ရန်ကုန်တိုင်းအတွင်းရှိ ငါးအအေးခန်းစက်ရုံများ နေရာပြောင်းရွှေ့ လုပ်ကိုင်ရဖွယ်ရှိဟု ဆို

ရန်ကုန်တိုင်းအတွင်းရှိ ငါးအအေးခန်းစက်ရုံများ နေရာပြောင်းရွှေ့ လုပ်ကိုင်ရဖွယ်ရှိဟု ဆို

စက်ရုံများမှထွက်သည့် အနံ့ဆိုးများနှင့် ပတ်သက်၍ တိုင်တန်းမှုများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ငါးအအေးခန်းစက်ရုံများ လူနေအိမ်ခြေဝေးသည့် နေရာများသို့ ပြောင်းရွှေ့ရနိုင်ခြေရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ကျင်းပပြုလုပ်တဲ့ ရေသတ္တဝါမွေးမြူးရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွေ့ဆုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးဟံထွန်း က ပြောကြားခဲ့ပါတယ်။

ငါးလုပ်ငန်း အအေးခန်းစက်ရုံများသည် ယခင်က လူနေအိမ်ခြေဝေးသည့် နေရာတွင်ရှိခဲ့သော်လည်း ယခုအခါ လူနေထူထပ်သည့် နေရာများဖြစ်လာသည့်အတွက် ပြည်သူလူထုမှ တိုင်ကြားမှုများ ရှိလာကြောင်း၊ သံမဏိစက်ရုံများကိုလည်း လူသူအလှမ်းဝေးသည့် နေရာများသို့ ပြောင်းရွှေ့ဆောက်လုပ်ရသည်များ ရှိသည့်အတွက် ငါးအအေးခန်းစက်ရုံများလည်း ပြောင်းရွှေ့လုပ်ကိုင်နိုင်ခြေ ရှိတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

“စက်မှုလုပ်ငန်းတွေမှာဆိုရင် သံမဏိစက်ရုံတို့ သံမဏိစက်မှုဇုန်တွေဆိုတာက အရင်တုန်းက ပြင်ပမှာ လူနေပတ်ဝန်းကျင်ရဲ့ ပြင်ပမှာ ကျွန်တော်တို့ တည်ထောင်ခဲ့ပါတယ်။ဒါပေမယ့် လက်ရှိအခြေအနေမှာ  ဒီစက်ရံုံတွေက လူတွေရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ ရောက်လာတဲ့အတွက် ဒီစက်ရုံတွေက ဒီထက်ပိုပြီးတော့ လူသူနဲ့ဝေးတဲ့ နေရာတွေမှာ ရွှေ့ပြီးတော့  အသစ်ပြန်ဆောက်ပေးရတဲ့ အနေအထားတွေရှိတဲ့အတွက် ကျွန်တော်တို့ ငါးလုပ်ငန်း ဆောင်ရွက်နေတဲ့ စက်ရုံတွေကလည်းဘဲ ဒီလိုအခြေအနေမျိုး တစ်ချိန်ချိန်မှာ ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အတွက် ဒီကိစ္စတွေကို ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါတယ်။အပြင်ရွှေ့ပြောင်းပေးဖို့ ရှိကောင်းရှိလာနိုင်ပါတယ်။ဘာလို့လည်းဆိုတော့ လက်ရှိအခြေအနေမှာလည်း ပြည်သူလူထုရဲ့ အနံ့အသက်နဲ့ ပတ်သက်တော့ တိုင်တိုင်းမှုတွေ အများကြီးရှိတဲ့အတွက် ဒါကိုကြိုတင်ပြောပြထားခြင်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် အအေးခန်းစက်ရုံ စုစုပေါင်း ၁၁၅ ရုံခန့် ရှိပြီး EU အသိအမှတ်ပြုခြင်း ခံရသော စက်ရုံ ၁၈ ရုံ ရှိကြောင်း၊ အဆိုပါ စက်ရုံများအနေဖြင့်လည်း အများပြည်သူ တိုင်တန်းမှုများ ရှိနေသည့်အတွက် လူနေကျဲပါးသည့် နေရာများသို့ ပြောင်းရွှေ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် အမျိုးသားအဆင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအစီအစဉ် (NADP) ရေးဆွဲရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်သူများထံမှ သဘောထားမှတ်ချက်များ ရယူစုစည်းရန်ဖြစ်ပြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဂျာမဏီသံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနဲ့ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

စက္႐ုံမ်ားမွထြက္သည့္ အနံ႔ဆိုးမ်ားႏွင့္ ပတ္သက္၍ တိုင္တန္းမႈမ်ားေၾကာင့္ ရန္ကုန္တိုင္းအတြင္းရွိ ငါးအေအးခန္းစက္႐ုံမ်ား လူေနအိမ္ေျခေဝးသည့္ ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ရႏိုင္ေျခရွိေၾကာင္း ယေန႔ ဒီဇင္ဘာလ ၁၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ  ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွာ က်င္းပျပဳလုပ္တဲ့ ေရသတၱဝါေမြးျမဴးေရး ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္း ေတြ႕ဆုံေဆြးေႏြးပြဲတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ဝန္ႀကီး ဦးဟံထြန္း က ေျပာၾကားခဲ့ပါတယ္။

ငါးလုပ္ငန္း အေအးခန္းစက္႐ုံမ်ားသည္ ယခင္က လူေနအိမ္ေျခေဝးသည့္ ေနရာတြင္ရွိခဲ့ေသာ္လည္း ယခုအခါ လူေနထူထပ္သည့္ ေနရာမ်ားျဖစ္လာသည့္အတြက္ ျပည္သူလူထုမွ တိုင္ၾကားမႈမ်ား ရွိလာေၾကာင္း၊ သံမဏိစက္႐ုံမ်ားကိုလည္း လူသူအလွမ္းေဝးသည့္ ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ေဆာက္လုပ္ရသည္မ်ား ရွိသည့္အတြက္ ငါးအေအးခန္းစက္႐ုံမ်ားလည္း ေျပာင္းေ႐ႊ႕လုပ္ကိုင္ႏိုင္ေျခ ရွိတယ္လို႔ အသိေပးေျပာၾကားခဲ့ပါတယ္။

“စက္မႈလုပ္ငန္းေတြမွာဆိုရင္ သံမဏိစက္႐ုံတို႔ သံမဏိစက္မႈဇုန္ေတြဆိုတာက အရင္တုန္းက ျပင္ပမွာ လူေနပတ္ဝန္းက်င္ရဲ႕ ျပင္ပမွာ ကြၽန္ေတာ္တို႔ တည္ေထာင္ခဲ့ပါတယ္။ဒါေပမယ့္ လက္ရွိအေျခအေနမွာ  ဒီစက္ရံုံေတြက လူေတြရဲ႕ ပတ္ဝန္းက်င္ အနီးအနားမွာ ေရာက္လာတဲ့အတြက္ ဒီစက္႐ုံေတြက ဒီထက္ပိုၿပီးေတာ့ လူသူနဲ႔ေဝးတဲ့ ေနရာေတြမွာ ေ႐ႊ႕ၿပီးေတာ့  အသစ္ျပန္ေဆာက္ေပးရတဲ့ အေနအထားေတြရွိတဲ့အတြက္ ကြၽန္ေတာ္တို႔ ငါးလုပ္ငန္း ေဆာင္႐ြက္ေနတဲ့ စက္႐ုံေတြကလည္းဘဲ ဒီလိုအေျခအေနမ်ိဳး တစ္ခ်ိန္ခ်ိန္မွာ ျဖစ္ေကာင္းျဖစ္လာႏိုင္တဲ့အတြက္ ဒီကိစၥေတြကို ထည့္သြင္းစဥ္းစားထားဖို႔ လိုအပ္ပါတယ္။အျပင္ေ႐ႊ႕ေျပာင္းေပးဖို႔ ရွိေကာင္းရွိလာႏိုင္ပါတယ္။ဘာလို႔လည္းဆိုေတာ့ လက္ရွိအေျခအေနမွာလည္း ျပည္သူလူထုရဲ႕ အနံ႔အသက္နဲ႔ ပတ္သက္ေတာ့ တိုင္တိုင္းမႈေတြ အမ်ားႀကီးရွိတဲ့အတြက္ ဒါကိုႀကိဳတင္ေျပာျပထားျခင္း ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ အေအးခန္းစက္႐ုံ စုစုေပါင္း ၁၁၅ ႐ုံခန႔္ ရွိၿပီး EU အသိအမွတ္ျပဳျခင္း ခံရေသာ စက္႐ုံ ၁၈ ႐ုံ ရွိေၾကာင္း၊ အဆိုပါ စက္႐ုံမ်ားအေနျဖင့္လည္း အမ်ားျပည္သူ တိုင္တန္းမႈမ်ား ရွိေနသည့္အတြက္ လူေနက်ဲပါးသည့္ ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ယေန႔ျပဳလုပ္သည့္ ေတြ႕ဆုံေဆြးေႏြးပြဲသည္ အမ်ိဳးသားအဆင့္ ေရသတၱဝါ ေမြးျမဴေရးက႑ ဖြံ႕ၿဖိဳးေရးအစီအစဥ္ (NADP) ေရးဆြဲေရးအတြက္ က႑အလိုက္ သက္ဆိုင္သူမ်ားထံမွ သေဘာထားမွတ္ခ်က္မ်ား ရယူစုစည္းရန္ျဖစ္ၿပီး အခမ္းအနားသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ဝန္ႀကီး၊ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး၊ ဂ်ာမဏီသံ႐ုံးမွ တာဝန္ရွိသူမ်ား၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ ပုဂၢိဳလ္မ်ား၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူမ်ားနဲ႔ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၈