ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ဘွဲ့နှင်းသဘင် ကျင်းပရာရက်၌ စီးပွားဖြစ်ရိုက်ကူးမှု ပစ္စည်းများသိမ်း၍ ဒဏ်ရိုက်မည်

ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ဘွဲ့နှင်းသဘင် ကျင်းပရာရက်၌ စီးပွားဖြစ်ရိုက်ကူးမှု ပစ္စည်းများသိမ်း၍ ဒဏ်ရိုက်မည်

ရန်ကုန်တက္ကသိုလ်ရဲ့ ပရဝုဏ်ထဲမှာ ဘွဲ့နှင်းသဘင် ကျင်းပရာ ရက်တွေထဲ စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးမှုများကို တွေ့ရှိတဲ့အခါ ပစ္စည်းများသိမ်းဆည်းပြီး ဒဏ်ငွေ ကျပ်တစ်သိန်းနှုန်း ဒဏ်ရိုက်မယ်လို့ ရန်ကုန်တက္ကသိုလ်၊ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားလျက်ရှိပါတယ်။

အဆိုပါ ကန့်သတ်မှုမျိုးကို ဒရုန်းဖြင့် ရိုက်ကူးမှုအပေါ်သာ အရင်က အဓိကထား ကန့်သတ်ထုတ်ပြန်ခဲ့ပေမယ့် အခု မိသားစုအပျော်တမ်းသုံး (အော်တိုကင်မရာ) နဲ့ ဖုန်းကင်မရာတွေကိုသာ ရိုက်ကူးခွင့်ပြုထားကြောင်း၊ ဒရုန်းသုံးစွဲ ရိုက်ကူးတာ အပါအဝင် Professional ကင်မရာသုံးစွဲ ရိုက်ကူးတာတွေ၊ မီးထိုး၊ မှန်ထိုး၊ ရောင်ပြန်ကြီးများ၊ ဆော့ဘောက် (Soft Box) ထီးမီးများ အသုံးပြုရိုက်ကူးတာတွေအတွက် ပစ္စည်းများသိမ်းဆည်းကာ ဒဏ်ငွေ ကျပ်တစ်သိန်း ဒဏ်ရိုက်ဖို့ စီစဉ်ထားပြီး ရန်ကုန်တက္ကသိုလ် ဧရိယာတစ်ဝိုက်မှာ အဲ့ဒီလိုကြေညာချက်တွေကို ထုတ်ပြန်ထားလျက် ရှိပါတယ်။

 

အရင်ကဆိုရင် ခင်မင်မှုဖြင့် Professional ကင်မရာသုံးစွဲကာ လာရောက်ရိုက်ကူးပေးသူတွေအတွက် ယင်းတက္ကသိုလ်ဧရိယာအတွင်း လေလံဖြင့် လုပ်ကိုင်နေတဲ့ ဓာတ်ပုံသမားတွေနဲ့ စကားအချေအတင် ဖြစ်ရတာတွေလည်း ရှိခဲ့ဖူးပြီး အခုနောက်ပိုင်းမှာတော့ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က အခုလိုကြေညာလိုက်တာ ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ရန္ကုန္တကၠသိုလ္ရဲ႕ ပရဝုဏ္ထဲမွာ ဘြဲ႕ႏွင္းသဘင္ က်င္းပရာ ရက္ေတြထဲ စီးပြားျဖစ္ ဓာတ္ပုံ႐ိုက္ကူးမႈမ်ားကို ေတြ႕ရွိတဲ့အခါ ပစၥည္းမ်ားသိမ္းဆည္းၿပီး ဒဏ္ေငြ က်ပ္တစ္သိန္းႏႈန္း ဒဏ္႐ိုက္မယ္လို႔ ရန္ကုန္တကၠသိုလ္၊ စီမံခန႔္ခြဲေရးအဖြဲ႕က ေၾကညာထားလ်က္ရွိပါတယ္။

အဆိုပါ ကန႔္သတ္မႈမ်ိဳးကို ဒ႐ုန္းျဖင့္ ႐ိုက္ကူးမႈအေပၚသာ အရင္က အဓိကထား ကန႔္သတ္ထုတ္ျပန္ခဲ့ေပမယ့္ အခု မိသားစုအေပ်ာ္တမ္းသုံး (ေအာ္တိုကင္မရာ) နဲ႔ ဖုန္းကင္မရာေတြကိုသာ ႐ိုက္ကူးခြင့္ျပဳထားေၾကာင္း၊ ဒ႐ုန္းသုံးစြဲ ႐ိုက္ကူးတာ အပါအဝင္ Professional ကင္မရာသုံးစြဲ ႐ိုက္ကူးတာေတြ၊ မီးထိုး၊ မွန္ထိုး၊ ေရာင္ျပန္ႀကီးမ်ား၊ ေဆာ့ေဘာက္ (Soft Box) ထီးမီးမ်ား အသုံးျပဳ႐ိုက္ကူးတာေတြအတြက္ ပစၥည္းမ်ားသိမ္းဆည္းကာ ဒဏ္ေငြ က်ပ္တစ္သိန္း ဒဏ္႐ိုက္ဖို႔ စီစဥ္ထားၿပီး ရန္ကုန္တကၠသိုလ္ ဧရိယာတစ္ဝိုက္မွာ အဲ့ဒီလိုေၾကညာခ်က္ေတြကို ထုတ္ျပန္ထားလ်က္ ရွိပါတယ္။

အရင္ကဆိုရင္ ခင္မင္မႈျဖင့္ Professional ကင္မရာသုံးစြဲကာ လာေရာက္႐ိုက္ကူးေပးသူေတြအတြက္ ယင္းတကၠသိုလ္ဧရိယာအတြင္း ေလလံျဖင့္ လုပ္ကိုင္ေနတဲ့ ဓာတ္ပုံသမားေတြနဲ႔ စကားအေခ်အတင္ ျဖစ္ရတာေတြလည္း ရွိခဲ့ဖူးၿပီး အခုေနာက္ပိုင္းမွာေတာ့ တကၠသိုလ္ စီမံခန႔္ခြဲေရးအဖြဲ႕က အခုလိုေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈