ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့်သစ်ပင်ကျိုး ခြင်းနှင့်ဓါတ်တိုင်လဲ ခြင်းများဖြစ်ပေါ်ခဲ့

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့်သစ်ပင်ကျိုး ခြင်းနှင့်ဓါတ်တိုင်လဲ ခြင်းများဖြစ်ပေါ်ခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင်မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်ကျိုးခြင်း၊ဓါတ်တိုင်လဲခြင်းနှင့်လူနေအိမ်အချို့အမိုးလန်ခြင်းများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မေ ၁၆ ရက်၊ညနေပိုင်းအချိန်က သာကေတ၊ဒေါပုံ၊ပုဇွန်တောင်၊ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊တာမွေ၊ သင်္ဃန်းကျွန်း၊ လမ်းမတော်၊ သန်လျင်၊တွံတေး၊ကွမ်းခြံကုန်း စသည်နေရာများတွင်လေ၊မိုးထန်ကာ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်၊ သစ်ကိုင်းများ ကြိုးကျခြင် း၊သစ်ပင်ကြီးများပြိုလဲခြင်း၊ဓာတ်အားလိုင်းတိုင်များပြိုလဲခြင်းတို့ဖြစ်ပွားခဲ့ပြီး၊နေရာအချို့မှာ လည်း ယာယီဓာတ်အားပြတ် တောက်ခဲ့ရတာဖြစ်ပါတယ်။

ယင်းကဲ့သို့ မိုးဦး၊လေဦးကျအချိန်တွင် ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ပြုတ်ကျခြင်း တို့ကြောင့် လျှပ်စစ်အန္တရာယ်ပေါ်ပေါက်နိုင် ပါသဖြင့် အများပြည်သူများသတိပြုကြပါရန်နှင့် ယင်းတို့ကိုတွေ့ရှိပါက (YESC Callcenter HOT LINE )ဖုန်းနံပါတ် 1717 သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများသို့လည်း ကောင်းဆက်သွယ်အကြောင်းကြားပေးပါရန် YESC က မေတ္တာရပ်ခံသတိပေး ပန်ကြားထားပါတယ်။

အဆိုပါဖြစ်စဉ်များကြောင့်လူထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့လည်းသိရပြီး အပျက်အဆီးများရှင်းလင်းမှုတွေကို ဒီကနေ့မနက် အထိဆောင်ရွက်လျက်ရှိကြပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၁၇
ဓါတ်ပုံ - YESC

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိၿမိဳ႕နယ္အခ်ိဳ႕တြင္မိုးသည္းထန္စြာ႐ြာသြန္းၿပီးေလျပင္းတိုက္ခတ္မႈေၾကာင့္သစ္ပင္က်ိဳးျခင္း၊ဓါတ္တိုင္လဲျခင္းႏွင့္လူေနအိမ္အခ်ိဳ႕အမိုးလန္ျခင္းမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ေမ ၁၆ ရက္၊ညေနပိုင္းအခ်ိန္က သာေကတ၊ေဒါပုံ၊ပုဇြန္ေတာင္၊ဗိုလ္တစ္ေထာင္၊ မဂၤလာေတာင္ၫြန႔္၊တာေမြ၊ သဃၤန္းကြၽန္း၊ လမ္းမေတာ္၊ သန္လ်င္၊တြံေတး၊ကြမ္းၿခံကုန္း စသည္ေနရာမ်ားတြင္ေလ၊မိုးထန္ကာ ဓာတ္အားလိုင္းႀကိဳးမ်ားေပၚသို႔ သစ္ပင္၊ သစ္ကိုင္းမ်ား ႀကိဳးက်ျခင္ း၊သစ္ပင္ႀကီးမ်ားၿပိဳလဲျခင္း၊ဓာတ္အားလိုင္းတိုင္မ်ားၿပိဳလဲျခင္းတို႔ျဖစ္ပြားခဲ့ၿပီး၊ေနရာအခ်ိဳ႕မွာ လည္း ယာယီဓာတ္အားျပတ္ ေတာက္ခဲ့ရတာျဖစ္ပါတယ္။

ယင္းကဲ့သို႔ မိုးဦး၊ေလဦးက်အခ်ိန္တြင္ ဓာတ္အားလိုင္းႀကိဳးမ်ားျပတ္က်ျခင္း၊ျပဳတ္က်ျခင္း တို႔ေၾကာင့္ လွ်ပ္စစ္အႏၲရာယ္ေပၚေပါက္ႏိုင္ ပါသျဖင့္ အမ်ားျပည္သူမ်ားသတိျပဳၾကပါရန္ႏွင့္ ယင္းတို႔ကိုေတြ႕ရွိပါက (YESC Callcenter HOT LINE )ဖုန္းနံပါတ္ 1717 သို႔လည္းေကာင္း၊ သက္ဆိုင္ရာၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမ်ားသို႔လည္း ေကာင္းဆက္သြယ္အေၾကာင္းၾကားေပးပါရန္ YESC က ေမတၱာရပ္ခံသတိေပး ပန္ၾကားထားပါတယ္။

အဆိုပါျဖစ္စဥ္မ်ားေၾကာင့္လူထိခိုက္ဒဏ္ရာရမႈတစ္စုံတစ္ရာမရွိခဲ့ဘူးလို႔လည္းသိရၿပီး အပ်က္အဆီးမ်ားရွင္းလင္းမႈေတြကို ဒီကေန႔မနက္ အထိေဆာင္႐ြက္လ်က္ရွိၾကပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၁၇
ဓါတ္ပုံ - YESC