ရန်ကုန်တိုင်းအတွင်းရှိ ကလေးကစားကွင်းအမည်ခံ လောင်းကစားဆိုင်များကို အရေးယူပေးဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

ရန်ကုန်တိုင်းအတွင်းရှိ ကလေးကစားကွင်းအမည်ခံ လောင်းကစားဆိုင်များကို အရေးယူပေးဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

လူငယ်၊လူရွယ်များ လောင်းကစားဂိမ်းတွေကိုမသိဘဲဝင်ရောက်ကစားမိရာကနေ ဂိမ်းစွဲလန်းမှုတွေဖြစ်ပေါ်နေတဲ့အတွက် ရန်ကုန်တိုင်းအတွင်းရှိ ကလေးကစားကွင်းအမည်ခံလောင်းက စားဆိုင်များကို စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာတားမြစ်အရေးယူပေးဖို့ လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကလေးကစားကွင်းအမည်ခံလိုင်စင်ယူထားပြီး လောင်းကစားပြုလုပ်နေသော ဆိုင်များကိုရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှသာ အမှန်တကယ်ဖော်ထုတ်နိုင်ခြင်းမဟုတ်ဘဲ အခြားသောနည်းလမ်းများဖြင့်ထိရောက်စွာ တားမြစ်အရေးယူဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ၊မရှိကိုသိရှိလိုကြောင်း” မေးခွန်း မေးမြန်းခဲ့စဉ်အတွင်းမှာ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်အတော်များများမှာ စီးပွားဖြစ်ဂိမ်းဆိုင်တွေဖွင့်လှစ်လုပ်ကိုင်သူတွေဟာ မြို့နယ်စည်ပင်ရဲ့လိုင်စင်ကိုယူထားပြီး ကလေးအားကစားကွင်းလို့ အမည်ခံကာ ပြည်ပကနေတင်သွင်းလာတဲ့ စက်ကိရိယာတွေနဲ့ခေတ်ပေါ်လောင်းကစားနည်း တွေပါဝင်တဲ့ အကြွေစေ့သုံးလောင်းကစားနည်းဂိမ်း ဆိုင်များဖွင့်လှစ်လာတာကိုတွေ့ရှိရပါတယ်။အကြွေစေ့ကစားနည်းများဖြစ်တဲ့ ဂဏန်းထိုးကစားနည်း ငါးမျှားကစားနည်း၊ငါးမန်းဂိမ်းကစားနည်း သီးစုံကစားနည်းနဲ့ အခြားကစားနည်းပေါင်း ၂၀ ခန့်ရှိကြောင်းတွေ့ရပါတယ်။ လူကြီးတွေကစားတာများပေမယ့် လူလတ်၊လူရွယ် လူငယ်တို့မှလည်း လောင်းကစားဂိမ်း တွေကိုမသိဘဲဝင်ရောက်ကစားမိရာကနေ ဂိမ်းစွဲလန်းမှုတွေဖြစ်ပေါ်လာရပါတယ်။ တဖြေးဖြေးနဲ့အကျင့်စာရိတ္တပါ ပျက်စီးယိုယွင်းလာတဲ့အတွက်ကြောင့် မြို့နေ မိဘပြည်သူတွေအနေနဲ့ အလွန်ပင်စိုးရိမ်တွေဖြစ်ပေါ်နေရပါတယ်။”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ ကပြောကြားခဲ့တာပါ။

ဒါ့အပြင် အကြွေစေ့သုံးလောင်းကစားဆိုင်အချို့ကို စိစစ်ဖော်ထုတ်ပိတ်သိမ်းအရေးယူခြင်းတွေကို ပြုလုပ်နိုင်ခဲ့သော်လည်း နိုင်ငံခြားသားများပိုင်ဆိုင်သောဆိုင်များ နှင့်ခရိုနီများပိုင်သောဆိုင်များ ကိုအရေးယူနိုင်ရန်ခဲယဉ်းကြောင်းနှင့် ဖမ်းဆီးမယ်ဆိုပါသော်လည်းကြိုတင်သတင်းပေးမှုများကြောင့်စက်များ၊လူများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာကိုတွေ့ရတယ်လို့လည်း ၎င်းကဆိုပါတယ်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က “ကလေးကစားကွင်းအမည်ခံပြီးတော့လောင်းကစားကွင်းလုပ်တယ်ဆိုတာ ဒါဟာ ဂိမ်းကသပ်သပ် လောင်းကစားနည်းကသပ်သပ် အဲ့တော့ဒီမှာဂိမ်းကိုအကြောင်းပြပြီး လောင်းကစားလုပ်တာဟာ လုပ်တဲ့သူ လိုင်စင်ရတဲ့သူရဲ့အပြစ်ဖြစ်ပါတယ်။ ဒါတွေကိုခွင့်ပြုချက်မဲ့ဆောင်ရွက်မှုမရှိစေရေးနဲ့ လိုင်စင်ခွင့်ပြုထားတဲ့လုပ်ငန်းတွေမှာလောင်းကစားလုပ်ငန်းတွေ မဆောင်ရွက်နိုင်ဖို့ မြို့နယ်ရဲ၊ ထွေအုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက်စိစစ်ဆောင်ရွက်သွားဖို့ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဲ့ဒီညွှန်ကြားချက်နဲ့အညီလည်းကျနော်တို့ စိစစ်ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာထွေအုပ်၊ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးမှူးတို့က လောင်းကစားဥပဒေပြဌာန်းချက်အရ လောင်းကစားကိစ္စရပ်များမဆောင်ရွက်နိုင်အောင် လုပ်ထုံးလုပ်နည်းနဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မြို့တော်စည်ပင်အနေနဲ့လည်း ဆက်လက်၍ပူးပေါင်းဆောင်ရွက်နေပါတယ်။”လို့ ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းစည်ပင်နယ်နမိတ်အတွင်း မှာတိုင်းအစိုးရခွင့်ပြုချက်အရ လိုင်စင်ခွင့်ပြုထားသော အပန်းဖြေအိမ်တွင်းကစားနည်းခန်းမအရေအတွက်ဟာ အရှေ့ပိုင်းခရိုင်မှာ(၄)ခု၊အနောက်ပိုင်းခရှိုင်မှာ(၁၇)ခု၊ တောင်ပိုင်းခရိုင်မှာ(၁၅)ခု၊မြောက်ပိုင်းခရိုင်မှာ(၁၃)ခု စုစုပေါင်း ခွင့်ပြုထားသည့်အရေအတွက်က(၄၉)ခုရှိပြီး လျှောက်ထားဆဲလိုင်စင်အသစ်ခွင့်ပြုဖို့က ကျန်တာ ၂ ခု ရှိတယ်လို့လည်းသိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

လူငယ္၊လူ႐ြယ္မ်ား ေလာင္းကစားဂိမ္းေတြကိုမသိဘဲဝင္ေရာက္ကစားမိရာကေန ဂိမ္းစြဲလန္းမႈေတြျဖစ္ေပၚေနတဲ့အတြက္ ရန္ကုန္တိုင္းအတြင္းရွိ ကေလးကစားကြင္းအမည္ခံေလာင္းက စားဆိုင္မ်ားကို စိစစ္ေဖာ္ထုတ္ၿပီး ထိေရာက္စြာတားျမစ္အေရးယူေပးဖို႔ လမ္းမေတာ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမာက တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ဇန္နဝါရီ ၁၄ ရက္တြင္က်င္းပခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမာက “ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ကေလးကစားကြင္းအမည္ခံလိုင္စင္ယူထားၿပီး ေလာင္းကစားျပဳလုပ္ေနေသာ ဆိုင္မ်ားကိုေရွာင္တခင္ဝင္ေရာက္ဖမ္းဆီးမွသာ အမွန္တကယ္ေဖာ္ထုတ္ႏိုင္ျခင္းမဟုတ္ဘဲ အျခားေသာနည္းလမ္းမ်ားျဖင့္ထိေရာက္စြာ တားျမစ္အေရးယူေဆာင္႐ြက္ႏိုင္ရန္ အစီအစဥ္ရွိ၊မရွိကိုသိရွိလိုေၾကာင္း” ေမးခြန္း ေမးျမန္းခဲ့စဥ္အတြင္းမွာ ၎က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ရန္ကုန္တိုင္းေဒသႀကီးရဲ႕ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ စီးပြားျဖစ္ဂိမ္းဆိုင္ေတြဖြင့္လွစ္လုပ္ကိုင္သူေတြဟာ ၿမိဳ႕နယ္စည္ပင္ရဲ႕လိုင္စင္ကိုယူထားၿပီး ကေလးအားကစားကြင္းလို႔ အမည္ခံကာ ျပည္ပကေနတင္သြင္းလာတဲ့ စက္ကိရိယာေတြနဲ႔ေခတ္ေပၚေလာင္းကစားနည္း ေတြပါဝင္တဲ့ အေႂကြေစ့သုံးေလာင္းကစားနည္းဂိမ္း ဆိုင္မ်ားဖြင့္လွစ္လာတာကိုေတြ႕ရွိရပါတယ္။အေႂကြေစ့ကစားနည္းမ်ားျဖစ္တဲ့ ဂဏန္းထိုးကစားနည္း ငါးမွ်ားကစားနည္း၊ငါးမန္းဂိမ္းကစားနည္း သီးစုံကစားနည္းနဲ႔ အျခားကစားနည္းေပါင္း ၂၀ ခန႔္ရွိေၾကာင္းေတြ႕ရပါတယ္။ လူႀကီးေတြကစားတာမ်ားေပမယ့္ လူလတ္၊လူ႐ြယ္ လူငယ္တို႔မွလည္း ေလာင္းကစားဂိမ္း ေတြကိုမသိဘဲဝင္ေရာက္ကစားမိရာကေန ဂိမ္းစြဲလန္းမႈေတြျဖစ္ေပၚလာရပါတယ္။ တေျဖးေျဖးနဲ႔အက်င့္စာရိတၱပါ ပ်က္စီးယိုယြင္းလာတဲ့အတြက္ေၾကာင့္ ၿမိဳ႕ေန မိဘျပည္သူေတြအေနနဲ႔ အလြန္ပင္စိုးရိမ္ေတြျဖစ္ေပၚေနရပါတယ္။”လို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမာ ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ အေႂကြေစ့သုံးေလာင္းကစားဆိုင္အခ်ိဳ႕ကို စိစစ္ေဖာ္ထုတ္ပိတ္သိမ္းအေရးယူျခင္းေတြကို ျပဳလုပ္ႏိုင္ခဲ့ေသာ္လည္း ႏိုင္ငံျခားသားမ်ားပိုင္ဆိုင္ေသာဆိုင္မ်ား ႏွင့္ခ႐ိုနီမ်ားပိုင္ေသာဆိုင္မ်ား ကိုအေရးယူႏိုင္ရန္ခဲယဥ္းေၾကာင္းႏွင့္ ဖမ္းဆီးမယ္ဆိုပါေသာ္လည္းႀကိဳတင္သတင္းေပးမႈမ်ားေၾကာင့္စက္မ်ား၊လူမ်ား ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္တာကိုေတြ႕ရတယ္လို႔လည္း ၎ကဆိုပါတယ္။

အဆိုပါေမးခြန္းႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က “ကေလးကစားကြင္းအမည္ခံၿပီးေတာ့ေလာင္းကစားကြင္းလုပ္တယ္ဆိုတာ ဒါဟာ ဂိမ္းကသပ္သပ္ ေလာင္းကစားနည္းကသပ္သပ္ အဲ့ေတာ့ဒီမွာဂိမ္းကိုအေၾကာင္းျပၿပီး ေလာင္းကစားလုပ္တာဟာ လုပ္တဲ့သူ လိုင္စင္ရတဲ့သူရဲ႕အျပစ္ျဖစ္ပါတယ္။ ဒါေတြကိုခြင့္ျပဳခ်က္မဲ့ေဆာင္႐ြက္မႈမရွိေစေရးနဲ႔ လိုင္စင္ခြင့္ျပဳထားတဲ့လုပ္ငန္းေတြမွာေလာင္းကစားလုပ္ငန္းေတြ မေဆာင္႐ြက္ႏိုင္ဖို႔ ၿမိဳ႕နယ္ရဲ၊ ေထြအုပ္တို႔က သက္ဆိုင္ရာက႑အလိုက္စိစစ္ေဆာင္႐ြက္သြားဖို႔ကိုလည္း တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။ အဲ့ဒီၫႊန္ၾကားခ်က္နဲ႔အညီလည္းက်ေနာ္တို႔ စိစစ္ေဆာင္႐ြက္ေနပါတယ္။ သက္ဆိုင္ရာေထြအုပ္၊ရဲတပ္ဖြဲ႕ေတြ အုပ္ခ်ဳပ္ေရးမႉးတို႔က ေလာင္းကစားဥပေဒျပဌာန္းခ်က္အရ ေလာင္းကစားကိစၥရပ္မ်ားမေဆာင္႐ြက္ႏိုင္ေအာင္ လုပ္ထုံးလုပ္နည္းနဲ႔ စီစဥ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ၿမိဳ႕ေတာ္စည္ပင္အေနနဲ႔လည္း ဆက္လက္၍ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။”လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။

ရန္ကုန္တိုင္းစည္ပင္နယ္နမိတ္အတြင္း မွာတိုင္းအစိုးရခြင့္ျပဳခ်က္အရ လိုင္စင္ခြင့္ျပဳထားေသာ အပန္းေျဖအိမ္တြင္းကစားနည္းခန္းမအေရအတြက္ဟာ အေရွ႕ပိုင္းခ႐ိုင္မွာ(၄)ခု၊အေနာက္ပိုင္းခရႈိင္မွာ(၁၇)ခု၊ ေတာင္ပိုင္းခ႐ိုင္မွာ(၁၅)ခု၊ေျမာက္ပိုင္းခ႐ိုင္မွာ(၁၃)ခု စုစုေပါင္း ခြင့္ျပဳထားသည့္အေရအတြက္က(၄၉)ခုရွိၿပီး ေလွ်ာက္ထားဆဲလိုင္စင္အသစ္ခြင့္ျပဳဖို႔က က်န္တာ ၂ ခု ရွိတယ္လို႔လည္းသိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇန္နဝါရီ - ၁၄