ရန်ကုန်မြို့ရှိ မြို့နယ် ၁၈ မြို့နယ်တွင် မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်

ရန်ကုန်မြို့ရှိ မြို့နယ် ၁၈ မြို့နယ်တွင် မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်

ဓာတ်အားလိုင်းကြိုးများ အသစ်လဲလှယ်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ မြို့နယ် ၁၈ မြို့နယ်တွင် မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သည့် (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်သည့်အတွက် စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် လမ်းမတော်၊ အလုံ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံ (မြောက်)၊ ဒဂုံ (တောင်)၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ လှှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ - ၁၆
ဓာတ်ပုံ - YESC-Call Center

( Zawgyi )


ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သည့် (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်သည့်အတွက် စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် လမ်းမတော်၊ အလုံ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံ (မြောက်)၊ ဒဂုံ (တောင်)၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ - ၁၆