ရန်ကုန်ကားစျေးကွက်တွင် ဂျပန်တစ်ပတ်ရစ်ကားများသာ အရောင်းအဝယ်ဖြစ်
ရန်ကုန်ကားစျေးကွက်တွင် ဂျပန်တစ်ပတ်ရစ်ကားများသာ အရောင်းအဝယ်ဖြစ်
ကိုဗစ်ကာလ ဒုတိယလှိုင်းမတိုင်ခင်မှာ နိုင်ငံတော်အစိုးရကနေ ကညနခွန်နဲ့ Custom အခွန်တချို့တ၀က်ကို လျော့ချလိုက်သည့်အတွက် ကားစျေးနှုန်းများ ပုံမှန်ပြန်ဖြစ်လာပြီး စျေးကွက်အေးစက်နေရာမှ အရောင်း၊ အဝယ်များ ပြန်တက်လာခဲ့ကာ လတ်တလောကာလမှာဆိုရင်လည်း စျေးကွက်အတွင်းမှာ ဂျပန်တစ်ပတ်ရစ်ကားများက အများဆုံး အရောင်း၊ အဝယ်ဖြစ်နေတယ်လို့ တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
“ကားစျေးကွက်ကတော့ ဒုတိယကိုဗစ်လှိုင်းပြီးထဲက အရောင်းသွက်လာခဲ့တယ်ပေါ့။တော်တော်လေးရောင်းရပါတယ်၊ အခု ဇန်နဝါရီလမှာဆိုရင် တော်တော်လေးရောင်းရပါတယ်။ရန်ကုန်က တော်တော်များများက အရင်ကား ညာမောင်းအမျိူးအစားတွေကိုရောင်းပြီးတော့ အသစ်ဝင်လာတဲ့ မော်ဒယ်မြင့် ဘယ်မောင်းအမျိုးအစားတွေကို ပြန်ပြီးလဲလှယ်လာကြတယ်။အဓိက ကတော့ ကားစျေး တော်တော်လေးကျဆင်းသွားတော့ ဒီဟာကိုကားအသစ်ဝယ်စီးမယ်ဆိုတဲ့သဘောနဲ့ လဲလာကြတဲ့သဘောမှာရှိပါတယ်။နယ်ကလူတွေ တော်တော်များများကလည်း ဒီရက်ပိုင်းပြန်ဆင်းလာကြတယ်။” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်များ ဖြန့်ဖြူးထုတ်လုပ်ရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင် က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ဝန်ထမ်းကားပါမစ် ထွက်လာပေမယ့်လည်း နိုင်ငံတော်က အခွန်နှုန်းထားများကို ဖြေ‌လျှော့ပေးထားတဲ့အတွက်ကြောင့်မို့ ကားစျေးကွက်က သိသိသာသာ ယိမ်းယိုင်သွားခြင်းမရှိဘူးလို့လည်း ကားအရောင်းသမားတွေက ဆိုပါတယ်။ဒါ့အပြင် ဝန်ထမ်းကားပါမစ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်ကနေ စပြီးတော့ တဖြည်းဖြည်းချပေးနေသလို ယခုဇန်နဝါရီလမှာလည်း ဝန်ကြီးဌာနတွေက‌နေပြီးတော့ ပါမစ်တွေချပေးလာမှုတွေရှိနေသည့်အတွက် ဝါထမ်းကားပါမစ် ချထားပေးမှုကိုပြန်ကြည့်ပါက တော်တော်များများ ၇၀ ရာခိုင်နှုန်းလောက်ကို ချထားပေးပြီးဖြစ်တယ်လို့လည်း ကားစျေးကွက်အတွင်းမှ သိရပါတယ်။
“ဝန်ထမ်းတွေကို ကားပါမစ်ပေးတာနဲ့ပတ်သက်ပြီး လက်ရှိအနေအထားကတော့ ကားလုပ်ငန်းကို နည်းနည်းရိုက်ခတ်တယ်လို့တော့ ပြောလို့ရပါတယ်။ဒါပေမဲ့လည်း အခုချိန်ထိ အကောင်အထည်မဖော်လာသေးတော့ ဝန်ထမ်းတွေက ပါမစ်တော့လျှောက်ထားတယ်။ကားတွေတော့ မသွင်းရသေးဘူး၊ သွင်းဖို့လုပ်နေတဲ့အချိန်ဆိုတော့ ရောက်လာမှပဲ သူ့စျေးနဲ့သူ အရောင်းအဝယ်ဖြစ်လိမ့်မယ်။စျေးတက်တယ်၊ ကျတယ်ဆိုတာကတော့ ပထမကတော့ ဝန်ထမ်းပါမစ်တစ်ခုတည်းနဲ့တော့ အရောင်းအဝယ်ကရိုက်ခတ်တယ်။အခုက ပါမစ်သက်တမ်းက ဘယ်လောက်ရှိမှာလဲတို့ ကွန်တိန်နာကကြာတာတွေတို့ရှိတော့ သူ့ဟာနဲ့သူတော့ အရောင်းအဝယ်ကဖြစ်သွားမှာပဲ။စျေးနှုန်းကတော့ လက်ရှိအေးတယ်။လျှော့ရောင်းတဲ့သူလည်း လျှော့ရောင်းကြတယ်။အခုဟာက ရန်ကုန်တစ်မြို့တည်းကိုပဲ ဦးစားပေးပြီးရောင်းနေရတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။
လိုအပ်ချက်ရှိတဲ့သူတွေပဲ လျှော့ရောင်းကြတာများတယ်။ကိုယ့်ကားကို လျှော့ရောင်းတာတော့ ရှားသွားပြီ။ပုံမှန်ပဲပေါ့။စျေးကျတဲ့ကားတိုင်းလည်း ကားကောင်းတော့မဟုတ်ဘူး။ Showroom ကျတော့လည်း သူ့မိတ်နဲ့သူပဲ၊ ဒီအရောင်းအဝယ် စခန်းတွေလည်း သူ့မိတ်နဲ့သူပဲ ကွာခြားချက်ဆိုပြီး ဘယ်တစ်ခုကတော့ ပိုရောင်းရတာမျိုးတော့ မရှိပါဘူး
ကားအရောင်းအဝယ်ကတော့ မူဝါဒနဲ့ပဲ မူတည်တယ်ဗျ။မူဝါဒတစ်ခုပြောင်းရင် ဂယက်တစ်ခုတော့ရှိတယ်။မူဝါဒကအရေးကြီးပါတယ်။” လို့ လှိုင်ယာဥ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းတစ်ဦးဖြစ်တဲ့ ဦးလှိုင်မြင့်ထွန်း က ဆိုပါတယ်။
လက်ရှိ ရန်ကုန်ကားစျေးကွက်ကို ပြန်ကြည့်ပါက ဂျပန်တစ်ပတ်ရစ် ညာမောင်းတဲ့ Import သွင်းတဲ့ အသစ်တွေနဲ့ တစ်ပတ်ရစ် ကားဟောင်းများသာ တော်တော်လေးရောင်းချနေရပြီး စျေးနှုန်းအရ ပြန်ကြည့်ပါကလည်း သက်သာသည့်အတွက် အဆိုပါကားများကတော့ လူကြိုက်ပြီး အဝယ်လိုက်နေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူများက ဆိုပါတယ်။
မင်းထွန်း(အုတ်ကျင်း)၊ နောင်လေး၊ ဆန်းသစ်ဦး
ရန်ကုန်၊ ဇန်နဝါရီ - ၃၁
( Zawgyi )
ကိုဗစ်ကာလ ဒုတိယလှိုင်းမတိုင်ခင်မှာ နိုင်ငံတော်အစိုးရကနေ ကညနခွန်နဲ့ Custom အခွန်တချို့တ၀က်ကို လျော့ချလိုက်သည့်အတွက် ကားဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်လာပြီး ဈေးကွက်အေးစက်နေရာမှ အရောင်း၊ အဝယ်များ ပြန်တက်လာခဲ့ကာ လတ်တလောကာလမှာဆိုရင်လည်း ဈေးကွက်အတွင်းမှာ ဂျပန်တစ်ပတ်ရစ်ကားများက အများဆုံး အရောင်း၊ အဝယ်ဖြစ်နေတယ်လို့ တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ဝန်ထမ်းကားပါမစ် ထွက်လာပေမယ့်လည်း နိုင်ငံတော်က အခွန်နှုန်းထားများကို ဖြေ‌လျှော့ပေးထားတဲ့အတွက်ကြောင့်မို့ ကားဈေးကွက်က သိသိသာသာ ယိမ်းယိုင်သွားခြင်းမရှိဘူးလို့လည်း ကားအရောင်းသမားတွေက ဆိုပါတယ်။ဒါ့အပြင် ဝန်ထမ်းကားပါမစ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်ကနေ စပြီးတော့ တဖြည်းဖြည်းချပေးနေသလို ယခုဇန်နဝါရီလမှာလည်း ဝန်ကြီးဌာနတွေက‌နေပြီးတော့ ပါမစ်တွေချပေးလာမှုတွေရှိနေသည့်အတွက် ဝါထမ်းကားပါမစ် ချထားပေးမှုကိုပြန်ကြည့်ပါက တော်တော်များများ ၇၀ ရာခိုင်နှုန်းလောက်ကို ချထားပေးပြီးဖြစ်တယ်လို့လည်း ကားဈေးကွက်အတွင်းမှ သိရပါတယ်။
လက်ရှိ ရန်ကုန်ကားဈေးကွက်ကို ပြန်ကြည့်ပါက ဂျပန်တစ်ပတ်ရစ် ညာမောင်းတဲ့ Import သွင်းတဲ့ အသစ်တွေနဲ့ တစ်ပတ်ရစ် ကားဟောင်းများသာ တော်တော်လေးရောင်းချနေရပြီး ဈေးနှုန်းအရ ပြန်ကြည့်ပါကလည်း သက်သာသည့်အတွက် အဆိုပါကားများကတော့ လူကြိုက်ပြီး အဝယ်လိုက်နေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူများက ဆိုပါတယ်။
ရန်ကုန်၊ ဇန်နဝါရီ - ၃၁