ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်အတွက် Hot line နံပါတ် 1717 အား အချိန်မရွေး ဆက်သွယ်ဖြေရှင်း/ပြန်ကြားပေးနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်အတွက် Hot line နံပါတ် 1717 အား အချိန်မရွေး ဆက်သွယ်ဖြေရှင်း/ပြန်ကြားပေးနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲသူ မိဘများ၏ လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်များအား အချိန်နှင့်တပြေးညီ ဖြေရှင်း/ပြန်ကြားပေးနိုင်ရေးအတွက် လည်းကောင်း လျှပ်စစ်ဆိုင်ရာ ကြိုတင်သတိပေးချက်များနှင့် အသိပညာပေး ကြော်ငြာခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း YESC Call Center အား ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်ပေးလျှက်ရှိရာ Hot line Phone No . 1717 အား လူအများ စည်ကားရာနေရာများတွင် Bill Board များဖြင့် ကြော်ငြာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က ပြောကြားခဲ့ပါတယ်။

“YESC Call Center စတင်ဖွဲ့စည်းသည့် ၁.၇.၂၀၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျှက်ရှိရာ ယင်း Call Center တွင် Auto Telephone (၅) လုံး ( 01-2302265 ၊ 01-2302286 ၊ 01-2302287 ၊ 012302288 ၊ 01- 2302289) တပ်ဆင်ထားပြီး MPT နှင့် ညှိနှိုင်း၍ Hunting System ထည့်သွင်းကာ ဝန်ဆောင်မှုပေးခြင်း ၊ YESC Call Center Facebook Account ဖွင့်လှစ်ပြီး အများပြည်သူသို့ ဝန်ဆောင်မှုပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ခံအဖြစ် မန်နေဂျာအင်ဂျင်နီယာတစ်ဦး ထားရှိပြီး တာဝန်ကျ အဖွဲ့တစ်ဖွဲ့လျှင် အငယ်တန်းအင်ဂျင်နီယာ တစ်ဦး၊ အငယ်တန်းစာရေး ၅ ဦး၊ တို့ ပါဝင်သော အဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းကာ Duty အချိန်များအား နံနက် ၀၆း၀၀ မှ ၁၈း၀၀ နာရီအချိန်ထိ လည်းကောင်း၊ ၁၈း၀၀ နာရီမှ နောက်တစ်နေ့ နံနက် ၆း၀၀ နာရီအချိန်ထိ လည်းကောင်း အလှည့်ကျ ၂၄ နာရီ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း၊ YESC Call Center တွင် တပ်ဆင်ထားသော Auto Telephone (၅) လုံးအား လျှပ်စစ်မီးသုံးစွဲသူမှ ခေါ်ဆိုရာတွင် ပိုမိုလွယ်ကူ လျှင်မြန်စေရေးနှင့် မှတ်သားရလွယ်ကူစေရေးအတွက် Short Number ဖြစ်သည့် 1717 အား နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနနှင့် Network Operator များ၏ အကူအညီရယူ၍ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကော်ပိုရေးရှင်း YESC Call Center အနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သိရှိနိုင်ပါရန်နှင့် မိဘပြည်သူများအနေဖြင့် YESC Call Center အား ပိုမိုသိရှိပြီး လျှပ်စစ်ဆိုင်ရာ လိုအပ်ချက်များအား Hot line Phone No . 1717 သို့ ဆက်သွယ်စေရေးအတွက် လူစည်ကားရာဖြစ်သော သင်္ဘောဆိပ် ကားဂိတ် ရထားဘူတာ ဈေး ကျောင်း လမ်းဆုံလမ်းခွ စသည့် နေရာများတွင် Bill Board များဖြင့် ကြော်ငြာခြင်းအား အများပြည်သူသိရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့” ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်း နေပြည်တော် လျပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းထုတ်ပြန်ရေးနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္မီးသုံးစြဲသူ မိဘမ်ား၏ လွ်ပ္စစ္ဆိုင္ရာ လိုအပ္ခ်က္မ်ားအား အခ်ိန္ႏွင့္တေျပးညီ ေျဖရွင္း/ျပန္ၾကားေပးႏိုင္ေရးအတြက္ လည္းေကာင္း လွ်ပ္စစ္ဆိုင္ရာ ႀကိဳတင္သတိေပးခ်က္မ်ားႏွင့္ အသိပညာေပး ေၾကာ္ျငာျခင္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ လည္းေကာင္း YESC Call Center အား ဖြင့္လွစ္၍ ျပည္သူ႔ဝန္ေဆာင္မႈမ်ားကို စတင္ေဆာင္႐ြက္ေပးလွ်က္ရွိရာ Hot line Phone No . 1717 အား လူအမ်ား စည္ကားရာေနရာမ်ားတြင္ Bill Board မ်ားျဖင့္ ေၾကာ္ျငာျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္ က ေျပာၾကားခဲ့ပါတယ္။

“YESC Call Center စတင္ဖြဲ႕စည္းသည့္ ၁.၇.၂၀၁၅ ရက္ေန႔မွ စတင္ဖြင့္လွစ္၍ ျပည္သူ႔ဝန္ေဆာင္မႈမ်ားအား ေဆာင္႐ြက္ေပးလွ်က္ရွိရာ ယင္း Call Center တြင္ Auto Telephone (၅) လုံး ( 01-2302265 ၊ 01-2302286 ၊ 01-2302287 ၊ 012302288 ၊ 01- 2302289) တပ္ဆင္ထားၿပီး MPT ႏွင့္ ညႇိႏႈိင္း၍ Hunting System ထည့္သြင္းကာ ဝန္ေဆာင္မႈေပးျခင္း ၊ YESC Call Center Facebook Account ဖြင့္လွစ္ၿပီး အမ်ားျပည္သူသို႔ ဝန္ေဆာင္မႈေပးျခင္းမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ႏိုင္ေရးအတြက္ တာဝန္ခံအျဖစ္ မန္ေနဂ်ာအင္ဂ်င္နီယာတစ္ဦး ထားရွိၿပီး တာဝန္က် အဖြဲ႕တစ္ဖြဲ႕လွ်င္ အငယ္တန္းအင္ဂ်င္နီယာ တစ္ဦး၊ အငယ္တန္းစာေရး ၅ ဦး၊ တို႔ ပါဝင္ေသာ အဖြဲ႕ ၄ ဖြဲ႕ ဖြဲ႕စည္းကာ Duty အခ်ိန္မ်ားအား နံနက္ ၀၆း၀၀ မွ ၁၈း၀၀ နာရီအခ်ိန္ထိ လည္းေကာင္း၊ ၁၈း၀၀ နာရီမွ ေနာက္တစ္ေန႔ နံနက္ ၆း၀၀ နာရီအခ်ိန္ထိ လည္းေကာင္း အလွည့္က် ၂၄ နာရီ တာဝန္ထမ္းေဆာင္လွ်က္ရွိေၾကာင္း၊ YESC Call Center တြင္ တပ္ဆင္ထားေသာ Auto Telephone (၅) လုံးအား လွ်ပ္စစ္မီးသုံးစြဲသူမွ ေခၚဆိုရာတြင္ ပိုမိုလြယ္ကူ လွ်င္ျမန္ေစေရးႏွင့္ မွတ္သားရလြယ္ကူေစေရးအတြက္ Short Number ျဖစ္သည့္ 1717 အား ႏိုဝင္ဘာ ၁ ရက္ေန႔မွစ၍ ဆက္သြယ္ေရးၫြန္ၾကားမႈဦးစီးဌာနႏွင့္ Network Operator မ်ား၏ အကူအညီရယူ၍ ေျပာင္းလဲေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေကာ္ပိုေရးရွင္း YESC Call Center အေနျဖင့္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ အေျခအေနအား သိရွိႏိုင္ပါရန္ႏွင့္ မိဘျပည္သူမ်ားအေနျဖင့္ YESC Call Center အား ပိုမိုသိရွိၿပီး လွ်ပ္စစ္ဆိုင္ရာ လိုအပ္ခ်က္မ်ားအား Hot line Phone No . 1717 သို႔ ဆက္သြယ္ေစေရးအတြက္ လူစည္ကားရာျဖစ္ေသာ သေဘၤာဆိပ္ ကားဂိတ္ ရထားဘူတာ ေဈး ေက်ာင္း လမ္းဆုံလမ္းခြ စသည့္ ေနရာမ်ားတြင္ Bill Board မ်ားျဖင့္ ေၾကာ္ျငာျခင္းအား အမ်ားျပည္သူသိရွိေအာင္ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔” ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္ က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္း ေနျပည္ေတာ္ လ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနတြင္ ျပဳလုပ္သည့္ သတင္းထုတ္ျပန္ေရးႏွင့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၃