ရန်ကုန်နဲ့ ပုသိမ်ကြား Tourism Train စီစဉ်ပေးနိုင်ပါက ကမ္ဘာလှည့်ဧည့်သည်များ စိတ်ဝင်စားမှုပိုနိုင်ဟု ဆို

ရန်ကုန်နဲ့ ပုသိမ်ကြား Tourism Train စီစဉ်ပေးနိုင်ပါက ကမ္ဘာလှည့်ဧည့်သည်များ စိတ်ဝင်စားမှုပိုနိုင်ဟု ဆို

ရန်ကုန်မြို့နဲ့ ပုသိမ်မြို့ကြားမှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက် Tourism Train ပြေးဆွဲနိုင်ပါက ဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုပိုကာ ခရီးသွားလုပ်ငန်းကို တိုးတက်စေမယ့် အခြေအနေကောင်းတွေလည်း ရှိနိုင်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အဆိုပါ Tourism Train ပြေးဆွဲပေးနိုင်ဖို့အတွက် လက်ရှိကာလမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားပြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ဧည့်သည်တွေအတွက် စွဲဆောင်စရာ အခြေအနေမျိုးတစ်ခု ဖြစ်လာမှာပါ၊ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ လှပတဲ့မြင်ကွင်းတွေကို ရထားစီးရင်း ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးဖြစ်လို့ ဧည့်သည်တွေ စိတ်ဝင်စားမယ့် ခရီးစဉ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့လည်း ယင်းခရီးစဉ်အတွက် တင်ပြထားသော မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဦးကျော်ခိုင် က ရှင်းပြပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသဟာ ရေပျော်ငှက်တွေနဲ့ ရှားပါးငှက်မျိုးစိတ်ဝင် ကြိုးကြာခေါင်းနီငှက်တွေလည်း ကျက်စားနေထိုင်ရာ ဒေသဖြစ်သလို ရထားစီးရင်း သဘာဝရှုခင်းများကို ကြည့်ရှုခံစားကာ သဘာဝရေမြေတွေအပြင် လယ်ယာလုပ်ငန်းခွင်ဝင်နေကြတဲ့ တောင်သူတွေရဲ့ လူမှုဘဝတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို အလည်အပတ်ရောက်လာတဲ့ ကမ္ဘာလှည့်ဧည့်သည်တွေဟာ လက်ရှိမှာ ရွှေတိဂုံစေတီတော် အပါအဝင် ရန်ကုန်မြို့ထဲက နေရာအချို့သာ သွားရောက်လည်ပတ်နေရသလို ကမ္ဘာလှည့်ဧည့်သည်တွေ စိတ်ဝင်စားမယ့် နေရာသစ်တွေအဖြစ် ဖန်တီးဖို့ အစိုးရက ကြိုးပမ်းနေတဲ့အခါ ယင်းခရီးစဉ်တွေဟာလည်း စဉ်းစားသင့်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

မူလက ပုသိမ် - ညောင်တုန်း ရထားလမ်းဖောက်ခဲ့ပြီး လှိုင်သာယာအထိ ဆက်သွယ်ဖောက်လုပ်ပြီး ဖြစ်သော်လည်း အောက်ခံဖောင်ဒေးရှင်းအပိုင်းတွင် အားနည်းခြင်းကြောင့် ရထားများ ဖြေးညင်းစွာခုတ်မောင်းရခြင်း၊ ခရီးသည်စီးနင်းမှုနည်းလာခြင်း အစရှိတဲ့ အခြေအနေများကြုံကာ တွက်ချေမကိုက်ဖြစ်လာခဲ့ပြီး ရထားပြေးဆွဲမှုကို ရပ်နားထားခဲ့ရကြောင်း၊ ရထားပြေးဆွဲမှုမရှိတော့ဘဲ ရပ်နားခဲ့ရာ အချိန်ကြာမြင့်လာမှုနဲ့အတူ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေမျိုးဖြစ်နေကြောင်း သိရပါတယ်။

“လောလောဆယ်မှာတော့ Tourism Train ကိစ္စက တင်ပြထားတဲ့ အနေအထားမျိုးသာ ဖြစ်နေသေးပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ထိုလမ်းပိုင်းအဆင့်မြှင့်တင်ကာ ရထားများ မြန်နှုန်းမြင့် ပြေးဆွဲပေးနိုင်ပါက ခရီးသွားလုပ်ငန်းများအတွက်သာမကဘဲ ခရီးသည်နဲ့ ကုန်စည်စီးဆင်းမှုကို အချိန်တိုအတွင်း စရိတ်သက်သာစွာ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အကျိုးရှိလာစေမယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၆

( Zawgyi )

ရန္ကုန္ၿမိဳ႕နဲ႔ ပုသိမ္ၿမိဳ႕ၾကားမွာ ကမာၻလွည့္ခရီးသြား ဧည့္သည္ေတြအတြက္ Tourism Train ေျပးဆြဲႏိုင္ပါက ဧည့္သည္ေတြရဲ႕ စိတ္ဝင္စားမႈပိုကာ ခရီးသြားလုပ္ငန္းကို တိုးတက္ေစမယ့္ အေျခအေနေကာင္းေတြလည္း ရွိႏိုင္တယ္လို႔ ဟိုတယ္လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

အဆိုပါ Tourism Train ေျပးဆြဲေပးႏိုင္ဖို႔အတြက္ လက္ရွိကာလမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ တင္ျပထားၿပီးလည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ဧည့္သည္ေတြအတြက္ စြဲေဆာင္စရာ အေျခအေနမ်ိဳးတစ္ခု ျဖစ္လာမွာပါ၊ လတ္ဆတ္တဲ့ေလကို ရွဴရႈိက္ရင္း ျမစ္ဝကြၽန္းေပၚေဒသရဲ႕ လွပတဲ့ျမင္ကြင္းေတြကို ရထားစီးရင္း ၾကည့္ရႈႏိုင္မယ့္ အေျခအေနမ်ိဳးျဖစ္လို႔ ဧည့္သည္ေတြ စိတ္ဝင္စားမယ့္ ခရီးစဥ္ျဖစ္လာမယ္လို႔ ယုံၾကည္ပါတယ္” လို႔လည္း ယင္းခရီးစဥ္အတြက္ တင္ျပထားေသာ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းမွ ဦးေက်ာ္ခိုင္ က ရွင္းျပပါတယ္။

ျမစ္ဝကြၽန္းေပၚေဒသဟာ ေရေပ်ာ္ငွက္ေတြနဲ႔ ရွားပါးငွက္မ်ိဳးစိတ္ဝင္ ႀကိဳးၾကာေခါင္းနီငွက္ေတြလည္း က်က္စားေနထိုင္ရာ ေဒသျဖစ္သလို ရထားစီးရင္း သဘာဝရႈခင္းမ်ားကို ၾကည့္ရႈခံစားကာ သဘာဝေရေျမေတြအျပင္ လယ္ယာလုပ္ငန္းခြင္ဝင္ေနၾကတဲ့ ေတာင္သူေတြရဲ႕ လူမႈဘဝေတြကိုလည္း ျမင္ေတြ႕ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ကို အလည္အပတ္ေရာက္လာတဲ့ ကမာၻလွည့္ဧည့္သည္ေတြဟာ လက္ရွိမွာ ေ႐ႊတိဂုံေစတီေတာ္ အပါအဝင္ ရန္ကုန္ၿမိဳ႕ထဲက ေနရာအခ်ိဳ႕သာ သြားေရာက္လည္ပတ္ေနရသလို ကမာၻလွည့္ဧည့္သည္ေတြ စိတ္ဝင္စားမယ့္ ေနရာသစ္ေတြအျဖစ္ ဖန္တီးဖို႔ အစိုးရက ႀကိဳးပမ္းေနတဲ့အခါ ယင္းခရီးစဥ္ေတြဟာလည္း စဥ္းစားသင့္တဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ ၎က ဆိုပါတယ္။

မူလက ပုသိမ္ - ေညာင္တုန္း ရထားလမ္းေဖာက္ခဲ့ၿပီး လႈိင္သာယာအထိ ဆက္သြယ္ေဖာက္လုပ္ၿပီး ျဖစ္ေသာ္လည္း ေအာက္ခံေဖာင္ေဒးရွင္းအပိုင္းတြင္ အားနည္းျခင္းေၾကာင့္ ရထားမ်ား ေျဖးညင္းစြာခုတ္ေမာင္းရျခင္း၊ ခရီးသည္စီးနင္းမႈနည္းလာျခင္း အစရွိတဲ့ အေျခအေနမ်ားႀကဳံကာ တြက္ေခ်မကိုက္ျဖစ္လာခဲ့ၿပီး ရထားေျပးဆြဲမႈကို ရပ္နားထားခဲ့ရေၾကာင္း၊ ရထားေျပးဆြဲမႈမရွိေတာ့ဘဲ ရပ္နားခဲ့ရာ အခ်ိန္ၾကာျမင့္လာမႈနဲ႔အတူ ယိုယြင္းပ်က္စီးေနတဲ့ အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း သိရပါတယ္။

“ေလာေလာဆယ္မွာေတာ့ Tourism Train ကိစၥက တင္ျပထားတဲ့ အေနအထားမ်ိဳးသာ ျဖစ္ေနေသးပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

ထိုလမ္းပိုင္းအဆင့္ျမႇင့္တင္ကာ ရထားမ်ား ျမန္ႏႈန္းျမင့္ ေျပးဆြဲေပးႏိုင္ပါက ခရီးသြားလုပ္ငန္းမ်ားအတြက္သာမကဘဲ ခရီးသည္နဲ႔ ကုန္စည္စီးဆင္းမႈကို အခ်ိန္တိုအတြင္း စရိတ္သက္သာစြာ အသုံးျပဳႏိုင္မွာျဖစ္တဲ့အတြက္ အက်ိဳးရွိလာေစမယ္လို႔လည္း ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြက သုံးသပ္ထားၾကပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၆