ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေး အား ခန့်အပ်ရန် တိုင်းလွှတ်တော်တွင် အမည်စာရင်းတင်သွင်း

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေး အား ခန့်အပ်ရန် တိုင်းလွှတ်တော်တွင် အမည်စာရင်းတင်သွင်း

နိုင်ငံတော်သမ္မတ၏ လွှတ်တော်သို့ အတည်ပြုရန် ပေးပို့မှုအရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် လစ်လပ်လျက်ရှိသည့် တရားသူကြီးချုပ်နေရာအား ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီး ဦးလှအေး ကို ခန့်အပ်ရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း က  ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁ /၂၀၁၈) ၏ ပထမနေ့မှာ အမည်စာရင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၁ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၉ အရ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ကို ရယူရန် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေခွဲငယ် (က) နှင့်အညီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း က ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၀ ပါ သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်နိုင်ကြောင်းကိုလည်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း က ဒီကနေ့ လွှတ်တော်အထူးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၏ တရားသူကြီးချုပ် ဦးဝင်းဆွေ သည် သက် ၇၀ ပြည့်ပြီ ဖြစ်သည့်အတွက် သက်ပြည့်ပင်စင် ယူမည်ဖြစ်သောကြောင့် လစ်လပ်နေမည့် တရားသူကြီးချုပ် နေရာအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူကာ အမည်စာရင်း တင်သွင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

ႏိုင္ငံေတာ္သမၼတ၏ လႊတ္ေတာ္သို႔ အတည္ျပဳရန္ ေပးပို႔မႈအရ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ လစ္လပ္လ်က္ရွိသည့္ တရားသူႀကီးခ်ဳပ္ေနရာအား ရန္ကုန္တိုင္း တရားလႊတ္ေတာ္ တရားသူႀကီး ဦးလွေအး ကို ခန႔္အပ္ရန္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္း က  ယေန႔ ဒီဇင္ဘာလ ၁၁ ရက္တြင္ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အထူးအစည္းအေဝး (၁ /၂၀၁၈) ၏ ပထမေန႔မွာ အမည္စာရင္း တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၀၈၊ ပုဒ္မခြဲ (ခ)၊ ပုဒ္မခြဲငယ္ (၁) ၂၀၁၃ ခုႏွစ္ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ ဥပေဒပုဒ္မ ၅၁ ႏွင့္ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၄၉ အရ ႏိုင္ငံေတာ္သမၼတက ေပးပို႔လာသည့္ ပုဂၢိဳလ္၏ အမည္စာရင္းကို တိုင္းေဒသႀကီးလႊတ္ေတာ္၏ သေဘာတူညီခ်က္ကို ရယူရန္ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၅၁၊ နည္းဥပေဒခြဲငယ္ (က) ႏွင့္အညီ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္း က ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ အဆိုပါပုဂၢိဳလ္သည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၃၁၀ ပါ သတ္မွတ္ထားတဲ့ အရည္အခ်င္းမ်ားႏွင့္ မျပည့္စုံေၾကာင္း သက္ေသအထင္အရွားျပ၍ ကန႔္ကြက္လိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ရွိပါက ကန႔္ကြက္ႏိုင္ေၾကာင္းကိုလည္း တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးတင္ေမာင္ထြန္း က ဒီကေန႔ လႊတ္ေတာ္အထူးအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး၏ တရားသူႀကီးခ်ဳပ္ ဦးဝင္းေဆြ သည္ သက္ ၇၀ ျပည့္ၿပီ ျဖစ္သည့္အတြက္ သက္ျပည့္ပင္စင္ ယူမည္ျဖစ္ေသာေၾကာင့္ လစ္လပ္ေနမည့္ တရားသူႀကီးခ်ဳပ္ ေနရာအတြက္ အေရးေပၚအစည္းအေဝး ေခၚယူကာ အမည္စာရင္း တင္သြင္းခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁