ရန်ကုန်တိုင်း စီမံကိန်းများအတွက် ပြင်သစ်မှချေးငွေ ယူရို သန်း (၇၀) ကိစ္စ ကန့်ကွက်သူများသဖြင့် ပြည်ထောင်စုလွှတ်တော်မှ သဘောမတူကြောင်း ကြေညာ

ရန်ကုန်တိုင်း စီမံကိန်းများအတွက် ပြင်သစ်မှချေးငွေ ယူရို သန်း (၇၀) ကိစ္စ ကန့်ကွက်သူများသဖြင့် ပြည်ထောင်စုလွှတ်တော်မှ သဘောမတူကြောင်း ကြေညာ

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းများ ဆောင်ရွက်ရန် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ချေးငွေ ယူရို သန်း (၇၀) ရယူရန် ကိစ္စအား ကန့်ကွက်သည့် ကိုယ်စားလှယ် များသဖြင့် ပြည်ထောင်စုလွှတ်တော်မှ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍  ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမနေ့ ပုံမှန်အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင် က စီမံကိန်းနှင့် ပတ်သက်၍ လာရောက်ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယကမှ ပြည်ထောင်စုလွှတ်တော်မှာ အတည် ပြုသင့်၊ မပြုသင့်ကို လျို့ဝှက်စက်ခလုတ်သုံး၍ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ (၃၄) မဲ၊ ကန့်ကွက်မဲ (၄၉၇) မဲ၊ ကြားနေမဲ (၆) မဲ ရရှိသဖြင့် ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည် ဖော်ဆောင်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာ စီမံကိန်းအတွက် ပြင်သစ်နိုင်ငံ AFD ထံမှ ချေးငွေ ယူရို သန်း (၇၀) အား ရယူနိုင်ရေး ကိစ္စကို လွှတ်တော်က သဘောမတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှ ကြေညာပေးခဲ့တာပါ။

ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းများ ဆောင်ရွက်ရန် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ ချေးငွေ ယူရို သန်း (၇၀) ရယူရန် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းမ်ား ေဆာင္႐ြက္ရန္ ျပင္သစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီမွ ေခ်းေငြ ယူ႐ို သန္း (၇၀) ရယူရန္ ကိစၥအား ကန႔္ကြက္သည့္ ကိုယ္စားလွယ္ မ်ားသျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္မွ ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။

ယင္းကိစၥရပ္ႏွင့္ ပတ္သက္၍  ဒီကေန႔ ဒီဇင္ဘာ ၁၃ ရက္တြင္ ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဒႆမေန႔ ပုံမွန္အစည္းအေဝးမွာ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ က စီမံကိန္းႏွင့္ ပတ္သက္၍ လာေရာက္ရွင္းလင္း ေဆြးေႏြးခဲ့ၿပီးေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကမွ ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ ျပဳသင့္၊ မျပဳသင့္ကို လ်ိဳ႕ဝွက္စက္ခလုတ္သုံး၍ မဲခြဲဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ထိုသို႔ မဲခြဲဆုံးျဖတ္ခဲ့ရာတြင္ ေထာက္ခံမဲ (၃၄) မဲ၊ ကန႔္ကြက္မဲ (၄၉၇) မဲ၊ ၾကားေနမဲ (၆) မဲ ရရွိသျဖင့္ ကန႔္ကြက္ဆႏၵမဲ မ်ားသည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ အေကာင္အထည္ ေဖာ္ေဆာင္မည့္ သယ္ယူပို႔ေဆာင္ေရး၊ ျမစ္ကမ္းပါးတစ္ေလွ်ာက္ ဖြံ႕ၿဖိဳးေရးႏွင့္ ၿမိဳ႕ျပယဥ္ေက်းမႈ အေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး မဟာဗ်ဴဟာ စီမံကိန္းအတြက္ ျပင္သစ္ႏိုင္ငံ AFD ထံမွ ေခ်းေငြ ယူ႐ို သန္း (၇၀) အား ရယူႏိုင္ေရး ကိစၥကို လႊတ္ေတာ္က သေဘာမတူေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယကမွ ေၾကညာေပးခဲ့တာပါ။

ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ႏိုင္ငံေတာ္သမၼတထံမွ ေပးပို႔ထားေသာ ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းမ်ား ေဆာင္႐ြက္ရန္ ျပင္သစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီမွ ေခ်းေငြ ယူ႐ို သန္း (၇၀) ရယူရန္ ကိစၥႏွင့္ ပတ္သက္၍ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာအေပၚ သက္ဆိုင္ရာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္မွ ျပန္လည္ရွင္းလင္း ေဆြးေႏြးျခင္းႏွင့္ လႊတ္ေတာ္၏ အဆုံးအျဖတ္ရယူျခင္းတို႔ကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၃