာမျိုးဖြစ်ဖြစ် ယာဉ်တစ်ခုကနေ တစ်ခုကြား ပြောင်းလဲစီးနင်းတဲ့အခါ အဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ YRTA က တာဝန်ရှိသူတွေအပါအဝင် မြန်မာ့မီးရထား မှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲများ၊ စည်ပင်သာယာတာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများက လိုအပ်တဲ့ ကူညီမှုတွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုဘူတာအနီးနေရာကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်တဲ့အခါ ရထားနဲ့ဘတ်စ်ကား ချိတ်ဆက်မှုရဲ့ နောက်ထပ်နေရာတစ်ခုအဖြစ် ကြည့်မြင်တိုင်ဘူတာနားကိုလည်း လျာထားတယ်လို့ ဆက်လက်သိရှိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 ရထားနဲ႔ဘတ္စ္ကား ခ်ိတ္ဆက္ ဝန္ေဆာင္မႈကို ေရွ႕ေျပးစီမံခ်က္ (Pilot Project)အျဖစ္ သမိုင္းဘူတာ႐ုံအနီးမွာ လာမယ့္ ဒီဇင္ဘာလထဲ တစ္ပတ္အၾကာလုပ္ေဆာင္သြားဖို႔ စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။

 “ရန္ကုန္ၿမိဳ႕ရဲ႕ ဘတ္စ္ကားဝန္ေဆာင္မႈမွာ ရထားနဲ႔ခ်ိတ္ဆက္တာတို႔၊ Water Bus နဲ႔ ခ်ိတ္ဆက္ေျပးဆြဲတာမ်ိဳး လုပ္သြားၾကမွာပါ၊ ဒီလို လုပ္ေဆာင္ႏိုင္ဖို႔အတြက္ သက္ဆိုင္ရာဌာနေတြနဲ႔အတူ ညႇိႏႈိင္းေပါင္းစပ္တာေတြနဲ႔ လုပ္ေဆာင္ေနလ်က္ရွိပါတယ္၊ အခုလိုျပဳျပင္ေျပာင္းလဲ မႈေတြကို ဝန္ႀကီးခ်ဳပ္ရဲ႕ လမ္းၫႊန္မႈေတြအတိုင္း ကြၽန္ေတာ္တို႔ဟာ တစ္ဆင့္ခ်င္းအေကာင္ အထည္ေဖာ္ေနၾကတာျဖစ္ပါတယ္”လို႔ ရန္ကုန္တိုင္း ေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

ယခုလိုရထားနဲ႔ဘတ္စ္ကားတို႔ ခ်ိတ္ဆက္လုပ္ေဆာင္မယ့္ အစီအစဥ္ဟာ ရန္ကုန္ၿမိဳ႕ရဲ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးမွာ ဘတ္စ္ကား ဝန္ေဆာင္မႈကို အဆင့္ျမႇင့္တင္ေနတဲ့ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ရဲ႕ စီမံကိန္းလုပ္ငန္း တစ္ရပ္ အရလည္း အေကာင္အထည္ေဖာ္ ေနတာျဖစ္သလို ယင္းေရွ႕ေျပးစီမံခ်က္ကို ဒီဇင္ဘာ ၂ ရက္မွ ၈ ရက္အထိ တစ္ပတ္အၾကာ လုပ္ေဆာင္ သြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။

ထိုစီမံခ်က္မွာ ခရီးသည္ေတြအေနနဲ႔ ရထားကေန ဘတ္စ္ကားမ်ားသို႔ ေျပာင္းလဲစီးနင္းတာမ်ိဳးျဖစ္ျဖစ္၊ ဘတ္စ္ကားကေန ရထားစီးတာမ်ိဳးျဖစ္ျဖစ္ ယာဥ္တစ္ခုကေန တစ္ခုၾကား ေျပာင္းလဲစီးနင္းတဲ့အခါ အဆင္ေျပေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ YRTA က တာဝန္ရွိသူေတြအပါအဝင္ ျမန္မာ့မီးရထား မွ တာဝန္ရွိသူမ်ား၊ ယာဥ္ထိန္းရဲမ်ား၊ စည္ပင္သာယာတာဝန္ရွိသူမ်ား၊ JICA မွ တာဝန္ရွိသူမ်ားက လိုအပ္တဲ့ ကူညီမႈေတြနဲ႔ လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိုဘူတာအနီးေနရာကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ႏိုင္တဲ့အခါ ရထားနဲ႔ဘတ္စ္ကား ခ်ိတ္ဆက္မႈရဲ႕ ေနာက္ထပ္ေနရာတစ္ခုအျဖစ္ ၾကည့္ျမင္တိုင္ဘူတာနားကိုလည္း လ်ာထားတယ္လို႔ ဆက္လက္သိရွိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ႏိုဝင္ဘာ ၂၂