ရန်ကုန်တိုင်းတွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တစ်ခု ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းတွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တစ်ခု ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တစ်ခု ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကျောက်မျက်ရတနာပြပွဲကြီးများ ကျင်းပနိုင်သည့် အခြေအနေတစ်ခု ဖြစ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို နိုင်ငံတကာဈေးကွက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအား  ကျောက်မျက်ရတနာ ရောင်းဝယ်ရာ ဈေးကွက်တစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေကို တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

အဆိုပါပြောကြားမှုကို သြဂုတ် ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel မှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ၏ တတိယအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးနှင့် မိတ်ဆုံညစာစားပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာ မြို့တစ်မြို့ဖြစ်ပါတယ်။ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေ အများစုတည်ရှိရာ နေရာဖြစ်သလို ကျောက်မျက်လုပ်ငန်းဆိုင်တွေ အများစုကလည်း ရန်ကုန်မှာ ဈေးကွက်တစ်ခုအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေကို နိုင်ငံတကာကို မိတ်ဆက်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာမှာ ကျယ်ပြန့်တဲ့ ဆောင်ရွက်နိုင်မှုတွေအတွက် ရန်ကုန်တိုင်းမှာရှိတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှု (၃) နှစ်တာ ဆောင်ရွက်ခဲ့မှု အခြေအနေတွေကို မြင်တွေ့ရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ ကျောက်မျက်ရတနာ ရောင်းဝယ်ရာ ဈေးကွက်တစ်ခုနဲ့ ပြပွဲကြီးများ ကျင်းပနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ထို့အတူ နိုင်ငံတကာဈေးကွက်မှာလည်း ရန်ကုန်တိုင်းဒေသကြီးကို ကျောက်မျက်ရတနာ ရောင်းဝယ်ရာ ဈေးကွက်တစ်ခုဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ထို့သို့ကြိုးပမ်းဆောင်ရွက်ရာမှာ လုပ်ငန်းရှင်များရဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းမှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ ပံ့ပိုးကူညီမှုများနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အားပေးကူညီမှုများဖြင့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊  မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် - ၁၆
ဓါတ်ပုံ - YRG Info

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရး ေဈးကြက္တစ္ခု ေပၚထြက္လာေစရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ေက်ာက္မ်က္ရတနာျပပြဲႀကီးမ်ား က်င္းပႏိုင္သည့္ အေျခအေနတစ္ခု ျဖစ္လာေစရန္အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသလို ႏိုင္ငံတကာေဈးကြက္တြင္လည္း ရန္ကုန္တိုင္းေဒသႀကီးအား  ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ရာ ေဈးကြက္တစ္ခုျဖစ္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္သင့္တယ္လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္ေတြကို တိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါေျပာၾကားမႈကို ၾသဂုတ္ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ Lotte Hotel မွာ က်င္းပခဲ့တဲ့ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း (ရန္ကုန္) ၏ တတိယအႀကိမ္ ႏွစ္ပတ္လည္အသင္းသား စုံညီအစည္းအေဝးႏွင့္ မိတ္ဆုံညစာစားပြဲမွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က အထက္ပါအတိုင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ရန္ကုန္ဟာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအခ်က္အခ်ာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္ေတြ အမ်ားစုတည္ရွိရာ ေနရာျဖစ္သလို ေက်ာက္မ်က္လုပ္ငန္းဆိုင္ေတြ အမ်ားစုကလည္း ရန္ကုန္မွာ ေဈးကြက္တစ္ခုအေနနဲ႔ ရွိေနတာ ျဖစ္ပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ထြက္ရွိတဲ့ ေက်ာက္မ်က္ရတနာေတြကို ႏိုင္ငံတကာကို မိတ္ဆက္ေပးႏိုင္ဖို႔နဲ႔ ႏိုင္ငံတကာမွာ က်ယ္ျပန႔္တဲ့ ေဆာင္႐ြက္ႏိုင္မႈေတြအတြက္ ရန္ကုန္တိုင္းမွာရွိတဲ့ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္ေတြရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္မႈ (၃) ႏွစ္တာ ေဆာင္႐ြက္ခဲ့မႈ အေျခအေနေတြကို ျမင္ေတြ႕ရပါတယ္။ရန္ကုန္တိုင္းေဒသႀကီးမွာ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ရာ ေဈးကြက္တစ္ခုနဲ႔ ျပပြဲႀကီးမ်ား က်င္းပႏိုင္တဲ့ အေျခအေနတစ္ခု ျဖစ္လာေစဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္။ထို႔အတူ ႏိုင္ငံတကာေဈးကြက္မွာလည္း ရန္ကုန္တိုင္းေဒသႀကီးကို ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ရာ ေဈးကြက္တစ္ခုျဖစ္ေစဖို႔ ႀကိဳးပမ္းေဆာင္႐ြက္သင့္ပါတယ္။ထို႔သို႔ႀကိဳးပမ္းေဆာင္႐ြက္ရာမွာ လုပ္ငန္းရွင္မ်ားရဲ႕ အားသြန္ခြန္စိုက္ႀကိဳးပမ္းမႈ၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားရဲ႕ ပံ့ပိုးကူညီမႈမ်ားႏွင့္အတူ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကလည္း အားေပးကူညီမႈမ်ားျဖင့္ လုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။” လို႔ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္၊  ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဥကၠ႒ ဦးလဖိုင္ခြန္ဆာ ႏွင့္ တာဝန္ရွိသူမ်ား၊ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း (ရန္ကုန္) မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ - ၁၆
ဓါတ္ပုံ - YRG Info